ရန်ကုန်တိုင်း ဒေသကြီးရှိ ယာဉ်ထိန်းရဲများ လာဘ်ပေး လာဘ်ယူ ပြု လုပ်ပါက တိုင်ကြားနိုင်တယ်လို့ ယခုလအတွင်းက ရန်ကုန်မြို့တော် ခန်းမမှာ ပြုလုပ်ခဲ့တဲ့သတင်းစာ ရှင်းလင်းပွဲမှတာဝန်ရှိသူတစ်ဦး ရဲ့ ပြောပြချက်အရသိရပါတယ်။
လက်ရှိမှာတော့ အဆိုပါလာဘ်ပေး လာဘ်ယူမှုများနဲ့ ပတ်သက်ပြီးတိုင်ကြားမှုများမရှိတဲ့အတွက် တိုင်ကြား လိုသူတွေမှတိုင်ကြား နိုင်ဖို့ ပြောကြားခဲ့တာ
ဖြစ်ပါတယ်။
အဲ့ဒီအတွက် တိုင်းကြားချက် တွေရှိခဲ့ရင်
ပြစ်မှုဆိုင်ရာ ဥပဒေ၊ ရဲလက်စွဲ ဥပဒေများအရ အရေးယူ ဆောင် ရွက်သွားမှာ
ဖြစ်ပါတယ်။ ဒါ့အပြင်ခရီးသည်တင် ကားများမှပိုက်ဆံများပစ်ချပေးရင်တော့
အဆိုပါ ခရီး သည်တင်ကားများကိုပါ အရေးယူသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ယာဉ်ထိန်းရဲတပ်ဖွဲ့ကို ဖွဲ့စည်းပုံအသစ်နဲ့ ဆောင်ရွက်နေပြီး စည်ပင်သာယာနယ်နိမိတ် ၃၁ မြို့နယ်မှာ တစ်မြို့နယ်တပ်ဖွဲ့တစ်စုနဲ့
စည်ပင်သာယာ နယ်နိမိတ်ပြင်ပ ၁၄ မြို့နယ်ကို နှစ်မြို့နယ်တပ်ဖွဲ့စု
တစ်ဖွဲ့စီနဲ့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အဆိုပါတပ်ဖွဲ့စု တစ်စုမှာတော့
ဒုရဲမှူးအဆင့်ရှိသူတစ်ဦး၊ ရဲအုပ် ၄ ဦး၊ ဒုရဲအုပ် ၃ ဦးနဲ့ အခြားအဆင့် ၂၈
ဦး စုစုပေါင်း ၃၆ ဦး ပါဝင်ဖွဲ့စည်း ထားတယ်လို့ သိရပါ တယ်။
Mrtv - 4
ဓာတ်ပုံ - Popular Myanmar News Journal
ရန်ကုန်တိုင်း ဒေသကြီးရှိ ယာဉ်ထိန်းရဲများ လာဘ်ပေး လာဘ်ယူ ပြု လုပ်ပါက တိုင်ကြားနိုင်တယ်လို့ ယခုလအတွင်းက ရန်ကုန်မြို့တော် ခန်းမမှာ ပြုလုပ်ခဲ့တဲ့သတင်းစာ ရှင်းလင်းပွဲမှတာဝန်ရှိသူတစ်ဦး ရဲ့ ပြောပြချက်အရသိရပါတယ်။ လက်ရှိမှာတော့ အဆိုပါလာဘ်ပေး လာဘ်ယူမှုများနဲ့ ပတ်သက်ပြီးတိုင်ကြားမှုများမရှိတဲ့အတွက် တိုင်ကြား လိုသူတွေမှတိုင်ကြား နိုင်ဖို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီအတွက် တိုင်းကြားချက် တွေရှိခဲ့ရင် ပြစ်မှုဆိုင်ရာ ဥပဒေ၊ ရဲလက်စွဲ ဥပဒေများအရ အရေးယူ ဆောင် ရွက်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင်ခရီးသည်တင် ကားများမှပိုက်ဆံများပစ်ချပေးရင်တော့ အဆိုပါ ခရီး သည်တင်ကားများကိုပါ အရေးယူသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ယာဉ်ထိန်းရဲတပ်ဖွဲ့ကို ဖွဲ့စည်းပုံအသစ်နဲ့ ဆောင်ရွက်နေပြီး စည်ပင်သာယာနယ်နိမိတ် ၃၁ မြို့နယ်မှာ တစ်မြို့နယ်တပ်ဖွဲ့တစ်စုနဲ့ စည်ပင်သာယာ နယ်နိမိတ်ပြင်ပ ၁၄ မြို့နယ်ကို နှစ်မြို့နယ်တပ်ဖွဲ့စု တစ်ဖွဲ့စီနဲ့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အဆိုပါတပ်ဖွဲ့စု တစ်စုမှာတော့ ဒုရဲမှူးအဆင့်ရှိသူတစ်ဦး၊ ရဲအုပ် ၄ ဦး၊ ဒုရဲအုပ် ၃ ဦးနဲ့ အခြားအဆင့် ၂၈ ဦး စုစုပေါင်း ၃၆ ဦး ပါဝင်ဖွဲ့စည်း ထားတယ်လို့ သိရပါ တယ်။
Mrtv - 4
ဓာတ်ပုံ - Popular Myanmar News Journal
No comments:
Post a Comment