Saturday 12 December 2015

ညှိနှိုင်းအစည်းအဝေး သူရဦးရွှေမန်း ဦးစီးပြုလုပ် လွှတ်တော် သစ်ခေါ် ယူနိုင်ရေး ညှိနှိုင်းအစည်းအဝေး သူရဦးရွှေမန်း ဦးစီးပြုလုပ်

လွှတ်တော်သစ်ခေါ်ယူနိုင်ရေးအတွက် လွှတ်တော်နှစ်ရပ်ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ ဒီဇင်ဘာ ၁၀ ရက်က တွေ့ဆုံညှိနှိုင်းဆွေးနွေးနေကြစဉ် (ဓာတ်ပုံ − သူရဦးရွှေမန်း ဖေ့စ်ဘွတ်ခ်)
လက်ရှိလွှတ် တော်သက်တမ်းကုန်ဆုံးချိန်တွင်လာမည့်လွှတ်တော်အသစ် ခေါ်ယူနိုင်ရေးအတွက် ညှိနှိုင်း အစည်းအဝေးတစ်ရပ်ကို ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေ မန်း ဦးစီး၍ နေပြည်တော်လွှတ် တော် အဆောက်အအုံဝင်းအ တွင်း၌ ဒီဇင်ဘာ ၁၀ ရက်က ပြု လုပ်ခဲ့သည်။
ယင်းအစည်းအဝေးသည် ရွေးကောက်ပွဲတွင် အနိုင်ရအမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုဝင် ဘာ ၁၉ ရက် တွေ့ဆုံမှု၌ သဘောတူထုတ်ပြန်သော ကြေညာချက် တွင် ပါဝင်သည့် အချက်များမှ အစိတ်အပိုင်းတစ်ခုကို အကောင် အထည်ဖော်ခြင်းဖြစ်သည်ဟု ပြည်ထောင်စုလွှတ်တော်နာယ က သူရဦးရွှေမန်းက သတင်း ထုတ်ပြန်ထားသည်။ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေးများ ခေါ်ယူကျင်းပနိုင်ရေး ဆွေးနွေးပွဲသို့ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုအပါအ၀င်ပြည်ထောင်စုဝန်ကြီးနှင့် ဒုဝန်ကြီး အချို့ တက်ရောက်ခဲ့သည်။

လက်ရှိ ကျင်းပနေသော လွှတ်တော်များ၏ သက်တမ်းသည် ၂၀၁၆ ဇန်န၀ါရီ ၃၀ ရက်တွင် ကုန်ဆုံးမည်ဖြစ်သော ကြောင့် ဒုတိယအကြိမ် လွှတ် တော်များ ကျင်းပနိုင်ရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌတို့က ခေါ်ယူရမည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်များတွင် သက်ဆိုင်ရာဥက္ကဋ္ဌ များက ခေါ်ယူရမည်ဟု ပြည်ထောင်စုနာယက က ၎င်း၏ တရားဝင်ဖေ့စ်ဘွတ်ခ် စာမျက်နှာမှ ထုတ်ပြန်သည်။

အသစ်ဝင်ရောက်လာမည့် လွှတ်တော်ကိုယ်စားလှယ်များကို ယခုသက်တမ်းမပြီးဆုံးမီ ခေါ်ယူ ရမည်ဖြစ်ပြီး လွှတ်တော်ကိုယ်စား လှယ်သစ်များ၏ လုံခြုံရေး၊ သွား လာရေး၊ တည်းခိုရေး၊ စား သောက်ရေးပါမကျန် ပြည့်ပြည့် စုံစုံစီမံပေးရန် လိုအပ်ကြောင်း သူရဦးရွှေမန်းက အဆိုပါသတင်း ထုတ်ပြန်ချက်တွင် ထည့်သွင်း ထားသည်။

ထို့အပြင်လွှတ်တော်၏ ဂုဏ်သိက္ခာ၊ နိုင်ငံ၏ ဂုဏ်သိက္ခာမြင့် မားစေရန် တာဝန်ရှိသူများအနေဖြင့် မြင့်မြတ်သည့် စိတ်ထားဖြင့်လုပ်ဆောင်သွားရန် လိုအပ် ကြောင်း ထည့်သွင်းပြောကြားခဲ့ သည်ဟု သူရဦးရွှေမန်းက ပြော သည်။

‘‘အခုဟာက ဒီလွှတ်တော် သက်တမ်းကုန်ရင် နောက်လွှတ် တော်ကို ဘယ်လိုကျင်းပမလဲ။ နောက် လွှတ်တော် ခေါ်ယူရေး ဗဟိုကော်မတီနဲ့ လုပ်ငန်းကော်မ တီဆွေးနွေးတာ၊ လွှတ်တော်ကို ဘယ်လို ခေါ်ယူကြမလဲဆိုတာစပြီး ဆွေးနွေးတဲ့ သဘောပါ’’ ဟု ယင်းအစည်းအဝေးသို့ တက် ရောက်ခဲ့သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောကြားသည်။

