Wednesday 30 January 2013

အမျိုးသမီးတွေ ဘာကြောင့် ငရုပ်သီးမှုန့်နဲ့ ဓား ဆောင်နေကြတာလဲ

အိန္ဒိယနိုင်ငံ မွန်ဘိုင်းက အမျိုးသမီးတွေကို မုဒိန်းကောင်တွေရဲ့ အန္တရာယ်ပေးမှုက ခုခံကာကွယ်နိုင်အောင် ငရုပ်သီးမှုန့်နဲ့ ဓားတွေ ဆောင်ထားဖို့ အိန္ဒိယနိုင်ငံက နိုင်ငံရေး ပါတီကြီး တခုက ဝေ ငှပေးဝေနေပါ တယ်။
အခုလို အမျိုးသမီးတွေ ငရုပ်သီးမှုန့်နဲ့ဓားဆောင်ဖို့ ဖြစ်လာရတာက လွန်ခဲ့တဲ့ လတုန်းက ဒေလီမြို့ မှာ ကျောင်းသူ တယောက်ကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်လို့ နောက်ပိုင်း အသက်ဆုံးရှုံးခဲ့ရတာကြောင့် အိန္ဒိယ တနိုင်ငံလုံးမှာ အံုံကြွ ဆန္ဒပြမှုတွေ အကြီးအကျယ်ဖြစ်ခဲ့ရတာပါ။ 

အဲဒီ့ နောက်ဆက်တွဲအကျိုးဆက်တခုအနေနဲ့ မတရားမုဒိန်းပြုကျင့်မှုတွေကို ကာကွယ်နိုင်ဖို့ ဒီအစီ အစဉ် ဖြစ်လာခဲ့တယ်လို့ The Times of India အွန်းလိုင်း သတင်းတပုဒ်မှာ ဆိုထားပါတယ်။ 

တချိန်က အာဏာရပါတီကြီးဖြစ်ခဲ့တဲ့ Bharatiya Janata Party (BJP) ရဲ့ အဓိကမဟာမိတ်ပါတီ တခုဖြစ်တဲ့ Shiv Sena ပါတီကြီးက အခုလို မွန်ဘိုင်းနဲ့အဲဒီအနီးဝန်းကျင်မှာ ရှိတဲ့အမျိုးသမီးတွေကိုအသွား ၃ လက်မရှိတဲ့ ဘလိတ်ဓားပေါင်း ၂၁၀၀၀ တွေကိုဝေငှပေးခဲ့ပါတယ်။ 

သူတို့ပါတီအနေနဲ့အမျိုးသမီးတွေ ကိုယ့်ကာမကို ထိမ်းသိမ်းကာကွယ်နိုင်ဖို့အတွက် စုစုပေါင်း ဘလိတ်ထား ၁ သိန်းထိ ဝေငှသွားဖို့ အစီအစဉ်ရှိတယ်လို့ သတင်းက ဆိုပါတယ်။ 

“ဒါက သင်္ကေတနဲ့ သရော်တဲ့ နည်းတခုပါ”လို့ အဲဒီပါတီ ပြောခွင့်ရ ရာဟူးလ် နာဝပ်ခါက ပြောပါတယ်။ 

တခါ အဲဒီပါတီကြီးက ဘလိတ်ဓားကင်မ်ပိန်းတာဝန်ယူထားတဲ့ အာဂျေးချိုဒါရီကလည်း “သင့်ကို တယောက်ယောက်က တိုက်ခိုက်တဲ့အခါ ဒီဓားကိုအသုံးပြုဖို့ကို မကြောက်ပါနဲ့၊ ကျနော်တို့မှာ အဲဒီလို လုပ်လိုက်တာကြောင့် ပြဿနာအမှုအခင်းဖြစ်လာခဲ့ရင် ဘယ်တရားရုံးကိုမဆို လိုက်ပါ ဆောင်ရွက် ကာ ကွယ်ပေးဖို့ အမှုလိုက်ရှေ့နေ ၉ ဦးပါတဲ့ အဖွဲ့တခုလည်း ဖွဲ့ပြီးပြီ” လို့ ပြောတာကို ပါတီရဲ့ သတင်းစာဖြစ်တဲ့ Saamana မှာလည်းဖော်ပြထားပါတယ်။ 

အသွား ၃ လက်မသာ ရှိတဲ့အတွက် အသွား ၆ လက်မ ထက်တိုတဲ့အတွက် လက်နက်လည်း မမြောက်ဘူး လို့ သူက ဆိုပါ တယ်။ 

ဒါပေမယ့် မွန်ဘိုင်းရဲတပ်ဖွဲ့ကတော့ အခုလို အသွား ၃ လက်မဓားကို ဆောင်ထားခြင်းဟာ တရားဝင်တယ်၊ မ၀င်ဘူးဆိုတာ သူတို့ သေချာစဉ်းစားနေကြတုန်းပါဘဲတဲ့။ 

နောက် ငရုပ်သီးမှုန့် ။ 

ဒါနဲ့ပတ်သက်လို့ကတော့ အမျိုးသမီးတွေအနေနဲ့ ငရုပ်သီးမှုန့်ဆောင်ထားခြင်းဖြင့် ကိုယ့်ရဲ့ကာမကို အဓမ္မ စော်ကားဖို့ ကြိုးစားလာသူရဲ့ မျက်စေ့တွေ ထဲကို ပက်ဖို့ဖြစ်တယ်လို့ ဆိုပါတယ်။ 

အခုဆိုရင် အိန္ဒိယကအမျိုးသမီးတွေလည်း ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့အတွက် ငရုပ်သီးမှုန့်၊ ငရုပ်ကောင်း မှုန့်၊ အသွား ၃ လက်မရှိတဲ့ ဓားတွေ ဆောင်ထားလာကြပြီးလို့ အဲဒီသတင်းစာကဆိုပါတယ်။

No comments:

Post a Comment