ခရီးသွားဧည့်များအား မြဝတီနယ်စပ်ဂိတ်မှ ဆိုင်ကယ်စီး၍ တိုက်ရိုက် လည်ပတ်ခွင့်ပြုလိုက်ြ ခင်းကြောင့် ပိုပြီး သွားလာရအဆင်ပြေ လာကြောင်း ခရီးသွားလုပ်ငန်းရှင်များ ထံမှ သိရသည်။
“ မြဝတီ၊ ကော့ကရိတ်၊ ဘားအံလမ်းကြောင်းက လမ်းမကောင်း ဘူး ဆိုပေမယ့်
သွားလို့ ရနေတာ ပေါ့နော်။ မော်လမြိုင်ဘက် ရောက်ရင် လမ်းကောင်းသွားပြီး
သွားရတာ ချောမွေ့တယ်” ဟု All Asia Exclusive မှ ဦးဖြိုးဝေရာဇာက ပြောသည်။
မြဝတီ နယ်စပ်ဂိတ်မှ မြန်မာ ပြည်တွင်းသို့ တိုက်ရိုက်ဝင်ရောက်၍
လည်ပတ်နိုင်ရန်အတွက်ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဌာနမှ ယခုလတွင်
တရားဝင်သွား လာခွင့် ပြုလိုက်ခြင်းဖြစ်ပြီး ယင်းလမ်းကြောင်း မှာ
အမြန်လမ်းပေါ် ချက်ချင်းရောက်၍လုံခြုံရေးလည်းအဆင်ပြေကြောင်း ဇန်နဝါရီ ၂၃
ရက်တွင် ဟိုတယ်/ခရီးဝန်ကြီးနှင့် ခရီးသွားလုပ်ငန်းရှင်များ တွေ့ဆုံ ပွဲတွင်
ပြောသည်။
လက်ရှိတွင် မြဝတီ နယ်စပ် ဂိတ်အပြင် လွိုင်ကော်ဘက်မှလည်း
ဂိတ်ပေါက်ဖွင့်ရန် ဖြစ်နိုင်ခြေရှိပြီး အဆိုပါ ဂိတ်တစ်ပေါက် ထပ်မံဖွင့်
ဖြစ်ပါက လွိုင်ကော်မှ အင်းလေး၊ နေပြည်တော်စသဖြင့် ခရီးစဉ်များသွား လာနိုင်ပြီးဆိုင်ကယ်စီးစွန့်စား၍ ခရီးသွားလိုသူများအတွက် အဆင်ပြေမည့်လမ်းကြောင်းတစ်ခု ဖြစ် လာနိုင်ကြောင်း ဦးဖြိုးဝေ ရာဇာကသုံးသပ်သည်။
“ မြဝတီက အခုဝင်လို့ရပြီ ဆိုတာ နယ်စပ်ဝင်ပေါက် တစ်ခုအဖြစ် သတ်သတ်မှတ်မှတ်လေး ရှိနေပြီ။ လွိုင်ကော်က စဖွင့်ဖို့ ကြိုးစားနေတာဆိုတော့ ဘယ်လိုအခြေအနေ ရှိသေးလဲ ဆိုတာတော့ မသိသေးဘူး” ဟု ၄င်းက ဆက်ပြောသည်။
မြဝတီဂိတ်နှင့် လွိုင်ကော်ဂိတ် နှစ်ခုစလုံးဖွင့်မည်ဆိုပါက
လွိုင်ကော်ဂိတ်မှာလမ်းကောင်းသည့်ဂိတ်ဖြစ် သဖြင့် ဝင်ရလွယ်ကူမည်ဆိုသော်လည်းနိုင်ငံခြား ခရီးသွားများအတွက် ပြည်တွင်းသို့ ဝင်ရောက်ရန် လူ ဝင်မှုကြီးကြပ် ရေးမှလည်းစည်းမျဉ်းများ ဖြေ လျှော့ခြင်း၊ ခွင့်ပြုခြင်းများပြုလုပ် ပေးမည်ဆိုလျှင် လွိုင်ကော် ဂိတ်မှ ဝင်ရောက်ရန် ပိုအဆင်ပြေမည်ဖြစ်ကြောင်း သိရသည်။
မြဝတီဂိတ်မှ ဆိုင်ကယ်စီးခရီးသွားများ ဝင်ရောက်မည်ဆိုပါက မြဝတီမှတစ်ဆင့်
မော်လမြိုင်၊ ကျိုက်ထို၊ ကျိုက်ထီးရိုး၊ပဲခူးနှင့် ဘားအံမြို့များသို့
သွားရောက်လည်ပတ် နိုင်ပြီး လွိုင်ကော်ဂိတ်ဖွင့်မည်ဆိုလျှင် လွိုင်ကော်မှ တစ်ဆင့်ကယားပြည်နယ်သို့ ချိတ်ဆက်သွားလာရန် ခရီးစဉ်သစ်များတိုးချဲ့သွားနိုင် မည် ဖြစ်ကြောင်း သိရသည်။
၂ဝ၁၂ ခုနှစ်တွင် မြန်မာနိုင်ငံ သို့ နယ်စပ်ဂိတ်မှ ဝင်ရောက်လည်ပတ်သူနိုင်ငံခြားသား ဧည့်အရေအတွက် မှာ ၄၅၄၉၄၂ ဦးရှိ ကြောင်း သိရသည်။
