Tuesday 27 August 2013

ပြည်တွင်း ဆိပ်ကမ်းများသို့ တရားမဝင် တင်သွင်းလာသော ကုန်များကို ထိရောက်စွာ အရေးယူ သွားမည်

ပြည်တွင်း ဆိပ်ကမ်းများသို့ တရားမဝင် တင်သွင်းလာသော ကုန်များကို ထိရောက်စွာ အရေးယူ သွားမည်
ရန်ကုန်မြစ်ကြောင်း တစ်လျှောက်ရှိ ပြည်တွင်းကမ်းရိုးတန်းသွား သင်္ဘောများဆိုက်ကပ်ရာ ဆိပ်ကမ်းများမှ တစ်ဆင့် ကုန်ပစ္စည်းများကို တရားမဝင်တင်သွင်းကုန်သွယ်မှုများ ပြုလုပ်လျက်ရှိရာ ၄င်းတို့ကို  လာမည့် စက်တင်ဘာလမှ စတင်၍ ပြင်းထန်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးအရေးယူရာ၌ ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းကြီး ရှစ်ခုမှလွဲ၍ ရန်ကုန်မြစ်ကြောင်း တစ်လျှောက်ရှိ ပြည်တွင်းနှင့် ကမ်းရိုးတန်းသွား သင်္ဘောဆိပ်ကမ်းများ ဖြစ်သည့် ဘုရင့်နောင် ဆိပ်ကမ်းနယ်မြေ၊ ချောင်းဝဆိပ်ကမ်းနယ်မြေ၊ သာကေတဆိပ်ကမ်းနယ်မြေ စသည်တို့နှင့် ဝါးတန်း၊ ဗားကရာ၊ နန်းသီတာနှင့် ယုဇနအစ ရှိသော ဆိပ်ကမ်းများ၌ စတင်ကာ  စစ်ဆေး ဆောင်ရွက်ခြင်း များ ပြုလုပ်သွားမည် ဖြစ်သည်။ ထို့အပြင် အခြားသော ကျန်ဆိပ်ကမ်း များ၌လည်း တိုးချဲ့ ဆောင်ရွက်သွား မည်ဖြစ်ပြီး တရားမဝင် ကုန်သွယ်မှုများကို တွေ့ရှိပါက ပြင်း ထန်စွာ  အရေး ယူခြင်းများ ဆောင်ရွက်သွား မည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ  တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

''အဲဒီလို တရားမဝင် ကုန်သွယ်နေ ကြတာဟာ နိုင်ငံတော် အတွက်လည်း အများကြီး နစ်နာတယ်။  တရားဝင် ကုန်သွယ်နေကြတဲ့ သူတွေအတွက်လည်း   နစ်နာမှုတွေ ရှိနိုင်ပါတယ်။  ဒါကြောင့်  ထိထိရောက်ရောက် ကို အရေးယူ ဆောင်ရွက်သွားမှာပါ'' ဟု ၄င်းက ရှင်းပြ ခဲ့သည်။

ယခုလက်ရှိတွင် ပညာပေး ကာလအဖြစ်သတ်မှတ်ထားပြီး တရားဝင်တင်သွင်းခွင့်ရှိသော ကုန်ပစ္စည်း များကို တရားမဝင်တင်သွင်းခြင်း ပြုလုပ်လာပါကလည်း ရန်ကုန်မြို့ရှိ စီးပွားရေးနှင့်  ကူးသန်းရောင်း ဝယ်ရေး ရုံးတွင် ပါမစ်ပြန်လျှောက်ကာ တင်သွင်းခွင့် ပြုထားသည်။ ထို့အပြင် ကုန်ပစ္စည်းများကို တရားဝင် တင်သွင်း လိုသူများ အတွက်လည်း ပို့ကုန်၊ သွင်းကုန်ပါမစ် လိုင်စင်များကို ရန်ကုန်မြို့ စီးပွား/ ကူးသန်းရုံး ၌ပင် ထုတ်ပေးလျက်ရှိသည်။ ပညာပေး ကာလကို သြဂုတ် ၃၁ ရက်အထိသာ သတ်မှတ်ထားပြီး  စက်တင်ဘာ ၁ ရက်မှ စတင်ကာ  တရားမဝင် တင်သွင်း ကုန်သွယ်မှုများကို သက်ဆိုင်ရာမှ ထိရောက်စွာ အရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

ဆောင်းဦး
မြ၀တီ

No comments:

Post a Comment