၂၀၁၀ ခုနှစ်က ပြသပြီး ကမ္ဘာ့နည်းပညာလောကတစ်ခုလုံးကို တုန်လှုပ် သွားစေခဲ့ပါတယ်။
ပုံမှာ မြင်တွေ့ရတဲ့အတိုင်း လက်ကိုထိတွေ့မျက်နှာပြင်အဖြစ် အ သုံးပြုခြင်းကို လက်တွေ့ပြသခဲ့လို့ဆုများလည်း ရရှိပါတယ်။ ယခု ယင်းနည်းပညာကို ပြန်လည် Upgrade လုပ်နေပါပြီ။ နောက်ဆိုရင် လူတိုင်း လက်မှာကိုင်ရတဲ့ ဖုန်း၊ စားပွဲပေါ်တင်ရတဲ့ ကွန်ပြူတာ၊ လပ်တော့နဲ့ အခြားသော အီလက်ထရောနစ် ပစ္စည်းနေရာ အတော် များများမှာ လွမ်းမိုးလာမယ့်လို့ ယုံကြည်ထားကြပါတယ်။ ယင်းနည်း ပညာ ဘယ်လိုအလုပ်လုပ်မလဲဆိုတာ လူတိုင်းစိတ်ဝင်စားပါတယ်။ သူ့ရဲ့ အလုပ်လုပ်ပုံက ဒီလို ဖြစ်ပါ တယ်။
လက်မောင်းမှာ ဥပမာ ပေးပြပါတယ်။ ခန္ဓာကိုယ်အရေအပြားကို တစ်ခုခုနဲ့ထိခိုက်လိုက်တဲ့အခါ အသံလှိုင်း၊ တုန်ခါမှုများဖြစ်ပေါ်စေပါတယ်။ ဥပမာ - ငြိမ်နေတဲ့ ရေကန်ထဲကိုခဲလုံးပစ်ချသကဲ့သို့ ဖြစ်ပြီး လက်မောင်း တစ်နေရာကို လက်ညိုးနဲ့အသာလေးတောက်တဲ့အခါသူ့ကြောင့် Sound Wave နဲ့ Vibration ဟာ ပြန့်နှံ့သွားပါမယ်။ ဒီတော့ကိုယ်မှာ ယင်းအသံလှိုင်းနဲ့ တုန်ခါမှုကို ခြေရာခံမယ့်စက်သေးသေးလေး တစ်ခုတော့ကပ်ထား၊ပတ်ထားဖို့လိုပါမယ်။ 28 MHz လို့လို Frequency ကိုတောင် ခြေရာ ခံပြီး respond လုပ်မှာ ဖြစ်ပါတယ်။
ဒီတော့ အသားအရေကို Projector မျက်နှာပြင်လို အသုံးပြုမှာမို့ အလင်းရောင်သက်သက်ပဲ ဖြစ်ပါတယ်။ ဘာလေဆာ ရောင်ခြည်မှမပါပါဘူး။ ယင်းပရိုဂျက်တာထိုးထားတဲ့ အလင်းရောင် နေရမှာအသံလိုင်း Frequency အနိမ့်အမြင့် မျိုးစုံ ပေးစွမ်းခြင်းဖြင့် Body user interface တစ်ခု ဖြစ်ပေါ်လာ စေဖို့ ဖြစ်ပါ တယ်။
အထက်ပါ ရှင်းလင်းပြသမှုက အကြမ်းဖျင်းပဲရှိပါတယ်။ ဒါကိုမိုက်ခရိုဆော့ဖ်မှ နက်နက်နဲနဲကို လေ့လာ သုသေတနပြုလုပ်လို့ ဖန်တီးနေပါတယ်။ မိုက်ခရိုဆော့ဖ်ဆိုပေမယ့်အပြင်က အင်ဂျင်နေယာများ ဖြစ်ပြီး မိုက်ခရိုဆော့ရဲ့  ဓာတ်ခွဲခန်းကို အသုံြး့ပုခြင်းမျှသာ ဖြစ်ပါတယ်။ ဒီတော့ ထွက်လာမယ့် ထုတ်ကုန်ပစ္စည်းက Microsoft နဲ့တော့ တိုက်ရိုက်ဆက်စပ်နေပါတယ်။
အနာဂတ်မှာအသုံးပြုရမယ့် အိုင်တီGadgetများဟာ ရုပ်ရှင်တွေထဲကလိုပဲ လက်ဖဝါးတွေ၊ လက်မောင်းတွေ နဲ့ အခြားခန္ဓာကိုယ် အရေအပြားနေရာများမှာသာ ဖြစ်တော့မှာဆိုတော့နည်းပညာလောကသားတိုင်း စိတ်ဝင်တစားစောင့်ကြည့်လျက်ရှိကြောင်း သိရပါတယ်။
--
Ref: mircosoft,wiki
Aung Kham (TSJ team)
--
TechSpace Journal
No comments:
Post a Comment