Tuesday 29 January 2013

ကေအိုင်အေတို့၏ ခံစစ်စခန်းများကို မြန်မာ့တပ်မတော် ဘယ်လို တိုက်ခဲ့သလဲ


မြန်မာ့ တပ်မတော်သားများအဖို့ စခန်းသိမ်းတိုက်ပွဲဆိုသည်နှင့် အရင် ဆုံး ပြန်လည် မြင်ယောင်ကြသည်မှာ ထိုင်း-မြန်မာ နယ်စပ်တွင် အိုမီဂါပုံ ၊ သို့မဟုတ် ပုလင်းခွံတစ်လုံးပုံကဲ့သို့ အ၀င်တစ်ပေါက်သာရှိသည့် စခန်းများ ကို သိမ်းယူနိုင်ခဲ့သည့် တိုက်ပွဲများပင်ဖြစ်သည်။ အဆိုပါစခန်းများ သည် နိုင်ငံခြားသားများ၏ အကူအညီဖြင့် တည်ဆောက်ခဲ့ပြီး
ဘယ်တော့မှ မဆုံးရှုံးနိုင်ဟု ယုံကြည်ခဲ့သည့် ခံစစ်စခန်းများ ဖြစ်သည်။ အိမ်နီးချင်း ထိုင်းနိုင်ငံ၏ ပြင်းထန်စွာ ကန့်ကွက်မှုကြောင့် လက်နက်ကြီး ကျည် တစ်ချက်ကျရောက်ခွင့်မရှိ။ ဘေးဘယ်ညာမှပစ်မည်ဆိုရင်လည်း ထိုင်း နယ်နိမိတ်ကို ကျော်ပြီးပစ်ရမည် ဖြစ်သည့်အတွက်မဖြစ်နိုင်။ ထိုမျှခက်ခဲသော ခံစစ်စခန်းအား မြန်မာ့ တပ်မတော်မှသိမ်းယူကာ ကရင်ပြည်နယ်အတွင်း ငြိမ်းချမ်းမှုကိုတည် ဆောက် နိုင်ခဲ့သည်။


ယနေ့ ကေအိုင်အေတို့၏ခံစစ်စခန်းများဆိုသည်မှာ ထိုခံစစ်၏အပုံ ၁၀၀ ပုံ ၁ ပုံမျှမရှိ။ သစ်ပင်ကြီးမှန်သမျှ တစ်ဖက်နိုင်ငံသို့ ခိုးထုတ်ရောင်းချသဖြင့် ဘန်ကာများ ပြုလုပ်ရန်အတွက် ခိုင်ခံ့သည့်သစ်လုံးကြီးများအသုံး မပြုနိုင်။ထို့အတွက် ရွှေဥာဏ်တော်စူးရောက်ကြသော ကေအိုင်အေများမှတိုင်ကီများကို ဘေမှ ဒေါင်လိုက် ၂ ခြမ်းဖြတ်ကာ မြေကြီးထည့်ပြီးခံကတုတ် ပြင်ကြသည်။ မိုးလုံ၍ကျည်မလုံသောခံကတုတ် ဘန်ကာများ ပင် ဖြစ်သည်။

အစောပိုင်းကာလများတွင် ကေအိုင်အေတို့မှ မြန်မာ့တပ်မတော်၏ စစ်ကြောင်းများကို ကြားဖြတ် တိုက်ခိုက် သည့် အချိန်တွင်အဆိုပါ ခံစစ်စခန်းများမှ တိုက်ရိုက်ပစ်ကူပေးခဲ့ကြသည်။ အကြိမ်ကြိမ်ထိခိုက်ကျဆုံးမှု များ ဖြစ်လာချိန်တွင်တော့ မြန်မာ့တပ်မတော်သားတို့ ကိုယ့်ကိုကိုယ် ခုခံကာကွယ်ကြရတော့သည်။

