Thursday 31 January 2013

အေစီမီလန်ရောက် မာရီယို ဘာလော့တယ်လီ

 အင်္ဂလန်ပရီးမီးယားလိဂ်မှ မန်ချက်စတာစီးတီးအသင်းတိုက်စစ်မှူး မာရီယို ဘာလော့တယ်လီသည် ပေါင်စတာလင်သန်း ၂၀ ဖြင့် အီတလီ စီးရီးအေ ဘောလုံးကလပ် အသင်း အေစီမီလန် သို့ ပြောင်းရွှေ့ သွားသည်။

အေစီမီလန်သို့ ရောက်ရှိလာသော အီတလီသား ဘာလော့တယ်လီအား ပရိသတ်များက ကြိုဆို ခဲ့ကြ သည်။ အေစီမီလန်သို့ ပြောင်းရွှေ့သွားသည် ဘာလော့တယ်လီက မန်စီးတီးနှင့်အတူ ချန်ပီယံဖြစ်ခွင့် ရ ခဲ့ခြင်းအတွက် ပရိသတ်များ၊ အသင်းဖော်များနှင့် မန်နေဂျာမန်စီနီကို ကျေးဇူးတင်ကြောင်း ပြောကြား သည်။

Planet Myanmar Network

No comments:

Post a Comment