Thursday 31 January 2013

၂၀၁၄အခြေခံမူလတန်းကျောင်းမှ အလယ်တန်းအထိ ဘာသာရပ်အသစ်ထပ်တိုး

၂၀၁၄အခြေခံမူလတန်းကျောင်းမှ အလယ်တန်းအထိ
ဘာသာရပ်အသစ်ထပ်တိုး
Thursday, 31 January 2013

အခြေခံပညာမူလတန်းမှ အလယ်တန်းအထိသင်ကြားလျက်ရှိသော လက်ရှိဘာသာရပ်များ အပြင် နောက်တိုးဘာသာရပ်အဖြစ်  စိုက်ပျိုးရေးနည်းပညာဘာသာရပ်   အသစ်တစ်ခုအား အခြေခံပညာ  မူလတန်းမှအလယ်တန်းအထိ ထည့်သွင်းသင်ကြားတော့မည်ဖြစ် ကြောင်း သိရသည်။

အဆိုပါကဲ့သို့သော ဘာသာ ရပ်အသစ်တစ်ခုထည့်သွင်းသင် ကြားနေသည့်အပေါ်ကျောင်းဆရာ  Bio ဦးဝင်းမြင့်ကပြောကြားရာ တွင် ““အခု ဒီစိုက်ပျိုးရေးနည်းပညာ  ဘာသာရပ်ကိုအချို့ကျောင်းတွေ ကတော့ သင်နေပြီအချို့ကျောင်း တွေမှာတော့မသင်သေးဘူး။ကျောင်းတိုင်းလိုလို
တော့ သင်ရတယ်။ဒီစာအုပ်ရဲ့သင်ကြားချိန်က လည်း ၇၂နာရီရှိတယ်။
အခုလာ မယ့် နှစ်ဆိုရင်တော့ အကုန်လုံး  သင်ကြားနိုင်မှာပါ အခုကျောင်း တိုင်းမှာ မသင်ကြားနိုင်သေးဘူး ဆိုတာ ဆရာမတွေဆီမှာ စာအုပ်မလုံလောက်လို့ မသင်ကြားနိုင်သေး တာပါ။အခုလို
သင်ကြားတာ ကောင်းပါတယ်။ ဒါကလည်းနိုင်ငံတော်သမ္မတကြီးရဲ့
လမ်းညွှန်ချက် နဲ့ပဲ အဲဒီအကျိုး ကျေးဇူးတွေကို  ပြောပြရင်
အရမ်းကောင်းပါတယ်။ ငယ်ငယ်လေးထဲက (၁)တန်းကလေး၊ အပင်ရဲ့အကြောင်းနားလည်မယ်။ (၂)တန်းကလေးက အပင်ရဲ့အကြောင်းကိုသိလာ၊(၃)တန်းကလေး က အဲဒီအပင်ရဲ့အသီးက
မစားကောင်းတဲ့အသီးလား၊စားကောင်းတဲ့အသီးလားဆိုတာသိလာမယ်။  ကလေးတွေက အခြေခံရသွား မယ်။ အဲလိုအခြေခံရသွားတဲ့ အတွက် ငါတို့နိုင်ငံကစားသုံးသူ  တွေအားလုံးရဲ့ကျန်းမာရေးနဲ့ညီ ညွတ်မယ်။
နောက်ပိုင်းဆိုရင်လူတွေ ကို ဆိုးကျိုးပေးတဲ့ဓာတုပစ္စည်း တွေပပျောက်
သွားနိုင်တယ်။ဒီလို  လမ်းညွှန်ချက်ပေးတဲ့အတွက်””ဟု ပြောကြားခဲ့သည်။

အခြေခံပညာအလယ်တန်း တွင် သင်ကြားလျက်ရှိသော ကျောင်းဆရာ
တစ်ဦးကပြောကြား ရာတွင်လည်း ““အခုဆရာမတို့ လက်ထဲမှာ  ဒီစာအုပ်ကရှိနေပြီ   ကျောင်းသား/ကျောင်းသူတွေရဲ့  လက်ထဲမှာတော့ မရှိသေးဘူး။ ဒီ  ဘာသာရပ်ကိုတော့ ဆရာမတို့က တော့ မသင်ကြားဘူး ဘာလို့လည်း  ဆိုတော့ ဆရာမတို့ဆီမှာ စာအုပ်  မလုံလောက်ဘူး””
ဟုပြောကြားခဲ့သည်။

