Thursday 31 January 2013

ဗြောင်လိမ်ဗြောင်စား တရုတ်နှင့် ကျွန်တော်သိသမျှ ၎င်းတို့၏ တပည့်များအကြောင်း

Photo: ဗြောင်လိမ်ဗြောင်စား တရုတ်နှင့် ကျွန်တော်သိသမျှ ၎င်းတို့၏ တပည့်များအကြောင်း
Thursday January 31, 2013

ကချင်စစ်ပွဲအတွင်း ယခုရက်ပိုင်းတွင် Internet တွင်တွေ့ရှိလာရသည့်
သတင်းများ၊ ဓာတ်ပုံများနှင့်ပတ်သက်ပြီး ဤစာအားရေးသား
ရခြင်းဖြစ်ပါတယ်။

အစိုးရတပ်နှင့် KIA စစ်ပွဲဖြစ်ပွားတဲ့နေရာမှ KIA အဖွဲ့က ပြည်တွင်းပြည်ပ မီဒီယာအဖွဲ့တွေကို လိုင်ဇာကိုဖိတ်ခေါ်ပြီး KIA တပ်ဖွဲ့တွေရဲ့လှုပ်ရှားမှု
တွေကို ဓာတ်ပုံမှတ်တမ်းတင်ရိုက်ကူးပြီး ကမ္ဘာကိုပြသခဲ့တာကို
တွေ့ရပါတယ်။

ဒီနေရာမှာ ကျွန်တော်တို့သတိထားမိတာကတော့ KIA သူပုန်လို့ခေါ်တဲ့ KIA သောင်းကျန်းသူတွေဟာ ယခုနောက်ပိုင်း ခေတ်မီစစ်လက်နက်
ပစ္စည်းတွေကိုအသုံးပြုလာကြတာကို ပြည်တွင်း ပြည်ပ Media တွေက
တစ်ဆင့်တွေ့မြင်လာရပါတယ်။

အသစ်စက်စက် ကျည်ကာဦးထုပ်တွေ၊ ကျည်ကာအင်္ကျီတွေ၊
လေယာဉ်ပစ်သေနတ်တွေဟာ မိုးပေါ်ကကျလာတာတော့မဟုတ်ပါဘူး။ ကမ္ဘာပေါ်မှာ အဆင့်အမြင့်ဆုံးသူပုန်လို့ ပြောလို့ရအောင်ကိုမှ KIA အဖွဲ့တွေပြည့်စုံနေပါတယ်။

အချို့နိုင်ငံကစစ်တပ်တွေတောင် မတပ်ဆင်ပေးနိုင်တဲ့ ကျည် ကာအင်္ကျီတွေ၊ ကျည်ကာဦးထုပ်တွေအသုံးပြုနိုင်တာ ဒါတွေကို ဘယ်ကရတာလဲဆိုတာ စဉ်းစားစရာပါ။

ကျွန်တော်တို့ရဲ့ ၈၈ ကျောင်းသားခေါင်းဆောင်ကြီး ကိုမြအေး လိုင်ဇာကိုရောက်တုန်းက KIA တပ်ဖွဲ့ဝင်တွေ ကိုင် ဆောင်ထားတဲ့ လက်နက်တွေနဲ့ အသုံးပြုသောခဲယမ်းများအားလုံး တရုတ်စစ်တပ်က
သုံးတဲ့လက်နက်ခဲယမ်းတွေနဲ့ အတူတူပဲဖြစ်ပါတယ်။

ဒါ့အပြင် သူက လိုင်ဇာကို ဒုတိယအကြိမ်ရောက်တဲ့အချိန်မှာ KIA အဖွဲ့တွေဟာ လက်နက် အသစ်တွေ ကိုင်ဆောင်ထားပြီး ကျည်ကာအင်္ကျီ နဲ့ ကျည်ကာဦးထုပ်တွေကို အသုံးပြုနေတာကို တွေ့ရတယ်လို့ သတင်းစာ ရှင်းလင်းပွဲတစ်ခုမှာ ပြောဆိုသွားပါတယ်။

