Tuesday 27 August 2013

ဘိလပ်မြေ တန် သန်းချီထုတ်မည့် SCG ဘိလပ်မြေစက်ရုံ မော်လမြိုင်တွင် ဆောက်မည်

Photo: ဘိလပ်မြေ တန် သန်းချီထုတ်မည့် SCG ဘိလပ်မြေစက်ရုံ မော်လမြိုင်တွင်
 ဆောက်မည်
Tuesday, August 27, 2013

တစ်နှစ်လျှင် ဘိလပ်မြေတန် ၁ ဒသမ ၈ သန်းကျော် ထွက်မည့် ထိုင်းနိုင်ငံအခြေစိုက် SCG ဘိလပ်မြေ စက်ရုံကို ရေရှည် ထုံးကျောက် ရရှိနိုင်သည့် မော်လမြိုင်မြို့တွင် တည်ဆောက်သွားမည် ဖြစ်ကြောင်း SCG ၏ အမူဆောင် အရာရှိချုပ် ဖြစ်သူ Mr. Kan Trakulhoon က ပြောကြားသည်။

ASEAN ၏ ရှေ့ဆောင် စီးပွားရေးလုပ်ငန်းပေါင်းစု ကော်ပိုရေးရှင်း SCG က မြန်မာနိုင်ငံတွင် သဘာဝ ပတ်ဝန်းကျင် အကျိုး သက်ရောက်မှု နည်းပါးစေမည့် နည်းပညာသုံး ဘိလပ်မြေ စက်ရုံကို တည်ဆောက်သွား မည် ဖြစ်ကြောင်း အဆိုပါ ကော်ပိုရေးရှင်းမှ သြဂုတ်လ ၂၆ ရက်နေ့ တွင် ကြေညာသည်။

ထိုင်းဘတ် သန်း ၁၂,၄၀၀ ခန့် ရင်းနှီး မြှုပ်နှံသွားမည့် ယင်းစီမံကိန်းကို ၂၀၁၆ ခုနှစ် နှစ်လယ်ခန့်တွင် စတင်မည် ဖြစ်ပြီး အဆိုပါ စက်ရုံအတွက် လိုအပ်သော စွမ်းအင်ကို လျှပ်စစ်စွမ်းအင် ၄၀ မဂ္ဂါဝပ် ထုတ်လုပ်ပေးသော
 နောက်ဆုံးပေါ် သန့်ရှင်းသော နည်းပညာသုံး စက်ရုံအပြင် လုပ်ငန်းသုံး ဆိပ်ခံ တံတားများနှင့် ထပ်မံ၍ လုပ်ငန်း ချဲ့ထွင်ရန် လည်း အစီအစဉ် ရှိကြောင်း ယင်း ကြေညာချက်တွင် ဖော်ပြထားသည်။

“ရန်ကုန်ကို ရေလမ်းနဲ့ ပို့မယ်” ဟု SCG ၏ ဥက္ကဋ္ဌလည်းဖြစ်သူ Mr. Kan Trakulhoon က ဆိုသည်။

ဘိလပ်မြေစက်ရုံ ပြည်တွင်းတွင် ဆောက်လုပ်၍ ထုတ်လုပ်ပါက ဘိလပ်မြေ ဈေးနှုန်းများ ထူးထူးခြားခြား အပြောင်းအလဲ ရှိနိုင်မည် မဟုတ်သော်လည်း ဈေးနှုန်း အတက်အကျ အပြောင်းအလဲများ တည်ငြိမ် သွားနိုင်ကြောင်း KIDO ဆောက်လုပ်ရေး လုပ်ငန်းမှ တာဝန်ခံ ဦးကိုလွင်က ပြောကြား သည်။

မြန်မာနိုင်ငံတွင် ဘိလပ်မြေ သုံးစွဲမှုသည် ၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် တန်ပေါင်း ၄ သန်းခန့် ရှိခဲ့ပြီး လာမည့် ငါးနှစ်အတွင်း နှစ်စဉ် ၁၀ ရာခိုင်နှုန်း အထိ တိုးလာစေရန် မျှော်မှန်းထားကြောင်း Mr. Kan Trakulhoon က
 ပြောဆိုထားသည်။

