Thursday 31 January 2013

မီဒီယာ သမားတွေ ကြောင့် KIA စစ်ရှုံးခဲ့သလော

ကေအိုင်အေတွေရဲ့  ခံစစ်နေရာယူပုံ
ပြည်ထောင်စု တပ်မတော် နဲ့  ကေအိုင်အေတို့တိုက်ပွဲတွေ ဖြစ် ပွားနေစဉ်မှာ ကေအိုင်အေအဖွဲ့တွေက မီဒီယာသမားတွေကို လိုင် ဇာနဲ့ ရှေ့တန်း စစ်ပြေပြင်ကို ခေါ်ယူပြီး သူတို့စစ်တိုက်တာ မှန် သယောင် ခေါ်ပြခဲ့ကြပါတယ်အထူးသဖြင့် ယခင်အစိုးရလက် ထက် က တပ်မတော်ကို အစဉ်အမြဲဆန့်ကျင်ဘက်အမြင်နဲ့ ရေးခဲ့တဲ့ ဧရာဝတီ သတင်းထောက်တွေကိုပါ။  (အခုလဲ  သတင်းထောက် ကျင့်ဝတ်နဲ့ မညီ နိုင်ငံတော် နဲ့ တပ်မတော် ရဲ့ နိုင်ငံတော် လုံခြုံရေး  စီမံကိန်းအချို့ကို  ထုတ်လွှင့် ရေးသားနေတုန်းပါ။)

 ကေအိုင်အေ ခေါင်းဆောင်တွေက  အရပ်ကူပါ၊ လူဝိုင်းပါအနေနဲ့  သတင်းထောက် တွေကို ခေါ်ပြခဲ့ တယ်။ အဲဒီမှာ ကေအိုင်အေတပ်ဖွဲ့တွေရဲ့ နေထိုင်လှုပ်ရှားမှု့တွေ၊စခန်းနေရာယူပုံတွေ၊ ကေအိုင်အေတပ် ဖွဲ့ဝင် တွေ ကိုင်ဆောင်တဲ့လက်နက်တွေ အင်တာနက်ပေါ်မှာ မမြင်ချင် မတွေ့ချင်အဆုံး ပလူကိုပျံနေခဲ့ပါ တယ်။
ဒီပုံတွေဟာ သာမန်အရပ်သူ အရပ်သားတွေအတွက် ဘာမှမဟုတ်ပေမဲ့ စစ်ပညာကိုစနစ်တကျ လေ့လာ ထားတဲ့ အစိုးရ စစ်သားတစ်ယောက်အနေနဲ့   စခန်းကုန်းဓါတ်ပုံ၊ စစ်သည်တစ်ယောက် ၀တ်ဆင်ထားတဲ့ ချပ်ဝတ်တန်ဆာကို ကြည့်လိုက်တာနဲ့  ကေအိုင်အေ ရဲ့ အားနည်းချက်၊ အားသာချက်ကို ရှင်းကနဲသိနိုင် ပါတယ်။
 စစ်တိုက်ရင် ကိုယ်အင်အားနည်းနေရင်  ရန်သူ့အမြင်မှာများသယောင်၊များရင်နည်းသယောင်၊ ငြိမ်နေရင် လှုပ်ရှားနေတယ် ထင်အောင်၊ လှုပ်ရှားနေရင် ရန်သူက ငြိမ်နေတယ်လို့ ယူဆအောင်လှည့်စားရတာပါ။

ကေအိုင်အေကတော့  အဲဒီစစ်သဘောတရားကို မလိုက်နာပဲ သူတို့အကြောင်း အလုံးစုံသိအောင် မီဒီယာ သမားတွေကို စခန်းကုန်းတွေလိုက်ပြနေပါတော့တယ်။ မီဒီယာမှာပဲ ၀ါဒဖြန့်ဖို့ အားသန်နေခဲ့ပါတယ်။
နောက်တစ်ခါ သံသယဖြစ်စရာအချက်ကတော့ ကေအိုင်အေ သူတို့စခန်းတွေနဲ့လိုင်ဇာကို ခေါ်ပြတဲ့ သတင်းထောက်တွေထဲမှာ  သာမန်သတင်းထောက်တွေ ပါနိုင်သလို အစိုးရသတင်းထောက်တွေလဲ ပါနိုင် ပါတာကိုပါ။
ဘယ်လိုပဲ ဖြစ်ဖြစ်ပါ၊ ကေအိုင်အေဟာ စိတ်ဓါတ်နဲ့လက်နက်အခြေပြုထားတဲ့  တိုက်စွမ်းရည်မှာအမြဲ တမ်းလေ့ကျင့်ထားသော စစ်တပ်ကိုမမှီခဲ့တာကြောင့်ရော ၊ သူတို့လုပ်ရပ်တွေမှန်ကန်ကြောင်း ၀ါဒ ဖြန့် ချင်ဇော နဲ့သတင်းထောက်တွေကို သူ့တို့စခန်းတွေ မြို့တွေကိုဝင်ခိုင်းပြီးရိုက်ခိုင်းခဲ့တဲ့ ဓါတ် ပုံတွေ ကြောင့် ကေအိုင်အေတို့ စစ်ရှုံးခဲ့ရပေပြီ။

No comments:

Post a Comment