Internet သတင်းဓာတ်ပုံများမှာ တွေ့ရှိရတဲ့အစိုးရတပ်များမှ KIA ထံက သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ၊ လက်ပစ်ဗုံးများ၊ မိုင်းများ
အားလုံးမှာ တရုတ်နိုင်ငံမှ ထုတ်လုပ်သောပစ္စည်းများဖြစ်ပါတယ်။
တရုတ်တို့အနေဖြင့် ယခုအစိုးရသစ်တက်ပြီးနောက်ပိုင်းမှာ UWSA အဖွဲ့နှင့် KIA အဖွဲ့တို့ကို လက်နက်ခဲယမ်းများကို ထောက်ပံ့ပေးလာကြောင်း၊ ၂၀၁၂ ခုနှစ်ထုတ် James Intelligence Review စာစောင်တွင် ဖော်ပြထားပါတယ်။

၎င်း စာစောင်မှာ တရုတ်တို့မှ UWSA အဖွဲ့အား သံချပ်ကာကားများ၊ ပုခုံးထမ်းလေယာဉ်ပစ်လက်နက်များအား ရောင်းချ ပေးခဲ့ကြောင်း ဖော်ပြထားပါတယ်။ ၎င်းကိစ္စနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံမှ ငြင်းဆိုထားသော်လည်း Internet သတင်းမှာ တရုတ်သံချပ်ကာကားများနဲ့ “၀”စစ်သားများ
ဓာတ်ပုံများ ပျံ့နှံ့နေတာကိုတွေ့မြင်နေရပါတယ်။

တရုတ်တို့အနေနဲ့ မြန်မာနယ်စပ်ရှိ တိုင်းရင်းသားသူပုန်များကို လက်နက်ထောက်ပံ့မှုမှာ ယခုအချိန်မှသာမဟုတ်ဘဲ ၂၀၀၄၊ ၂၀၀၅ ခုနှစ်ကတည်းကစပြီးတော့ ကိုးကန့်ဒေသမှာ လက်နက်စက်ရုံများကို တရုတ်တို့အကူအညီနဲ့ တည် ဆောက်ပေးခဲ့တယ်ဆိုတာ အားလုံး
သိပြီးသားဖြစ်မှာပါ။

မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းစမှာ နိုင်ငံတကာမှ အံ့အားသင့်လောက်အောင် အပေါင်းလက္ခဏာ တိုးတက်မှုများ
တွေ့မြင်နေရပေမယ့် အနုတ်လက္ခဏာလို့ဆိုရမယ့် ပြဿနာအခက်
အခဲများကိုလည်း တွေ့ရှိရပါ တယ်။

ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခ၊ လက်ပံတောင်းတောင်ကိစ္စနှင့် ကချင်ပြည်နယ်အတွင်း KIA နှင့် တပ်မတော် တို့၏ စစ်ရေးကိစ္စရပ်များဟာ ဆက်တိုက်ဆိုသလိုဖြစ်နေတဲ့အတွက် ၎င်းဖြစ်စဉ်ဖြစ်ရပ်များ၏
နောက်ကွယ်မှာ တရားခံမည်သူဖြစ်သည်ကို ရှာနေစရာမလိုဘဲ သာဓကတွေကိုကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။

တရုတ်နိုင်ငံဟာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးလို့ အော်နေပေမယ့် ၎င်းတို့၏ကိုယ်ကျိုးစီးပွားအတွက် ကျွန်တော်တို့ နိုင်ငံကိုပင် စစ်ရေး၊
နိုင်ငံရေးမတည်မငြိမ်ဖြစ်ရန် နောက်ကွယ်မှ ကြိုးကိုင်မှုများပြုလုပ်
လာကြောင်း သက်သေအထောက်အထား များစွာ တွေ့ရှိရပါတယ်။

ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး မြန်မာအစိုးရနဲ့ စစ်တပ်က ထုတ်ဖော်ပြောဆိုတာ ခုချိန်ထိမရှိဘူး ဆိုတာက ကျေးဇူးခံကျေးဇူးစားတွေ ရှိနေလို့သာ အားနာနေလို့လားမသိပါဘူး။

တရုတ်ဗဟိုအစိုးရအနေနဲ့လည်း တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးဟာ အလွန်ကောင်းမွန်နေတယ်လို့ ဗန်းပြဆက် ဆံနေသော်လည်း ယူနန်ပြည်နယ်အစိုးရက တရုတ်ကုန်သည်ပွဲစားများရဲ့ လွှမ်းမိုးမှုကို အကာအကွယ်ယူပြီး တရုတ် -မြန်မာနယ်စပ်ဒေသရှိ တိုင်းရင်းသား
လက်နက်ကိုင်အဖွဲ့အစည်းများကို စစ်ရေးဖြင့် ကူညီမှု စနစ်တကျ
ဆောင်ရွက် လာကြောင်း တွေ့ရှိရပါတယ်။

အထက်ပါများကို ခြုံ၍သုံးသပ်ရလျှင် ရန်ကုန်မြို့ရှိ တရုတ်သံရုံးမှ ထုတ်ပြန်ကြေညာချက်တွင် ပါဝင်သည့် မြန်မာ နိုင်ငံရှိ လက်နက်ကိုင်
အဖွဲ့များအား လက်နက်များထောက်ပံ့ပေးခြင်းမရှိပါဟူသော
ကြေညာချက်သည် ဗြောင်လိမ် ဗြောင်စားလုပ်ရပ်တစ်ခုသာ ဖြစ်နေသဖြင့် ၎င်းထုတ်ပြန်ချက်အပေါ်ဖြေရှင်းမှုအသစ်တစ်ရပ်လိုအပ်နေကြောင်းကို ပြည်တွင်း၊ ပြည်ပရှိ အမှန်တရားကို လိုလားသူများမှ စောင့်ဆိုင်းတောင်းဆို
နေသည်မှာ ဧကန်မလွဲဖြစ်နေကြောင်း ပြောလိုက်ပါရစေ။

၈၈ကျာင်းသားဟောင်းတစ်ဦး

Irrwaddy ကချင်စစ်ပွဲအတွင်း ယခုရက်ပိုင်းတွင် Internet တွင်တွေ့ရှိလာရသည့်
သတင်းများ၊ ဓာတ်ပုံများနှင့်ပတ်သက်ပြီး ဤစာအားရေးသား ရခြင်းဖြစ် ပါတယ်။အစိုးရတပ်နှင့် KIA စစ်ပွဲဖြစ်ပွားတဲ့နေရာမှ KIA အဖွဲ့က ပြည် တွင်းပြည်ပ မီဒီယာအဖွဲ့တွေကို လိုင်ဇာကိုဖိတ်ခေါ်ပြီး KIA တပ်ဖွဲ့တွေ ရဲ့လှုပ်ရှားမှုတွေကို ဓာတ်ပုံမှတ်တမ်းတင်ရိုက်ကူးပြီး ကမ္ဘာကိုပြသ ခဲ့တာကိုတွေ့ရပါတယ်။

ဒီနေရာမှာ ကျွန်တော်တို့သတိထားမိတာကတော့ KIA သူပုန်လို့ခေါ်တဲ့ KIA သောင်းကျန်းသူတွေဟာ ယခုနောက်ပိုင်း ခေတ်မီစစ်လက်နက်ပစ္စည်းတွေကိုအသုံးပြုလာကြတာကို ပြည်တွင်း ပြည်ပ Media တွေ ကတစ်ဆင့်တွေ့မြင်လာရပါတယ်။

အသစ်စက်စက် ကျည်ကာဦးထုပ်တွေ၊ ကျည်ကာအင်္ကျီတွေ၊လေယာဉ်ပစ်သေနတ်တွေဟာ မိုးပေါ်က ကျလာတာတော့မဟုတ်ပါဘူး။ ကမ္ဘာပေါ်မှာ အဆင့်အမြင့်ဆုံးသူပုန်လို့ ပြောလို့ရအောင်ကိုမှ KIA အဖွဲ့ တွေပြည့်စုံနေပါတယ်။