ဖြိုးအောင်
The Hot News
အခြေခံပညာမူလတန်းမှ အလယ်တန်းအထိသင်ကြားလျက်ရှိသော လက်ရှိ ဘာသာရပ်များ အပြင် နောက်တိုးဘာသာရပ်အဖြစ် စိုက်ပျိုးရေး နည်းပညာ ဘာသာရပ်အသစ်တစ်ခုအား အခြေခံပညာ မူလတန်းမှအလယ်တန်းအထိ ထည့်သွင်းသင်ကြားတော့မည်ဖြစ် ကြောင်း သိရသည်။

အဆိုပါကဲ့သို့သော ဘာသာရပ်အသစ်တစ်ခုထည့်သွင်းသင် ကြားနေသည့်အပေါ်ကျောင်းဆရာ Bio ဦးဝင်းမြင့်ကပြောကြားရာတွင် ““အခု ဒီစိုက်ပျိုးရေးနည်းပညာ ဘာသာရပ်ကိုအချို့ကျောင်းတွေကတော့ သင်နေပြီအချို့ကျောင်း တွေမှာတော့မသင်သေးဘူး။ကျောင်းတိုင်းလိုလိုတော့သင်ရတယ်။ ဒီစာအုပ် ရဲ့သင်ကြားချိန်ကလည်း ၇၂နာရီရှိတယ်။အခုလာမယ့် နှစ်ဆိုရင်တော့ အကုန်လုံးသင်ကြားနိုင်မှာပါ အခုကျောင်းတိုင်းမှာ မသင်ကြားနိုင်သေးဘူးဆိုတာ ဆရာမတွေဆီမှာ စာအုပ်မလုံလောက်လို့ မသင် ကြားနိုင်သေးတာပါ။အခုလိုသင်ကြားတာ ကောင်းပါတယ်။ ဒါကလည်းနိုင်ငံတော်သမ္မတ ကြီးရဲ့ လမ်းညွှန် ချက်နဲ့ပဲ အဲဒီအကျိုး ကျေးဇူးတွေကို ပြောပြရင်အရမ်းကောင်းပါတယ်။ ငယ်ငယ်လေးထဲက (၁)တန်း ကလေး၊ အပင်ရဲ့အကြောင်းနားလည်မယ်။ (၂)တန်းကလေးက အပင်ရဲ့အကြောင်းကိုသိလာ၊(၃)တန်းကလေး က အဲဒီအပင်ရဲ့အသီးကမစားကောင်းတဲ့အသီးလား၊စားကောင်းတဲ့အသီးလားဆိုတာသိလာမယ်။ ကလေးတွေက အခြေခံရသွားမယ်။ အဲလိုအခြေခံရသွားတဲ့အတွက် ငါတို့နိုင်ငံက စားသုံးသူတွေ အားလုံး ရဲ့ကျန်းမာရေးနဲ့ညီ ညွတ်မယ်။
နောက်ပိုင်းဆိုရင်လူတွေ ကို ဆိုးကျိုးပေးတဲ့ဓာတုပစ္စည်း တွေပပျောက်သွားနိုင်တယ်။ဒီလို လမ်းညွှန် ချက်ပေးတဲ့အတွက်””ဟု ပြောကြားခဲ့သည်။

အခြေခံပညာအလယ်တန်း တွင် သင်ကြားလျက်ရှိသော ကျောင်းဆရာတစ်ဦးကပြောကြား ရာတွင်လည်း ““အခုဆရာမတို့ လက်ထဲမှာ ဒီစာအုပ်က ရှိနေပြီ ကျောင်းသား/ကျောင်းသူတွေရဲ့ လက်ထဲမှာတော့ မရှိသေးဘူး။ ဒီ ဘာသာရပ်ကိုတော့ ဆရာမတို့က တော့မသင်ကြားဘူးဘာလို့လည်း ဆိုတော့ ဆရာမတို့ ဆီမှာ စာအုပ် မလုံလောက်ဘူး””ဟုပြောကြားခဲ့သည်။

The Hot News

No comments:

Post a Comment