မြန်မာနိုင်ငံဒေသအချို့တွင် ခရမ်းလွန်ရောင်ခြည် ကျရောက် မှုညွှန်း ကိန်းအဆင့် အလွန်မြင့်မားနေသောကြောင့် နေရောင်ခြည်ဒဏ်ကို အထူးသတိထားရန်လိုအပ်ကြောင်း မိုးလေ၀ သပညာရှင် ဒေါက်တာ ထွန်းလွင်ကပြောသည်။
အန္တရာယ်ရှိသော ခရမ်းလွန်ရောင်ခြည် ညွှန်းကိန်းအဆင့်ကို မြန်မာနိုင်ငံတွင် အဆင့် ၈ မှ အဆင့် ၁၁ အတွင်း သတ်မှတ်ထားပြီး လက်ရှိ မြန်မာနိုင်ငံတွင် ကျရောက်နေသော ခရမ်းလွန်ရောင် ခြည်ညွှန်းကိန်းမှာ အဆင့် ၉ ရှိသည်။ ထို့ကြောင့် သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ၊ ကျန်းမာရေး အားနည်းချက်ရှိ သူများနှင့် နေရောင်အောက်တွင်မဖြစ်မနေအလုပ်လုပ်နေရသူများအတွက် လိုအပ်သောကာကွယ်သူမှု များ ပြုလုပ်ထားသင့်ကြောင်း ဦးထွန်းလွင်က အကြံပြုပြောကြားသည်။
“ပူပြင်းတဲ့ နေရောင်အောက်မှာ ကြာကြာမနေဖို့လိုအပ်ပါတယ်။ ခရမ်းလွန်ရောင်ခြည်ညွှန်းကိန်း အဆင့် ၉ ဆိုတာ မြန်မာနိုင်ငံလို ရာသီဥတုမျိုးအတွက်သတိထားဖို့ လိုအပ်ပါတယ်”ဟု ဦးထွန်းလွင်ကဆိုသည်။
ခရမ်းလွန်ရောင်ခြည်ကျရောက်လျှင် အရေပြားဆိုင်ရာ ရောဂါများအဖြစ်များပြီး ညွှန်းကိန်းအဆင့်မြင့် လာပါက အမြင်အာရုံချို့ယွင်းခြင်း၊ သားသမီးမရနိုင်ခြင်းစသော ရောဂါများအထိ ဖြစ်ပွားနိုင်ကြောင်း သိရ သည်။ သို့သော် ယင်းရောဂါများမှာ ခရမ်းလွန်ရောင်ခြည်ညွှန်းကိန်းအဆင့် ၁၁ ကျော်မှ သာဖြစ် တတ် ပြီး မြန်မာနိုင်ငံတွင် ကျရောက်နေသော ခရမ်းလွန်ရောင်ခြည်ညွှန်းကိန်း အဆင့် ၉ သည် အလွန်ဆုံး အရေပြားကင်ဆာဖြစ်ပွားနိုင်ကြောင်း ဦးထွန်းလွင်ကပြောသည်။
လှည်းတန်းခုံးကျော်တံတား ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ လုပ်သားတစ်ဦးက “နေပူဒဏ်ကတော့ သိသိသာသာကို ခံစားရတယ်။ အရင်နှစ်တွေထက် ပိုပူတာတော့ သိသာပါတယ်”ဟု ပြောသည်။
ခရမ်းလွန်ရောင်ခြည်ညွှန်း ကိန်းအဆင့်ကို ပညာရှင်များက ၀ မှ ၁၁ အထိ ခွဲခြားထားပြီး ၀ မှ ၃ အတွင်း ကို ညွှန်းကိန်းအနိမ့်၊ ၄ မှ ၇ အတွင်းကိုညွှန်းကိန်းအလယ် အလတ်အဖြစ် သတ်မှတ်၍ ညွှန်းကိန်း ၈ မှ ၁၁ အထိကို မြင့်မား သော ညွှန်းကိန်းအဖြစ် သတ်မှတ်ထားသည်။
နေ့တစ်နေ့၏ ခရမ်းလွန် ရောင်ခြည်ညွှန်းကိန်းသည် တစ်နေ့လုံး ကျရောက်နေခြင်းမဟုတ်ဘဲ မွန်းတည့် ချိန်တွင် အပြင်းထန်ဆုံးဖြစ်ကာ ခရမ်းလွန်ရောင်ခြည်အပြင်းဆုံးကျရောက်သည့်အချိန် ကို နံနက် ၁၀ နာရီ မှ ညနေ ၄ နာရီ အထိ ပညာရှင်များက သတ်မှတ်ထားသည်။
7Day News Journal
No comments:
Post a Comment