Tuesday 29 January 2013

တိုက်လေယာဉ်ဝယ် ထားပါတယ်ဆိုမှ စစ်တိုက်ဖို့ဝယ် မှာပေါ့။စစ်တိုက်စရာမရှိရင် လူ တင်လေယာဉ်တွေပဲဝယ်ပြီး ပိုက် ဆံရှာမှာပေါ့ ဟု ဦးအောင်သိန်းလင်း ပြော

ကချင်တိုက်ပွဲတွင်း တိုက်လေယာဉ်အသုံးပြုခြင်းနှင့် ပတ်သက်၍ အမေရိကန် ၏ပြောဆိုမှုက အဓိပ္ပာယ်မရှိကြောင်းဦးအောင်သိန်း လင်းပြော
=================================================

မြန်မာအစိုးရတပ်မတော်နှင့် KIA,KIO တို့ကြား ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများအတွင်း မြန်မာ့တပ်မတော်ဘက်မှ တိုက်လေယာဉ်များအသုံးပြုထိုးစစ်ဆင်ခဲ့ခြင်းအား အမေရိကန်အစိုးရနှင့်ကုလသမဂ္ဂတို့မှ အသုံးမပြုသင့်ကြောင်း ဝေဖန်ပြောဆိုခဲ့ခြင်းမှာ အဓိပ္ပာယ် လုံးဝ မရှိကြောင်းနှင့်ပြည်တွင်းရေး ကို ၀င်စွက်ဖက်ခြင်းသာဖြစ်ကြောင်း ပြည်သူ့ လွှတ်တော်ပြုပြင်ပြောင်း လ ရေးနှင့်ခေတ်မီဖွံ့ဖြိုးမှုစီစစ်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်သိန်းလင်းက Hot News သတင်း ထောက်နှင့်တွေ့ ဆုံစဉ်ပြောကြားသွားခဲ့သည်။
““ဒီ KIA,KIO ကြောင့် ကျွန်တော်တို့တပ်မတော်သားတွေအများကြီးသေခဲ့ရပြီးပြီပြီးတော့ ဒေသခံပြည် သူတွေခများမှာလည်း အိုးမဲ့အိမ်မဲ့တွေဖြစ်နေပြီ ဒီလိုမျိုးအနေအထားမှာ မြန်မာ့တပ်မ တော်က တိုက်လေ ယာဉ်သုံးပြီး ထိုးစစ်ဆင်တယ်။ဒါကို အမေရိကန်တို့ ကုလသမဂ္ဂတို့က လူသားချင်းစာနာထောက်ထား တာတွေဘာ တွေနဲ့တိုက်ပွဲမှာ တိုက်လေယာဉ်မသုံးသင့်ဘူးလေးဘာလေး ပြောကြတယ်။ တိုက်လေယာဉ် ၀ယ်ထားပါတယ်ဆိုမှ စစ်တိုက်ဖို့ဝယ်မှာပေါ့။ စစ်တိုက်စရာမရှိရင် လူတင်လေယာဉ်တွေပဲဝယ်ပြီး ပိုက် ဆံရှာမှာပေါ့ ပြောရရင် KIA, KIO ကိစ္စတပ်မတော်ဘက်ကတိုက်လေယာဉ်သုံးတာနဲ့ပတ်သက်ပြီး အနောက်နိုင်ငံတွေနဲ့ကုလသမဂ္ဂရဲ့ဝေဖန်ချက်ကလုံးဝအဓိပ္ပာယ်မရှိဘူး””ဟု ဦးအောင်သိန်းလင်းမှ Hot News သတင်းထောက်နှင့် တွေ့ဆုံစဉ်ပြောကြားသွားခဲ့သည်။
အမေရိကန်နိုင်ငံခြားရေး ဌာနမှကချင်အရေးနှင့်ပတ်သက် သောထုတ်ပြန်ချက်၌လည်း တိုက်ပွဲ များကြောင့် အမေရိကန်ပြည် ထောင်စုက အလွန်ပင်စိုးရိမ်မိ ကြောင်း၊မြန်မာ့တပ်မတော်မှ လိုင်ဇာအနီးဝန်းကျင်ကို စစ်ရေးအရ ဆက်လက်ထိုးစစ်ဆင်နေ ကြောင်း အမျိုးသားပြန်လည်သင့် မြတ်ရေးကိုထိ ခိုက်စေပြီး အရပ် သားများသေကြေမှုကိုဖြစ်စေကာ တိုက်ခိုက်မှုများဆက်လက်ဖြစ်ပွာ နေခြင်းအား အမေရိ ကန်ပြည် ထောင် စုမှပြင်းထန်စွာကန့်ကွက်ပါကြောင်း ဇန်န၀ါရီ ၂၄ရက် ရက်စွဲဖြင့် ထုတ်ပြန် ခဲ့ပြီး မြန်မာ နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးဌာနမှလည်း “အမေရိကန်၏ထုတ်ပြန် ချက်၌ KIA ဘက်မှ ကျူးလွန်သည်များအား ဖော်ပြခြင်း မရှိဘဲ အစိုးရနှင့်တပ်မတော်ကသာ တိုက်ခိုက် နေသည့် သဖွယ်ဖော်ပြထားသည်အား ပြင်းထန်စွာကန့် ကွက်ပယ်” ချပါကြောင်း ထုတ်ပြန်ခဲ့သည်။

(ဒဿနိက)
The Hot News

No comments:

Post a Comment