Thursday 31 January 2013

ဒီကေဘီအေမှ ရယူခဲ့သောမြေများကို ရွာသားများက ပြန်တောင်းဆို

 ဒီကေဘီအေမှ အဖွဲ့ဝင်များ နေထိုင်ရန် ရယူခဲ့သော ကရင်ပြည်နယ်၊ ကတိုင်တိကျေးရွာမှ မြေများကို တရားဝင် ပြန်လည် ရယူလိုကြောင်း ရွာသားများက ပြန်လည်တောင်းဆိုမှုများပြုလုပ်ခဲ့သည်ဟု သိရသည်။
လွန်ခဲ့သော ၁၈ နှစ်ကျော်က လက်နက်နှင့် ငြိမ်းချမ်းရေးလဲရာတွင် ဒီကေဘီအေ အဖွဲ့ဝင်များ ခေတ္တနေ ထိုင်ရန် အိမ်ဝိုင်းများကို ၃ ရက်အတွင်းဖယ်ခိုင်းသောကြောင့် အိမ်ပိုင်ရှင်များက

ဖယ်ပေးခဲ့ရကြောင်း ၊ လေးနှစ်နှင့် လေးလသာနေထိုင် မည်ဖြစ်ကြောင်းပြောခဲ့သော်လည်း ၎င်းတို့ ထွက် သွားသောအခါတွင် မူလပိုင်ရှင်များအား ပြန်မအပ်ဘဲ လူသစ်များလက်သို့ လွှဲခဲ့ကြောင်း၊ ယခုနေထိုင် သူများမှာ ဒီကေဘီအေများလက်မှ နားလည်မှုနှင့် လွှဲပြောင်းယူခဲ့ကြသော အရပ်သားများဖြစ်ကြောင်း ရွာခံ တစ်ဦးက ပြောသည်။

 ကတိုင်တိကျေးရွာမှာ ဘားအံမြို့မှ မိုင် ၁၀၀ ကျော်ခန့်ဝေးကွာပြီး အိမ်ခြေ ၈၀ ခန့်ရှိသော ရွာကြီးဖြစ် သည်။ ကတိုင်တိ-ဖာပွန် လမ်းမကြီးဘေးက ရွာမြေဧက ၂၀ ကျော်သိမ်းယူသွားခဲ့ပြီး ယင်းမြေများနှင့် ပတ် သက်ပြီး အမည်ပေါက်ပြေစာများလည်း ၎င်းတို့အားလုံးလက်ထဲတွင် ရှိကြောင်း၊ မြေများကို ပြန်လည် စီစစ် ၍ မူလပိုင်ရှင်လက်ထဲသို့ ပြန်လွှဲပေးရန် ကရင်ပြည်နယ်အစိုးရနှင့် နိုင်ငံတော်သမ္မတရုံးသို့ ၂၀၁၂ ခုနှစ် မေလတွင် တစ်ကြိမ်၊ စက်တင်ဘာလတွင်တစ်ကြိမ် စာပို့ထားကြောင်း၊ လယ်ယာမြေနှင့် အခြားမြေ များ သိမ်းခံရမှု စုံစမ်းရေးကော်မရှင်ကိုလည်း စာတင်ထားကြောင်း၊ သို့သော် စုံစမ်းရေးကိစ္စများ ကိုလွှတ်တော်ကျင်းပပြီးစီးမှသာဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment