Thursday 29 August 2013

ပုဒ်မ ၁၈ ကို ဖျက်သိမ်းဖို့ ဆန္ဒပြတဲ့ ခေါင်းဆောင်တွေ တရားစွဲခံရ

Photo: ပုဒ်မ ၁၈ ကို ဖျက်သိမ်းဖို့ ဆန္ဒပြတဲ့ ခေါင်းဆောင်တွေ တရားစွဲခံရ
Thursday, 29 August 2013

မြန်မာနိုင်ငံက စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ကို ပယ်ဖျတ်ပေးဖို့ မနေ့က ရန်ကုန်မြို့မှာ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ ခေါင်းဆောင် ၇ ဦးကို အာဏာပိုင်တွေက အရေးယူခဲ့တယ်လို့ သိရပါတယ်။

ဆန္ဒပြတဲ့သူတွေဟာ သက်ရာ မြို့နယ် ၇ မြို့နယ်က ခွင့်ပြုချက်မတောင်း
ခံဘဲ ဆန္ဒပြတာ ဖြစ်တဲ့ အတွက် ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။ ဆန္ဒပြသူတွေဟာ ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ကနေ မြို့တော်ခန်းမရှေ့ထိ ခွင့်ပြုချက်မရပဲ လမ်းလျှောက်ဆန္ဒပြတာဖြစ်ကြောင်း၊ ဆန္ဒပြခေါင်းဆောင် ၇ ဦးကို မြို့နယ်မှာ ပါဝင်မှုအလိုက် တရားစွဲဆိုခံရတာဖြစ်တဲ့အကြောင်း တရားစွဲဆိုခံထားရတဲ့ Generation Youth မှ ကိုတင်ထွဋ်ပိုင်က ယခုလိုပြော
ပါတယ်။

“ကျွန်တော်တစ်ယောက်ထဲကိုဘဲ ၇ မြို့နယ်လုံးကဆွဲတာ။ ကျန်တဲ့သူတွေက တစ်ချို့က တစ်မှုပဲပါတယ်။ တစ်ချို့က နှစ်မှုပါတယ်။ တစ်ချို့က ၆ မှုပါတယ်။ စုစုပေါင်း လူ ၇ ယောက်အစ်ကို”

ဆန္ဒပြခေါင်းဆောင်တွေကို သက်ဆိုင်ရာမြို့နယ်တွေဖြစ်ကြတဲ့
ကျောက်တံတားမြို့နယ်၊ ပန်းဘဲတန်းမြို့နယ်၊ လသာမြို့နယ်၊ လမ်းမတော်မြို့နယ်၊ အလုံမြို့နယ်၊ ကြည်မြင့်တိုင်မြို့နယ်နဲ့ စမ်းချောင်းမြို့နယ်တို့က အမှုပေါင်း ၁၉မှုနဲ့ တရားစွဲဆိုထားတာ ဖြစ်
တယ်လို့ဆိုပါတယ်။

တရားစွဲဆိုခံရတဲ့ ဦးဆောင်ဆန္ဒပြသူတွေဟာ Generation Youth အဖွဲ့က ၄ ဦးနဲ့ ဒီမိုကရေစီအင်အားစုအဖွဲ့က ၃ ဦး ဖြစ်ပါတယ်။ တရားစွဲဆိုခံထားရ
သူတွေထဲက နှစ်ဦးကို အာမခံနဲ့ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပြီး လာမယ့် စက်တာဘာလ ၁၂ ရက်နေ့မှာ ကိုတင်ထွဋ်ပိုင်အပါအဝင် အခြား ဆန္ဒပြ ခေါင်းဆောင် ၄ ဦးကို ကျောက်တံတားမြို့နယ် တရားရုံးက စတင်စစ်ဆေးမှာ ဖြစ်ပါတယ်လို့ ဆိုပါတယ်။ တရားစွဲဆိုခံရတာတွေနဲ့ ပက်သက်ပြီး ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားတယ်လို့လည်း ကိုတင်ထွဋ်ပိုင်က ပြောပါတယ်။

“ပြင်ဆင်ထားတာတော့ ကျွန်တော် ရှေ့နေငှားဖို့ လုပ်နေပါတယ်။ ဘယ်လို ရှေ့နေမျိုး ငှားမလဲဆိုတော့ ကျွန်တော်တို့ အမှုကို လိုက်ပေးနိုင်
မယ့် ရှေ့နေမျိုး၊ နောက်ပြီးတော့ အခမဲ့ လိုက်ပေးနိုင်မယ့် ရှေ့နေမျိုးကို ရှာနေပါတယ်”

ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို သမ္မတဦးသိန်းစိန်
လက်ထက်မှာ အတည်ပြုပေးခဲ့တဲ့ ဥပဒေတစ်ခုဖြစ်ပါတယ်။ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ကို ဖျတ်သိမ်းဖို့အတွက် လက်မှတ်ထိုးကန်ပိန်းတွေကိုလည်း တစ်ပါတ်အတွင်း ဆက်လက် လုပ်ဆောင်သွားဖို့ စီစဉ်နေတယ်လို့ ဆန္ဒပြသူတွေကပြောတဲ့အကြောင်း
ရေဒီယိုသြစတြေးလျ သတင်းထောက် စူးရှကနေ သတင်းပေးပို့ထား
တာဖြစ်ပါတယ်။

ABV
 မြန်မာနိုင်ငံက စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ကို ပယ်ဖျတ်ပေးဖို့ မနေ့က ရန်ကုန်မြို့မှာ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ ခေါင်းဆောင် ၇ ဦးကို အာဏာပိုင်တွေက အရေးယူခဲ့တယ်လို့ သိရပါတယ်။
ဆန္ဒပြတဲ့သူတွေဟာ သက်ရာ မြို့နယ် ၇ မြို့နယ်က ခွင့်ပြုချက်မတောင်းခံဘဲ ဆန္ဒပြတာ ဖြစ်တဲ့ အတွက် ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။ ဆန္ဒပြသူတွေဟာ ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ကနေ မြို့တော်ခန်းမရှေ့ထိ ခွင့်ပြုချက်မရပဲ လမ်းလျှောက်ဆန္ဒပြတာဖြစ်ကြောင်း၊ ဆန္ဒပြခေါင်းဆောင် ၇ ဦးကို မြို့နယ်မှာ ပါဝင်မှုအလိုက် တရားစွဲဆိုခံရတာဖြစ်တဲ့အကြောင်း တရားစွဲဆိုခံထားရတဲ့ Generation Youth မှ ကိုတင်ထွဋ်ပိုင်က ယခုလိုပြော
ပါတယ်။

“ကျွန်တော်တစ်ယောက်ထဲကိုဘဲ ၇ မြို့နယ်လုံးကဆွဲတာ။ ကျန်တဲ့သူတွေက တစ်ချို့က တစ်မှုပဲပါတယ်။ တစ်ချို့က နှစ်မှုပါတယ်။ တစ်ချို့က ၆ မှုပါတယ်။ စုစုပေါင်း လူ ၇ ယောက်အစ်ကို”

ဆန္ဒပြခေါင်းဆောင်တွေကို သက်ဆိုင်ရာမြို့နယ်တွေဖြစ်ကြတဲ့ ကျောက်တံတားမြို့နယ်၊ ပန်းဘဲတန်းမြို့ နယ်၊ လသာမြို့နယ်၊ လမ်းမတော်မြို့နယ်၊ အလုံမြို့နယ်၊ ကြည်မြင့်တိုင်မြို့နယ်နဲ့ စမ်းချောင်းမြို့နယ်တို့က အမှုပေါင်း ၁၉မှုနဲ့ တရားစွဲဆိုထားတာ ဖြစ်တယ်လို့ဆိုပါတယ်။

တရားစွဲဆိုခံရတဲ့ ဦးဆောင်ဆန္ဒပြသူတွေဟာ Generation Youth အဖွဲ့က ၄ ဦးနဲ့ ဒီမိုကရေစီ အင်အားစုအဖွဲ့က ၃ ဦး ဖြစ်ပါတယ်။ တရားစွဲဆိုခံထားရ သူတွေထဲက နှစ်ဦးကို အာမခံနဲ့ ပြန် လွှတ်ပေး ခဲ့တယ်လို့ သိရပြီး လာမယ့် စက်တာဘာလ ၁၂ ရက်နေ့မှာ ကိုတင်ထွဋ်ပိုင်အပါအဝင် အခြား ဆန္ဒပြ ခေါင်းဆောင် ၄ ဦးကို ကျောက်တံတားမြို့နယ် တရားရုံးက စတင်စစ်ဆေးမှာ ဖြစ်ပါတယ်လို့ ဆိုပါတယ်။ တရားစွဲဆိုခံရတာတွေနဲ့ ပက်သက်ပြီး ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားတယ်လို့လည်း ကိုတင်ထွဋ်ပိုင်က ပြောပါတယ်။

“ပြင်ဆင်ထားတာတော့ ကျွန်တော် ရှေ့နေငှားဖို့ လုပ်နေပါတယ်။ ဘယ်လို ရှေ့နေမျိုး ငှားမလဲဆိုတော့ ကျွန်တော်တို့ အမှုကို လိုက်ပေးနိုင်မယ့် ရှေ့နေမျိုး၊ နောက်ပြီးတော့ အခမဲ့ လိုက်ပေးနိုင်မယ့် ရှေ့နေမျိုးကို ရှာနေပါတယ်”

ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို သမ္မတဦးသိန်းစိန် လက်ထက်မှာ အတည်ပြုပေးခဲ့တဲ့ ဥပဒေတစ်ခုဖြစ်ပါတယ်။ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ကို ဖျတ်သိမ်းဖို့ အတွက် လက်မှတ်ထိုးကန်ပိန်းတွေကိုလည်း တစ်ပါတ်အတွင်း ဆက်လက် လုပ်ဆောင်သွားဖို့ စီစဉ်နေ တယ်လို့ ဆန္ဒပြသူတွေကပြောတဲ့အကြောင်း ရေဒီယိုသြစတြေးလျ သတင်းထောက် စူးရှကနေ သတင်းပေးပို့ထားတာဖြစ်ပါတယ်။

ABV

No comments:

Post a Comment