Thursday 31 January 2013

UWSA ၏ စစ်ရေးလေ့ကျင့်ရေးမှူး ကွယ်လွန်

li wen -gift-exchange4 ဒီဇင်ဘာလ ဆွေးနွေးပွဲက RCSS/SSA အား လက်ဆောင် ပစ္စည်း များပေးနေသော Li Wen
ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် အမှတ် ၁၇၁ စစ်ဒေသ စစ်ရေးလေ့ကျင့်ရေးမှူး Li Wen ၏ ဈာပနအခမ်းအနားအား မြို့တော် ပန်ဆန်း၌ ကျင်းပခဲ့ကြောင်း နီးစပ်သည့်သတင်းရပ်ကွက်က ဆိုပါသည်။
အသက် ၆၀ ရှိ Li Wen သည် သွေးတိုးရောဂါဖြင့် ယခုလ ၂၆ ရက်နေ့က ကွယ်လွန်သွားခြင်းဖြစ်ပြီး ဈာပန အခမ်းအနားကို ယနေ့ ၃၀ ရက်နေ့၌ ကျင်းပခဲ့သည်ဟုဆို သည်။

သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA တို့ မူးယစ် ဆေး ဝါးပူးပေါင်း တိုက်ဖျက်ရေးနှင့် အစားထိုးသီးနှံစီမံကိန်းအတွက်ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၈ နှင့် ၂၉ ရက်နေ့  သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ်ဟွေ့အော့၌ ဒုတိယအကြိမ်တွေ့ဆုံကြစဉ် Li Wen သည် အစည်း အဝေးနာယကအဖြစ် ဆောင်ရွက်ခဲ့သည်။ 
သျှမ်းသံတော်ဆင့်

No comments:

Post a Comment