The Voice Weekly
တစ်နှစ်လျှင် ဘိလပ်မြေတန် ၁ ဒသမ ၈ သန်းကျော် ထွက်မည့် ထိုင်းနိုင်ငံအခြေစိုက် SCG ဘိလပ်မြေ စက်ရုံကို ရေရှည် ထုံးကျောက် ရရှိနိုင်သည့် မော်လမြိုင်မြို့တွင် တည်ဆောက်သွားမည် ဖြစ်ကြောင်း SCG ၏ အမူဆောင် အရာရှိချုပ် ဖြစ်သူ Mr. Kan Trakulhoon က ပြောကြားသည်။
ASEAN ၏ ရှေ့ဆောင် စီးပွားရေးလုပ်ငန်းပေါင်းစု ကော်ပိုရေးရှင်း SCG က မြန်မာနိုင်ငံတွင် သဘာဝ ပတ် ဝန်းကျင် အကျိုး သက်ရောက်မှု နည်းပါးစေမည့် နည်းပညာသုံး ဘိလပ်မြေ စက်ရုံကို တည်ဆောက်သွား မည် ဖြစ်ကြောင်း အဆိုပါ ကော်ပိုရေးရှင်းမှ သြဂုတ်လ ၂၆ ရက်နေ့ တွင် ကြေညာသည်။

ထိုင်းဘတ် သန်း ၁၂,၄၀၀ ခန့် ရင်းနှီး မြှုပ်နှံသွားမည့် ယင်းစီမံကိန်းကို ၂၀၁၆ ခုနှစ် နှစ်လယ်ခန့်တွင် စတင်မည်ဖြစ်ပြီး အဆိုပါစက်ရုံအတွက် လိုအပ်သောစွမ်းအင်ကို လျှပ်စစ်စွမ်းအင် ၄၀ မဂ္ဂါဝပ် ထုတ် လုပ်ပေးသော နောက်ဆုံးပေါ် သန့်ရှင်းသောနည်းပညာသုံး စက်ရုံအပြင် လုပ်ငန်းသုံး ဆိပ်ခံ တံတားများနှင့် ထပ်မံ၍ လုပ်ငန်း ချဲ့ထွင်ရန် လည်း အစီအစဉ် ရှိကြောင်း ယင်း ကြေညာချက်တွင် ဖော်ပြထားသည်။

“ရန်ကုန်ကို ရေလမ်းနဲ့ ပို့မယ်” ဟု SCG ၏ ဥက္ကဋ္ဌလည်းဖြစ်သူ Mr. Kan Trakulhoon က ဆိုသည်။

ဘိလပ်မြေစက်ရုံ ပြည်တွင်းတွင် ဆောက်လုပ်၍ ထုတ်လုပ်ပါက ဘိလပ်မြေ ဈေးနှုန်းများ ထူးထူးခြားခြား အပြောင်းအလဲ ရှိနိုင်မည် မဟုတ်သော်လည်း ဈေးနှုန်း အတက်အကျ အပြောင်းအလဲများ တည်ငြိမ် သွားနိုင်ကြောင်း KIDO ဆောက်လုပ်ရေး လုပ်ငန်းမှ တာဝန်ခံ ဦးကိုလွင်က ပြောကြား သည်။

မြန်မာနိုင်ငံတွင် ဘိလပ်မြေ သုံးစွဲမှုသည် ၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် တန်ပေါင်း ၄ သန်းခန့် ရှိခဲ့ပြီး လာမည့် ငါးနှစ်အတွင်း နှစ်စဉ် ၁၀ ရာခိုင်နှုန်း အထိ တိုးလာစေရန် မျှော်မှန်းထားကြောင်း Mr. Kan Trakulhoon က
ပြောဆိုထားသည်။

The Voice Weekly

No comments:

Post a Comment