Wednesday 28 August 2013

ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း လားရှိုးမြိ့ရေစီးရေလာ ကောင်း မွန်ရေး ကြည့်ရှု စစ်ဆေး

ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း လားရှိုးမြိ့ရေစီးရေလာ ကောင်းမွန်ရေး ကြည့်ရှု စစ်ဆေး …….
ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် လားရှိုးမြို့ပေါ် ရပ်ကွက် များ ရေစီးရေလာ ကောင်း မွန်ရေး  ဆောင်ရွက် ထားရှိမှုအား ယနေ့ မွန်းလွဲပိုင်း တွင် ကြည့်ရှု စစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် လားရှိုးမြို့ မန်ဆူဘုရား အနီး ရပ်ကွက်(၁၂) နယ်မြေ (၁၉)အတွင်း ရေဝပ် ဧရိယာ ဖြစ်ပေါ်နေမှု၊  လားရှိုးကြီး လမ်း ဘေးဝဲ ယာ ရေနုတ်မြောင်း များ ရေစီးရေလာ ကောင်း မွန်ရေး ဆောင်ရွက်ထားမှု၊ ခိုလောင်းချောင်း ဖြတ် သန်း စီးဆင်းရာ ရပ်ကွက်(၁၂)ရှိ လေယာဉ်ကွင်း လမ်းနှင့် ရပ်ကွက် (၁၂)၊ နယ်မြေ(၁၃)ရှိ မိုးလုံ လေလုံလမ်း တို့၌ ရေစီးရေ လာ ကောင်း မွန်ရေး ဆောင်ရွက်ထားမှုတို့ကို ကြည့်ရှု စစ်ဆေးခဲ့ပြီး တာဝန်ရှိ သူများက လုပ်ငန်း ဆောင်ရွက်မှု အခြေ အနေများကို ရှင်းလင်းတင်ပြကြရာ ဒုတိယ သမ္မတက ခိုလောင်းချောင်း မြေကာနံရံ တိုးချဲ့ တည်ဆောက် ရေးနှင့် ရေ စီး ရေ လာ ကောင်းမွန်ရေးအတွက် ပြည်နယ် အစိုးရ အဖွဲ့နှင့် မြို့နယ်ဖွံ့ဖြိုး တိုး တက်ရေး အထောက် အကူ ပြု ကော်မတီတို့ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်သွားကြရန် မှာကြားခဲ့သည်။

ဒုတိယ သမ္မတနှင့် အဖွဲ့ဝင်များသည် လားရှိုးမြို့မှ ညနေ ၃နာရီ တွင် လေကြောင်း ခရီးဖြင့် ထွက်ခွာ ခဲ့ကြရာ ညနေပိုင်း တွင် နေပြည်တော် သို့ ပြန်လည် ရောက်ရှိကြကြောင်း သတင်းရရှိသည်။

မြ၀တီ

No comments:

Post a Comment