ဒုတိယအကြိမ် လွှတ်တော် ခေါ်ယူ ကျင်းပနိုင်ရန် လက်ရှိပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌများသည် လွှတ်တော်ကိုယ်စားလှယ်သစ်များ ခေါ်ယူကာ လွှတ်တော်အစည်းအဝေးကျင်းပပေးရမည်ဖြစ်သည်။ ထို့နောက် လွှတ်တော်အသစ်၏ ဥက္ကဋ္ဌသစ် ခန့်အပ်နိုင်ရန် သဘာပတိတစ်ဦးကို

ရွေးချယ်ပေးခဲ့ရမည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးရဲထွန်းက 7Day Daily သတင်းစာအား ပြောထားသည်။

‘‘ကျွန်တော်သိသလောက် အခု လွှတ်တော်ဥက္ကဋ္ဌတွေက လွှတ်တော်အသစ်ကို ခေါ်ယူ ကျင်းပပေးရမယ်။ အဲဒီမှာ လွှတ် တော်အသစ်ရဲ့ ဥက္ကဋ္ဌကို ခန့်အပ် နိုင်ဖို့ သဘာပတိကို ရွေးပေးရ မယ်။ အဲဒီသဘာပတိကမှ လွှတ် တော်ဥက္ကဋ္ဌကို ရွေးချယ်ခန့်အပ် ဖို့ ဆောင်ရွက်ပေးရမယ်’’ဟု ဦး ရဲထွန်းက ပြောသည်။

အဆိုပါ အစည်းအဝေးအပြီးတွင် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းသည် တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌများနှင့် တွေ့ဆုံဆွေးနွေးမှုကို နေပြည်တော်ရှိ ဇမ္ဗူသီရိခန်းမ၌ ထပ်မံပြုလုပ်သည်။

ယင်းတွေ့ဆုံပွဲတွင် တိုင်း ဒေသကြီးနှင့် ပြည်နယ် လွှတ် တော်ဥက္က္ကဋ္ဌများကို ဒုတိယအကြိမ် လွှတ်တော်များလည်း ခေါ်ယူကျင်းပပေးနိုင်ရေး ပြင်ဆင်မှုများ ပြုလုပ်ထားကြရန် သူရဦးရွှေမန်းက မှာကြားသွားကြောင်း တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သူ ကရင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစောအောင်ကျော်မင်းက ပြောကြားသည်။

‘‘ဒုတိယအကြိမ်လွှတ်တော် မှာ လွှတ်တော်ကိုယ်စားလှယ် တွေ အဆင်ပြေပြေအလုပ်လုပ် နိုင်အောင် သင်တန်းတွေပေးနိုင်ဖို့ ဘယ်လိုလုပ်ကြမလဲ။ ဆွေးနွေး ကြတာ ကျွန်တော်တို့က လွှတ် တော်တွေကို အဆင်ပြေအောင်၊ ချောမွေ့အောင် ခေါ်ပေးဖို့အ တွက်လည်း ဆွေးနွေးကြတယ်’’ ဟု ဦးစောအောင်ကျော်မင်းက ဆိုသည်။

အဆိုပါ အစည်းအဝေးသို့ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်များဖြစ် ကြသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဇော်မြင့်မောင်တို့ တက်ရောက်ခဲ့သည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲတွင် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်အပြတ်အသတ် အနိုင်ရပြီး ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စု လွှတ်တော်နာယက သူရ ဦးရွှေ မန်းတို့သည် နိုဝင်ဘာ ၁၉ ရက်၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ယင်းတွေ့ဆုံမှုအရ ထုတ် ပြန်သည့် ပူးတွဲကြေညာချက်၌ လွှတ်တော်များ ဖွဲ့စည်းရာတွင် အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် တိုင်းရင်းသား စည်းလုံးညီ ညွတ်ရေးကိုပါ အလေးအနက် ထား ဆောင်ရွက်ရန်၊ ဒုတိယအ ကြိမ် လွှတ်တော်များကို ဥပဒေနှင့်အညီ ခေါ်ယူဖွဲ့စည်းနိုင်ရေးဆွေး နွေးညှိနှိုင်း ပူးပေါင်းဆောင်ရွက် ရန်တို့ ပါရှိသည်။

၂၀၁၀ အထွေထွေရွေး ကောက်ပွဲရလဒ်ကြောင့် ဖြစ်ပေါ် လာသော လက်ရှိလွှတ်တော် သက်တမ်း ငါးနှစ်သည် ၂၀၁၆ ဇန်န၀ါရီ ၃၀ ရက်တွင် ကုန်ဆုံးမည်ဖြစ်ကာ လက်ရှိအစိုးရ သက်တမ်းသည်လည်း ၂၀၁၆ မတ်လ ၃၀ ရက်တွင် ကုန်ဆုံးမည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် လက်ရှိအစိုးရအဖွဲ့ သမ္မတဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့၏ ဒီဇင်ဘာ ၂ ရက် သီးခြားစီတွေ့ဆုံမှုများအရ အာဏာလွှဲပြောင်းရေး ချောမွေ့စေရေးနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက် အောင် လုပ်ဆောင်ရေးတို့ကို ပူး ပေါင်းဆောင်ရွက်ကြရန် သဘော တူထားကြသည်။

7Day Daily

No comments:

Post a Comment