သို့သော် ခံစစ်စခန်းများအားသိမ်းယူရန်အစီအစဉ်မရှိ။ မိမိကိုယ်မိမိ ခုခံကာကွယ်ခြင်းမှအပပစ်ခတ်မှုများ မပြုရဆိုသည့် အမိန့်များ ကြောင့်သတိဖြင့်သွားလာလှုပ်ရှားကာတာဝန်ကိုထမ်းဆောင်ခဲ့ကြသည်။ ထိုအခြေ အနေကို အခွင့်ကောင်းယူ၍တပ်မတော်စစ်ကြောင်းများအား အင်အား အဆမတန်ဖြင့် ခြုံခိုတိုက်ခိုက်ခြင်း၊ ပတ်ဝန်းကျင် တောင်ကုန်းများပေါ်မှ မြန်မာ့တပ်မတော်၏သွားလာလှုပ်ရှားမှုများကို အလွယ် တကူ တွေ့  မြင်ရ ခြင်း၊ လက်နက်ကြီးများ ဖောဖောသီသီ အသုံးပြု တိုက်ခိုက်လာခြင်းတို့ကြောင့် တာဝန်ရှိသူများမှ အဆင့်ဆင့်တင်ပြကာ ခံစစ်စခန်းများအားသိမ်းပိုက်စိုးမိုးရန် တင်ပြခဲ့သည်။ သို့သော် ကေအိုင်အိုထံသို့ အကြောင်းကြားပါ။ ငြိမ်းချမ်းရေးကို မပျက်ပါစေနှင့်ဆိုသော အထက်မှညွှန်ကြားချက်များ ပေးခဲ့သည်ဟု သိရသည်။ ကေအိုင်အေမှလက်မခံနိုင်ကြောင်း ငြင်းဆန်ခဲ့ပြီးနောက် ဒေသခံများ နေထိုင်သည့် ကျေးရွာ များ၊ ဒေသခံပြည်သူများအား လုံးဝထိခိုက်မှုမရှိစေရဆိုသည့် ပြင်းထန်သည့်ကန့်သတ်မှုဖြင့် ခံစစ်စခန်းများ အား အကန့်အသတ်ဖြင့် တိုက်ခိုက်သိမ်းပိုက်ရန် ညွှန်ကြားချက်ရရှိခဲ့သည်။
စခန်းသိမ်းတိုက်ပွဲများ၏ သဘောသဘာဝအရ ခြေလျင်၊ အမြောက်ပူးပေါင်းစစ်ဆင်ကြသည်။ ၁၂၀ မမ လက်နက်ကြီးများဖြင့် ရန်သူကိုဦးနှိမ်ပစ်ခတ်ကြသည်။ ထို ၁၂၀ မမ ဆိုသည်မှာ သစ်လုံးဘန်ကာအတွင်းမှ ပင် ထွက်ပြေးရလောက်သည်အထိ ထိခိုက်မှုအား ပြင်းထန်သည်။ ထို့ကြောင့် ကေအိုင်အေတို့မခံနိုင်။ ၁၂၀ ပစ်သည်နှင့် ထိုစခန်းသည်အလိုအလျောက်ကျဆုံးပြီး ဖြစ်သည်။ အခိုင်အမာခံကတုတ်များ မရှိသည့် အတွက် တပ်မတော်၏လက်နက်ကြီး ဒဏ်ကိုမခံနိုင်ကြ။ သို့သော် ကေအိုင်အေတို့မှတပ်မတော်မှဓာတု လက်နက်များ၊ ကလတ်စတာဗုံးများအသုံးပြုသည် ဆိုကာ ပြည်ပအသံလွှင့်ဌာနများမှ အသံလွှင့်ကြသည့် အခါ နိုင်ငံ ရေးအရ ၁၂၀ မမ အစား ၈၀ မမ ပြောင်းသုံးရန် ညွှန်ကြားခဲ့သည်။

ထိုအပြောင်းအလဲမှစ၍ ကေအိုင်အေတို့ အသံပြန်ထွက်လာခဲ့ကြသည်။ တပ်မတော်မှ ပစ်ခတ်ချိန်တွင် ပုန်း အောင်း နေပြီး ခြေလျင်တပ်များ စတင်တက်ရောက်သည်နှင့် လက်နက်ကြီးများ သုံးကာ တန်ပြန် တိုက်စစ်ဆင်ကြသည်။ ထိုသည်နှင့် တစ်ပြိုက်နက်အခြားအဖွဲ့များမှ ထိုအဖွဲ့များကို အထောက် အကူ ပေးမည့် တပ်ဖွဲ့များအား ဖြတ်တောက်တိုက်ခိုက်သည်။ ထိုသို့သော နေ့စွဲမှတိုက်ပွဲများတွင် ရန်သူ့ စခန်း ခြံစည်းရိုး၌ ကျဆုံးကျန်ရစ်ခဲ့သည့် စစ်သည်များစွာ ရှိခဲ့သည်။ တိုက်ပွဲအရှိန်ကျချိန်တွင် အဆိုပါ ရန်သူ့စခန်းကုန်းပေါ် ကြည့်ပါ က သေဆုံးနေသည့်စစ်သည်များ၊ ဆဲဆို အော်ဟစ်နေသည့် ကေအိုင်အေ များ၊ ထမီကို လှန်ပြ စိန်ခေါ်နေသော ကေအိုင်အေ အမျိုးသမီးများ ကို မြင်တွေ့ ရမည် ဖြစ်သည်။

