Tuesday 27 August 2013

CDMA 800 MHz တန်ဖိုးနည်း ဖုန်းများတွင် ငွေကျပ် ငါးထောင် အထက် ငွေဖြည့် ကတ်များ ထုတ်လုပ်ခြင်း မပြုတော့ဟုဆို

တန်ဖိုးနည်း CDMA 800 MHz ဖုန်းများတွင် ငွေကျပ်ငါးထောင် အထက် တစ်သောင်းတန် ငွေဖြည့်ကတ် များကို ဝယ်ယူသုံးစွဲသူ နည်းပါး လာ သောကြောင့် ထုတ်လုပ်ခြင်း မပြုတော့ ကြောင်း ICT သတင်းတစ်ရပ် တွင် ဖော်ပြထားကြောင်း သိရသည်။
တစ်သောင်းတန် ငွေဖြည့်ကတ်ကို  ယခုလ အတွင်းမှ စ၍  ထုတ်လုပ်မှု ရပ်ဆိုင်းထားကြောင်း ထိုသို့ ထုတ်လုပ်မှု ရပ်ဆိုင်းရခြင်းမှာ ဖုန်းငွေဖြည့် ကတ် ဈေးကွက်အတွင်း၌ ငါးထောင်တန် ကတ်ကိုသာ အသုံးပြု သူများ နေခြင်းကြောင့် ဖြစ်သည်။ ၁၅ဝဝ တန် တန်ဖိုးနည်း ဖုန်းများချထားပေးရာတွင် ငွေဖြည့်ကတ် ၅ဝဝဝ တန် ထည့်ပါက နှစ်လအတွင်း သတ်မှတ်ငွေ ပြည့်မီ အောင် မသုံးပါက အလိုအလျောက် ၅ဝဝဝ ကုန်သွား မည် ဖြစ်သည်။ တချို့က ၁ဝဝဝဝ တန် ငွေဖြည့်ကတ် ထည့်ထားပါက ထိုသို့ နှစ်လနှင့် ကုန်သွားမည် စိုးသဖြင့် ၅ဝဝဝ တန်ကိုသာ ထည့်သုံးကြကြောင်း သိရသည်။

ငွေကျပ် တစ်သောင်းတန် ငွေဖြည့်ကတ် ထုတ်လုပ်မှု ရပ်ဆိုင်းရခြင်းမှာ CDMA 800 MHz တစ်မျိုးတည်း အတွက်သာဖြစ်ပြီး ကျန်တန်ဖိုးနည်း GSM, CDMA 450 MHz တို့အတွက် မပါဝင်ကြောင်း သိရသည်။

တန်ဖိုးနည်း ငွေကျပ် ၁၅ဝဝ တန် ဖုန်းများချထားပေးမှုကိုလည်း လစဉ်ကန့်သတ်စနစ်ဖြင့် ပုံမှန်ချ ထားပေး သွားမည် ဟုလည်း မြန်မာ့ ဆက်သွယ်ရေးမှ  သတင်း ထုတ်ပြန်ထားသည်။
မြ၀တီ

No comments:

Post a Comment