Saturday 12 December 2015

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ သမ္မတရှေ့မှောက်တွင် ကတိသစ္စာခံယူ

မြန်မာနိုင်ငံသ တင်းမီဒီယာကောင်စီဝင် ၂၄ ဦး သည် စာနယ်ဇင်းလောကဖွံ့ ဖြိုးရေးအတွက် သတင်းမီဒီယာ ကျင့်ဝတ်များနှင့်အညီ ဆောင်ရွက်ရာတွင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ဆောင်ရွက်ပါမည်ဟု နိုင်ငံတော်သမ္မတ ရှေ့မှောက်၌ ကတိသစ္စာခံယူခဲ့ကြသည်။
ဒီဇင်ဘာ ၁၁ ရက်က နေပြည်တော်ရှိ သမ္မတအိမ်တော်သဘင် ဆောင်တွင် နံနက် ၉ နာရီမှ စတင်ကာ နာရီဝက်ကြာ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင်များ ကတိသစ္စာပြုခြင်းအခမ်းအနား ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီဝင်အဖြစ် ရွေးချယ်ခံရပြီ ဖြစ်သဖြင့် စာနယ်ဇင်းလောကဖွံ့ ဖြိုးတိုးတက်ရေးကို သတင်းမီဒီ ယာကျင့်ဝတ်များနှင့်အညီ ဆောင် ရွက်ရာတွင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ လိုက်နာ ဆောင်ရွက်ပါမည်၊ သတင်းမီဒီ ယာဥပဒေပါ ရည်ရွယ်ချက်များ အောင်မြင်စေရေး သတင်းမီဒီယာ ကောင်စီ၏ လုပ်ငန်းတာဝန်ဝတ္တ ရားများကို ဖြောင့်မတ်မှန်ကန်စွာ ဖြင့် ကိုယ်စွမ်းရှိသရွေ့၊ ဉာဏ်စွမ်းရှိသရွေ့အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ပါမည်ဟု လေးနက်တည်ကြည်စွာ ကတိသစ္စာပြုပါ သည်ဟု သစ္စာပြုခဲ့ကြခြင်း ဖြစ်သည်။

‘‘နိုင်ငံသားတစ်ယောက်အ နေနဲ့ နိုင်ငံရဲ့ ဥပဒေတွေကို လေး စားလိုက်နာမယ်ဆိုတာက ပုံမှန် ကတိသစ္စာပြုတာတွေမှာ သုံးနှုန်း ရတဲ့ အသုံးအနှုန်းပေါ့။ တကယ် လည်း ဥပဒေကိုဖောက်ဖျက်လို့ မရဘူး။ အဓိကအချက်သည် ကျွန် တော်တို့ သတင်းမီဒီယာဖွံ့ဖြိုး တိုးတက်ရေးအတွက် အစွမ်းရှိသ မျှဆောင်ရွက်မယ်ဆိုတဲ့ အချက် ကတော့ အဓိကပါပဲ’’ဟု နိုင်ငံ တော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ ဆောင်ရွက်ရမည်ဟု ကတိ သစ္စာပြုရခြင်းအပေါ် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင် ဒုဥက္ကဋ္ဌ(၁) ဆရာဖေမြင့်က ပြောကြား သည်။

ကောင်စီ ဖွဲ့စည်းနိုင်ခြင်း အားဖြင့် အခြားအဖွဲ့အစည်းများ ထိန်းချုပ်မှုကို မခံရဘဲ မီဒီယာ အချင်းချင်း စာနယ်ဇင်းကျင့်ဝတ် များကို ထိန်းသိမ်းနိုင်မည်ဟု ဆရာဖေမြင့်က ပြောသည်။

တိုင်ကြားမှုဖြေရှင်းရေးလုပ် ငန်းများ ပွင့်လင်းမြင်သာစွာဖြင့် အများ ယုံကြည်မှုရှိအောင် ဆောင်ရွက်နိုင်ပါက ကျင့်ဝတ်ဆိုင်ရာပြဿနာများနှင့် ပတ်သက်၍ တရားရုံးတွင် ဖြေရှင်းမည့် အစား သတင်းမီဒီယာကောင်စီ၌ ဖြေရှင်းနိုင်မည်ဟု အဆိုပါအခမ်းအနား၌ သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။

‘‘ဒါကြောင့် သတင်းမီဒီယာ ကောင်စီရဲ့ တိုင်ကြားမှုညှိနှိုင်း ဖြေရှင်းရေးလုပ်ငန်းစဉ်ကို အ သက်ဝင်အောင် လုပ်ဆောင်ဖို့ အတွက် အားလုံးပူးပေါင်းလုပ် ဆောင်ကြဖို့ တိုက်တွန်းလိုပါ တယ်’’ဟု သမ္မတဦးသိန်းစိန်က ဆိုသည်။

ထို့အပြင် ကောင်စီသည် သ တင်းမီဒီယာများ၏ ဥပဒေနှင့်အ ညီ လုပ်ငန်းဆောင်ရွက်ခြင်းကို အဖွဲ့အစည်းတစ်ခုခု (သို့မဟုတ်) လူပုဂ္ဂိုလ်တစ်ဦးဦးတို့က စွက်ဖက်နှောင့်ယှက်ခြိမ်းခြောက်ခြင်းများ ပြုလုပ်လာပါက ယင်းပြုလုပ်မှုကို အများပြည်သူသို့ ထုတ်ပြန်ကြေ ညာခြင်း၊ သတင်းမီဒီယာများ လိုက်နာရမည့် တာဝန်နှင့် ကျင့် ၀တ်များကိုလည်း လိုက်နာဆောင်ရွက်နိုင်အောင် အရည်အသွေး မြှင့်တင်ပေးခြင်းစသည့်တာဝန် ရှိသည်ဟု သမ္မတဦးသိန်းစိန်က ဆိုသည်။

7Day Daily

No comments:

Post a Comment