ထို့နောက်ပိုင်းတွင်တော့ တပ်မတော်(လေ)နှင့် ပူးပေါင်းစစ်ဆင်ခဲ့ရာ ကေအိုင်အေတို့ နလံ မထူနိုင်ကြတော့ ပါ။ တပ်မတော်(လေ)၊ အမြောက်တပ်၊ ခြေလျင် ပူးပေါင်းစစ်ဆင်မှုဖြင့် စခန်းများအားတစ်ခုပြီးတစ်ခု အချိန်တို အတွင်း သိမ်းပိုက် စိုးမိုးနိုင်ခဲ့သည်။နည်းဗျူဟာ ပြောင်မြောက်မှုနှင့် ရဲဝံ့စွံ့စားမှုအရှိဆုံး တိုက်ပွဲ မှာ ခါယာတိုက်ပွဲပင် ဖြစ်သည်။

ခါယာတောင် ကြောမှာလည်း ကေအိုင်အေတို့ နောက်ဆုံးခံတပ် ဖြစ်သည်နှင့်အမျှ ထိရောက်သော ပြင် ဆင်မှုများ ပြုလုပ်ထားကြသည်။ မျက်နှာစာများတစ်လျှောက်သည် သတ်ကွင်းသာ ဖြစ် သည်။ လေကြောင်းနှင့် လက်နက်ကြီး ပစ်ကူသာအတိအကျရပါက အလွယ်တကူသိမ်းပိုက်နိုင်သော် လည်း လိုင်ဇာအနီးသို့ ကပ်နေခြင်း၊ ပစ်ခတ်မှုများ ကြောင့် ဘေးထွက်ဆိုးကျိုးများရှိနေခြင်းတို့ကြောင့် ရဲစွမ်းသတ္တိပြ တိုက်ပွဲဆင်နွှဲခဲ့ကြရသည်။

ရန်သူ မျှော်လင့်ထားသည့် လမ်းကြောင်း ဖြစ်သော မျက်နှာစာမှ သွေဖယ် ကာ ရန်သူ မမျှော် လင့်နိုင် သည့် တောင်ကုန်းကြားလျှိုများမှ ရန်သူ့စခန်းအထိ ချဉ်းကပ်ပြီး တိုက်ခိုက်ခြင်းပင်ဖြစ်သည်။
လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်မှတ်မှတ်ပုံတင်ပြီး ကေအိုင်အေများမှအသင့်စောင့်နေကြသည်။ တက်လာ၍ ကျဆုံးသည်နှင့် ကင်မရာများဖြင့် မှတ်တမ်းတင်ရန် ပြင်ဆင်ထားကြသည်။သို့သော် ရဲ ရင့်ပြောင်မြောက်သော မြန်မာ့တပ်မတော်သားများမှ အပင်ပန်းခံ၍ အလစ်အငိုက်ကို ရယူကာ ရန်သူ့စခန်း အား အောင်မြင်စွာ သိမ်းပိုက်နိုင် ခဲ့ကြသည်။
အခန့်မသင့်၍ ရန်သူသတိထားမိပါက ထိုတိုက်ပွဲတွင်ကျဆုံးမည့် မြန်မာ့တပ်မတော်သား အရေအတွက်မှာ မမှန်းဆနိုင်။ရဲဝံ့၍ စစ်ရေးစွမ်းရည်ထက်မြက်သော တပ်မတော်သားများ၏ စွမ်းရည်ကြောင့်သာ ကေ အိုင်အေတို့၏ စခန်းများ အလွယ်တကူ ဆုံးရှုံးခဲ့ရခြင်း ဖြစ်ပေသည်။
oppositeyes.info

1 comment:

  1. Tiger ရင်ခွင်မဲ22 February 2013 at 14:08

    ပြည်ထောင်စုသားချင်း သတ်ဖျက်သတ်ပစ်ရတာက မင်းတို့ ဂုဏ်ယူပျေိာစရာလား။ မင်းတို့က စခန်းသိမ်းယောင်ပဲရှိတယ် မင်းတို့အကျင့် မပြောင်းမချင်း တော်လှန်ရေးတပ်ဆိုတာ ပျောက်မသွားဘူး မှတ်ထား။ တိုက်ပွဲမှာ သေကြတဲ့ တပ်မတော်ရဲ့ မိသားစုတွေကို အစိုးရက ဘယ်လောက်ထောက်ပံ့တာလဲ စောက်ရှက်မရှိတဲ့ စောက်စကားကို မတင်နဲ့။ ငြိမ်းချမ်းရေးစကားကို ဖင်ပိတ်နေတဲ့အစိုးရစစ်တပ်ကို သေကြပါစေ။တပ်မတော်တိုင်း မုန်းတာမဟုတ်ဘူး ဖင်ပိတ်နေတဲ့ စစ်တပ်ကို မုန်းတာ။

    ReplyDelete