ဇေကမ္ဘာကုမ္ပဏီမှ ကော့မှူးမြို့နယ် ၀ါးဘလောက်သောက် ကျေးရွာ တွင် ငွေအကျေချေပြီးရောင်းချခဲ့သော ပီစီအိုဖုန်းများကို လက်ကျန်ငွေ ကျပ် တစ်သိန်းသွင်းရန် ကျန်ရှိနေ သေးသည်ဟုဆိုကာ ဆက် သွယ်ရေးမှ ၁လခွဲခန့် လိုင်းပိတ် ခဲ့မှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ကော့မှူးမြို့ နယ်တွင် ဇေကမ္ဘာကုမ္ပဏီမှရောင်းချခဲ့သော ပီစီအိုဖုန်းများ ထဲမှ ငွေအကျေချေပြီး ဝယ်ယူခဲ့သော၂၂လုံးကိုငွေကျပ် တစ်သိန်း သွင်း ရန် ကျန်ရှိနေသေးသည် ဟုဆိုကာလိုင်းပိတ်ခဲ့ရာ လိုင်းပိတ် ခံရ သူများ မှ မြန်မာ့ဆက်သွယ်ရေးကို တိုင်ကြားခဲ့သဖြင့် ဇေကမ္ဘာကုမ္ပဏီမှ လာရောက်ဖြေရှင်းခဲ့သောကြောင့် ဇန်န ၀ါရီ ၃၀ ရက်နေ့တွင် ဖုန်းလိုင်းများ ပြန်ဖွင့်ပေးခဲ့ကြောင်း ပီစီအိုဖုန်းဝယ်ယူခဲ့သူ ကိုအောင်နေမျိုးက ပြော ကြားသည်။
“မနေ့က ဇေကမ္ဘာကနေ လာရှင်းသွားပါပြီ။ ဖုန်းလိုင်းတွေလည်း ပြန်ဖွင့်ပေးလိုက်ပါပြီ။ကြိုတင်ငွေသွင်းတာ တစ်သိန်း နဲ့နှစ်သိန်းကို မှားသွားတာပါ”ဟု မြန်မာ့ဆက်သွယ်ရေးမှ စီမံရေးရာရုံးအုပ် ဒေါ် အေးငွေ က မြန် မာ့ခေတ်သို့ပြောကြားသည်။
ဇေကမ္ဘာမှ သွားရောက်ဖြေရှင်းရာတွင်ပါဝင်ခဲ့သောဗိုလ်မှူးကျော်လွင် က “မနေ့ကဆက်သွယ်ရေးမှာ သွား ရှင်းခဲ့တာက ပိုက်ဆံသွားသွင်း ပေးတာမဟုတ်ပါဘူး။ လိုင်းပိတ်ခံရတဲ့လူတွေရဲ့ ဖုန်းတွေကို ပြန် ဖွင့်ပေးဖို့ ညှိနှိုင်းပြီးမေတ္တာရပ်ခံပေးခဲ့တာပါ”ဟု မြန်မာ့ခေတ်သို့ ပြောကြားသည်။
ဖုန်းလိုင်းအပိတ်ခံရသူများမှာ ဇေကမ္ဘာကုမ္ပဏီကို ပေးသွင်းရမည့် ငွေကျပ် ၄သိန်း ၁သောင်း ၅ထောင် ကျပ်ကို ဇေကမ္ဘာကုမ္ပဏီမှ ဦးကျော်ဦး ဆိုသူထံသို့ ၂၀၁၂ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှ စတင်ပြီး အကျေပေးချေခဲ့ပြီးဖြစ်ကြောင်း နိုဝင်ဘာ၁၄ ရက်နေ့တွင် ငွေကျပ် ၁ သိန်း ပေးသွင်းရန် ကျန်ရှိနေသေး သည် ဟူသော အကြောင်းကြားစာများ ရောက်လာပြီး ဒီဇင်ဘာ ၂၀ရက်နေ့တွင် ဖုန်းလိုင်းများ အပိတ် ခံခဲ့ ရခြင်းဖြစ်ကြောင်းသိရသည်။
ဇေကမ္ဘာကုမ္ပဏီမှတာဝန်ရှိသူ ဦးဇေသီဟကပြောကြားရာတွင်ကော့မှူးမြို့နယ်သို့ ရောင်းချေပေးခဲ့သော ပီစီအိုဖုန်းအလုံး ၂၀၀ တွင် ၂၂လုံး မှာထိုကဲ့သို့ လိုင်းပိတ်ခံခဲ့ရပြီး ဖုန်းလိုင်းများပြန်ပွင့်စေရန်ဆက် သွယ်ရေးနှင့် ညှိနှိုင်းဆောင်ရွက်ပေး မည် ဖြစ်ပြီးအဖြစ်မှန်ကို စုံစမ်းသွားမည် ဖြစ်ကြောင်းပြောကြားသည်။
ဆုဝေ
The Myanma Age
No comments:
Post a Comment