အချို့နိုင်ငံကစစ်တပ်တွေတောင် မတပ်ဆင်ပေးနိုင်တဲ့ ကျည် ကာအင်္ကျီတွေ၊ ကျည်ကာဦးထုပ်တွေ အသုံးပြုနိုင်တာ ဒါတွေကို ဘယ်ကရတာလဲဆိုတာ စဉ်းစားစရာပါ။

ကျွန်တော်တို့ရဲ့ ၈၈ ကျောင်းသားခေါင်းဆောင်ကြီး ကိုမြအေး လိုင်ဇာကိုရောက်တုန်းက KIA တပ်ဖွဲ့ဝင်တွေ ကိုင် ဆောင်ထားတဲ့ လက်နက်တွေနဲ့ အသုံးပြုသောခဲယမ်းများအားလုံး တရုတ်စစ်တပ်က
သုံးတဲ့လက်နက်ခဲယမ်းတွေနဲ့ အတူတူပဲဖြစ်ပါတယ်။

ဒါ့အပြင် သူက လိုင်ဇာကို ဒုတိယအကြိမ်ရောက်တဲ့အချိန်မှာ KIA အဖွဲ့တွေဟာ လက်နက် အသစ်တွေ ကိုင်ဆောင်ထားပြီး ကျည်ကာအင်္ကျီနဲ့ ကျည်ကာဦးထုပ်တွေကို အသုံးပြုနေတာကို တွေ့ရတယ်လို့ သတင်းစာ ရှင်းလင်းပွဲတစ်ခုမှာ ပြောဆိုသွားပါတယ်။

Internet သတင်းဓာတ်ပုံများမှာ တွေ့ရှိရတဲ့အစိုးရတပ်များမှ KIA ထံက သိမ်းဆည်းရမိသည့် လက်နက် ခဲယမ်းများ၊ လက်ပစ်ဗုံးများ၊ မိုင်းများအားလုံးမှာ တရုတ်နိုင်ငံမှ ထုတ်လုပ်သောပစ္စည်းများဖြစ်ပါ တယ်။
တရုတ်တို့အနေဖြင့် ယခုအစိုးရသစ်တက်ပြီးနောက်ပိုင်းမှာ UWSA အဖွဲ့နှင့် KIA အဖွဲ့တို့ကို လက်နက် ခဲယမ်းများကို ထောက်ပံ့ပေးလာကြောင်း၊ ၂၀၁၂ ခုနှစ်ထုတ် James Intelligence Review စာစောင် တွင် ဖော်ပြထားပါတယ်။

၎င်း စာစောင်မှာ တရုတ်တို့မှ UWSA အဖွဲ့အား သံချပ်ကာကားများ၊ ပုခုံးထမ်းလေယာဉ်ပစ် လက်နက် များအား ရောင်းချ ပေးခဲ့ကြောင်း ဖော်ပြထားပါတယ်။ ၎င်းကိစ္စနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံ မှ ငြင်းဆို ထားသော်လည်း Internet သတင်းမှာ တရုတ်သံချပ်ကာကားများနဲ့ “၀”စစ်သားများဓာတ်ပုံများ ပျံ့နှံ့ နေ တာကိုတွေ့မြင်နေရပါတယ်။

တရုတ်တို့အနေနဲ့ မြန်မာနယ်စပ်ရှိ တိုင်းရင်းသားသူပုန်များကို လက်နက်ထောက်ပံ့မှုမှာ ယခုအချိန်မှ သာမဟုတ်ဘဲ ၂၀၀၄၊ ၂၀၀၅ ခုနှစ်ကတည်းကစပြီးတော့ ကိုးကန့်ဒေသမှာ လက်နက်စက်ရုံများကို တရုတ် တို့အကူအညီနဲ့ တည် ဆောက်ပေးခဲ့တယ်ဆိုတာ အားလုံးသိပြီးသားဖြစ်မှာပါ။

မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းစမှာ နိုင်ငံတကာမှ အံ့အားသင့်လောက်အောင် အပေါင်း လက္ခဏာ တိုးတက်မှုများတွေ့မြင်နေရပေမယ့် အနုတ်လက္ခဏာလို့ဆိုရမယ့် ပြဿနာအခက် အခဲများ ကို လည်း တွေ့ ရှိရပါ တယ်။

ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခ၊ လက်ပံတောင်းတောင်ကိစ္စနှင့် ကချင်ပြည်နယ်အတွင်း KIA နှင့် တပ်မတော်တို့၏ စစ်ရေးကိစ္စရပ်များဟာ ဆက်တိုက်ဆိုသလိုဖြစ်နေတဲ့အတွက် ၎င်းဖြစ်စဉ်ဖြစ်ရပ် များ ၏နောက် ကွယ်မှာ တရားခံမည်သူဖြစ်သည်ကို ရှာနေစရာမလိုဘဲ သာဓကတွေကိုကြည့်ခြင်းအားဖြင့် သိနိုင်ပါ တယ်။

တရုတ်နိုင်ငံဟာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးလို့ အော်နေပေမယ့် ၎င်းတို့၏ကိုယ်ကျိုးစီးပွားအတွက် ကျွန်တော်တို့ နိုင်ငံကိုပင် စစ်ရေး၊နိုင်ငံရေးမတည်မငြိမ်ဖြစ်ရန် နောက်ကွယ်မှ ကြိုးကိုင်မှုများပြုလုပ် လာကြောင်း သက်သေအထောက်အထား များစွာ တွေ့ရှိရပါတယ်။

ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး မြန်မာအစိုးရနဲ့ စစ်တပ်က ထုတ်ဖော်ပြောဆိုတာ ခုချိန်ထိမရှိဘူး ဆိုတာ က ကျေးဇူး ခံကျေးဇူးစားတွေ ရှိနေလို့သာ အားနာနေလို့လားမသိပါဘူး။

တရုတ်ဗဟိုအစိုးရအနေနဲ့လည်း တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးဟာ အလွန်ကောင်းမွန်နေတယ်လို့ ဗန်းပြဆက် ဆံနေသော်လည်း ယူနန်ပြည်နယ်အစိုးရက တရုတ်ကုန်သည်ပွဲစားများရဲ့ လွှမ်းမိုးမှုကို အကာ အကွယ်ယူပြီး တရုတ် -မြန်မာနယ်စပ်ဒေသရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို စစ်ရေးဖြင့် ကူညီမှု စနစ်တကျဆောင်ရွက် လာကြောင်း တွေ့ရှိရပါတယ်။

အထက်ပါများကိုခြုံ၍သုံးသပ်ရလျှင် ရန်ကုန်မြို့ရှိ တရုတ်သံရုံးမှထုတ်ပြန်ကြေညာချက်တွင် ပါဝင် သည့် မြန်မာ နိုင်ငံရှိ လက်နက်ကိုင်အဖွဲ့များအား လက်နက်များထောက်ပံ့ပေးခြင်းမရှိပါ ဟူသော ကြေညာ ချက်သည် ဗြောင်လိမ် ဗြောင်စားလုပ်ရပ်တစ်ခုသာ ဖြစ်နေသဖြင့် ၎င်းထုတ်ပြန်ချက်အပေါ်ဖြေ ရှင်းမှု အသစ်တစ်ရပ်လိုအပ်နေကြောင်းကို ပြည်တွင်း၊ ပြည်ပရှိ အမှန်တရားကိုလိုလားသူများမှ စောင့် ဆိုင်းတောင်းဆိုနေသည်မှာ ဧကန်မလွဲဖြစ်နေကြောင်း ပြောလိုက်ပါရစေ။

၈၈ကျာင်းသားဟောင်းတစ်ဦး

Irrwaddy

No comments:

Post a Comment