Tuesday 27 August 2013

ဆီးရီးယားသို့ သွားရောက်သည့် ကုလ စုံစမ်း စစ်ဆေးရေး အဖွဲ့ယာဉ်တန်း ချောင်းမြောင်း ပစ်ခတ်ခံရ

ဆီးရီးယားသို့ သွားရောက်သည့် ကုလ စုံစမ်း စစ်ဆေးရေး အဖွဲ့ယာဉ်တန်း ချောင်းမြောင်း ပစ်ခတ်ခံရ
ပြီးခဲ့သည့် သီတင်းပတ်က ဖြစ်ပွားခဲ့သော ဆီးရီးယား နိုင်ငံတွင် ဓာတုလက်နက်ဖြင့် တိုက်ခိုက်မှုနှင့် စပ်လျဉ်း၍ စုံစမ်း စစ်ဆေးရန် အတွက် သွားရောက်ကြသော ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး အဖွဲ့၏ ယာဉ်တန်းမှာ သြဂုတ် ၂၆ရက်တွင် အမည်မသိ သေနတ်သမားများ၏ ချောင်းမြောင်းပစ်ခတ်မှုကို ခံခဲ့ ရကြောင်းနှင့် စုံစမ်းစစ်ဆေးရေး အဖွဲ့ဝင်များအနေဖြင့် ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း ကုလသမဂ္ဂ က ပြောကြားခဲ့သည်။
အဆိုပါ ဓာတုလက်နက် စုံစမ်းစစ်ဆေး ရေးယာဉ်တန်း၏ ပထမဆုံးကားမှာ အမည်မသိသေနတ် သမားများ ၏  စနိုက်ပါများဖြင့် ချောင်း မြောင်းပစ်ခတ်မှုကို အကြိမ်များစွာ ခံခဲ့ရကြောင်း ကုလပြောရေး ဆိုခွင့်ရှိသူ က ပြောကြားခဲ့သည်။ ထိုကဲ့သို့ ပစ်ခတ် ခံရမှုကြောင့် ကားမှာ ပျက်စီး သွားသော်လည်း တစ်စုံတစ်ဦးမျှ ထိခိုက်ဒဏ် ရာ ရရှိခဲ့ခြင်း မရှိကြောင်းနှင့် ၎င်းတို့နေထိုင်ရာ ဟိုတယ်သို့ ချောမွေ့ စွာ ပြန်လာ နိုင်ခဲ့ကြောင်း ၎င်းက ထပ်လောင်း ပြောကြား ခဲ့သည်။

ထို့အပြင် အဆိုပါ စုံစမ်းစစ်ဆေးရေး အဖွဲ့သည် ဓာတု လက်နက်ဖြင့် တိုက်ခိုက်ခြင်း ခံရသည့် ဒမတ်စကပ်မြို့ အနီးမှ ဒုက္ခသည်များနှင့် တွေ့ဆုံ ခဲ့ပြီး ၎င်းတို့ထံမှ နမူနာ သဲလွန်စများကို ရယူခဲ့ကြောင်း သိရသည်။ သြဂုတ် ၂၁ရက်က ဖြစ်ပွား ခဲ့သော ဓာတုလက်နက်ဖြင့် တိုက်ခိုက်ခံရမှုကြောင့် လူပေါင်း  ၃၅၅ ဦး သေဆုံးခဲ့ကြောင်း နယ်စည်းမခြား ဆရာ ဝန်များ အဖွဲ့ က  ပြောကြားခဲ့သည်။             

 မြ၀တီ

No comments:

Post a Comment