Popular Myanmar News Journal
ခရီးသွားဧည့်များအား မြဝတီနယ်စပ်ဂိတ်မှ ဆိုင်ကယ်စီး၍ တိုက်ရိုက် လည်ပတ်ခွင့်ပြုလိုက်ြ
“ မြဝတီ၊ ကော့ကရိတ်၊ ဘားအံလမ်းကြောင်းက လမ်းမကောင်း ဘူး ဆိုပေမယ့် သွားလို့ ရနေတာ ပေါ့နော်။ မော်လမြိုင်ဘက် ရောက်ရင် လမ်းကောင်းသွားပြီး သွားရတာ ချောမွေ့တယ်” ဟု All Asia Exclusive မှ ဦးဖြိုးဝေရာဇာက ပြောသည်။
မြဝတီ နယ်စပ်ဂိတ်မှ မြန်မာ ပြည်တွင်းသို့ တိုက်ရိုက်ဝင်ရောက်၍ လည်ပတ်နိုင်ရန်အတွက်ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဌာနမှ ယခုလတွင် တရားဝင်သွား လာခွင့် ပြုလိုက်ခြင်းဖြစ်ပြီး ယင်းလမ်းကြောင်း မှာ အမြန်လမ်းပေါ် ချက်ချင်းရောက်၍လုံခြုံရေးလည်းအဆင်ပြေကြောင်း ဇန်နဝါရီ ၂၃ ရက်တွင် ဟိုတယ်/ခရီးဝန်ကြီးနှင့် ခရီးသွားလုပ်ငန်းရှင်များ တွေ့ဆုံ ပွဲတွင် ပြောသည်။
လက်ရှိတွင် မြဝတီ နယ်စပ် ဂိတ်အပြင် လွိုင်ကော်ဘက်မှလည်း ဂိတ်ပေါက်ဖွင့်ရန် ဖြစ်နိုင်ခြေရှိပြီး အဆိုပါ ဂိတ်တစ်ပေါက် ထပ်မံဖွင့် ဖြစ်ပါက လွိုင်ကော်မှ အင်းလေး၊ နေပြည်တော်စသဖြင့် ခရီးစဉ်များသွား လာနိုင်ပြီးဆိုင်ကယ်စီးစွန့်စား၍ ခရီးသွားလိုသူများအတွက် အဆင်ပြေမည့်လမ်းကြောင်းတစ်ခု ဖြစ် လာနိုင်ကြောင်း ဦးဖြိုးဝေ ရာဇာကသုံးသပ်သည်။
“ မြဝတီက အခုဝင်လို့ရပြီ ဆိုတာ နယ်စပ်ဝင်ပေါက် တစ်ခုအဖြစ် သတ်သတ်မှတ်မှတ်လေး ရှိနေပြီ။ လွိုင်ကော်က စဖွင့်ဖို့ ကြိုးစားနေတာဆိုတော့ ဘယ်လိုအခြေအနေ ရှိသေးလဲ ဆိုတာတော့ မသိသေးဘူး” ဟု ၄င်းက ဆက်ပြောသည်။
မြဝတီဂိတ်နှင့် လွိုင်ကော်ဂိတ် နှစ်ခုစလုံးဖွင့်မည်ဆိုပါက လွိုင်ကော်ဂိတ်မှာလမ်းကောင်းသည့်ဂိတ်ဖြစ် သဖြင့် ဝင်ရလွယ်ကူမည်ဆိုသော်လည်းနိုင်ငံခြား ခရီးသွားများအတွက် ပြည်တွင်းသို့ ဝင်ရောက်ရန် လူ ဝင်မှုကြီးကြပ် ရေးမှလည်းစည်းမျဉ်းများ ဖြေ လျှော့ခြင်း၊ ခွင့်ပြုခြင်းများပြုလုပ် ပေးမည်ဆိုလျှင် လွိုင်ကော် ဂိတ်မှ ဝင်ရောက်ရန် ပိုအဆင်ပြေမည်ဖြစ်ကြောင်း သိရသည်။
မြဝတီဂိတ်မှ ဆိုင်ကယ်စီးခရီးသွားများ ဝင်ရောက်မည်ဆိုပါက မြဝတီမှတစ်ဆင့် မော်လမြိုင်၊ ကျိုက်ထို၊ ကျိုက်ထီးရိုး၊ပဲခူးနှင့် ဘားအံမြို့များသို့ သွားရောက်လည်ပတ် နိုင်ပြီး လွိုင်ကော်ဂိတ်ဖွင့်မည်ဆိုလျှင်
၂ဝ၁၂ ခုနှစ်တွင် မြန်မာနိုင်ငံ သို့ နယ်စပ်ဂိတ်မှ ဝင်ရောက်လည်ပတ်သူနိုင်ငံခြားသား ဧည့်အရေအတွက် မှာ ၄၅၄၉၄၂ ဦးရှိ ကြောင်း သိရသည်။
Popular Myanmar News Journal
No comments:
Post a Comment