Monkey Leaf Frog လို့ခေါ်တဲ့ သစ်ပင်ပေါ်နေ ဖားတစ်မျိုး ဖြစ်ပါတယ်။ ကမ္ဘာ့ ဈေးကြီး အိမ်မွေး တိရစ္ဆာန်စာရင်းထဲမှာလည်း ပါရှိပါတယ်။
ပုံစံကလည်း တကယ့်ပညာရှိပုံအတိုင်းပါပဲ။ မျက်လုံးနဲ့ ကိုယ်ဟန် နေ ထိုင်သွားလာပုံက အလွန်တည်ငြိမ်ပါတယ်။ နေ့ဘက်တွေ မှာ နေပူ စာလုံလို့ အေးအေးဆေးဆေး နေ တတ်ပြီး ညဘက်မှာ အင်းဆက် အစာရှာထွက်တတ်တဲ့ဖား ဖြစ်ပါတယ်။ ရာသီတစ်ခုလုံး မြေအောက် မဆင်းပဲ သစ်ပင်ပေါ် မှာပဲ နေထိုင်နိုင်လောက်အောင် လည်း ထူးခြားတဲ့ ဖား ဖြစ်ပါတယ်။
Waxy Monkey Leaf Frog လို့လည်း ခေါ်ပါတယ်။ အရွယ်အစား သေးပါတယ်။ ၂ လက်မနဲ့ ၃ လက်မ အတောအတွင်းသာရှိပြီး အမတွေက အထီးထက် ၂၅ရာခိုင်နှုန်း ပိုကြီးတတ်ပါတယ်။ တစ်ကမ္ဘာလုံး မှာမှ တောင် အမေရိကနဲ့ အမေရိကတိုက် အလယ်ပိုင်းတွေမှာပဲ မြင်တွေ့ရတဲ့ ဖားမျိုးစိတ် ဖြစ်ပြီး ရှားပါးဖား ထဲမှာပါဝင်ပါတယ်။
ခုန်တတ်ပေမယ့်လမ်းလျှောက်ပြီးသွားတဲ့အကျင့်ပိုရှိတဲ့အတွက် Monkey Frog လို့ အမည်ပေး ထားခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ ကမ္ဘာတစ်ဝန်းကနေလို့ Monkey Leaf Frog ကို အိမ်မွေးတိရစ္ဆာန် အဖြစ်ဝယ်ယူမွေးလေ့ရှိကြောင်း သိရပါတယ်။
--
Ref: wiki
International news for myanmar
No comments:
Post a Comment