Saturday 12 December 2015

ရန်ကုန်မြို့သစ်စီမံကိန်း တင်ဒါအောင်ကုမ္ပဏီ အစိုးရသစ်လက်ထက် မှသာ ကြေညာနိုင်ဖွယ်ရှိ

ရန်ကုန်မြို့သစ် စီမံကိန်း ပါဝင်သည့် နေရာတစ်ခုအားတွေ့ရစဉ် ။ ဓာတ်ပုံ- ရဲနောင်(ဖယ်ခုံ)
ရန်ကုန်မြို့ သစ်စီမံကိန်းဆိုင်ရာ တင်ဒါအောင် မြင် သည့် ကုမ္ပဏီကို အစိုးရသစ်လက် ထက်မှ သာ ကြေ ညာ နိုင်ဖွယ်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ရန်ကုန်မြို့သစ်စီမံကိန်းမှာ လုပ် ငန်းကျယ်ပြန့်သည့်အတွက် အဆိုပြု တင်ဒါတင်သွင်းသည့် ကုမ္ပဏီသုံး ခုအား စိစစ်နေဆဲဖြစ်ကြောင်း သိရ သည်။ ''ရန်ကုန်မြို့သစ်စီမံကိန်း ပြုလုပ် မယ့်နေရာက ရန်ကုန်မြို့ရဲ့လေး ပုံတစ် ပုံလောက်ရှိပါတယ်။ ရန်ကုန်မြို့သစ် စီမံကိန်းလုပ်ငန်းကလည်း ကျယ် ပြန့်တယ်။ ပမာဏလည်းကြီးမား တယ်။ တင်ဒါစိစစ်နေဆဲပါ။ 

ဆာ ဗေးတွေဘာတွေ လုပ်ရဦးမှာဆိုတော့ အချိန်ကကြာမြင့်မှာပါ။ အချိန်အ တိုင်းအတာကိုတော့ ပြောဖို့ခက် တယ်။ အခုအစိုးရလက်ထက်မှာ ကြေ ညာဖို့ဆိုတာပြောရခက်တယ်။ နောက် အစိုးရသစ်လက်ထက် မှ ကြေညာဖြစ် ဖို့များတယ်'' ဟု ၎င်းကပြောသည်။

ရန်ကုန်မြို့သစ်စီမံကိန်းအတွက် အဆိုပြုထားသည့် ကုမ္ပဏီသုံးခုထဲ မှသာ ရွေးချယ်သွားမည်ဖြစ်ပြီး ယခု စိစစ်နေသည်မှာ နှစ် လကျော်ကြာ ကြာမြင့်နေပြီဖြစ်ကြောင်း သိရသည်။ ရန်ကုန်မြို့သစ်စီမံကိန်း လုပ်ငန်း လုပ်ကိုင်ရန် အဆိုပြုသည့်ကုမ္ပဏီ သုံးခုမှာ ရန်ကုန် အနောက်တောင် ဒေ သဖွံ့ဖြိုးရေး အများနှင့် သက်ဆိုင် သောကုမ္ပဏီ၊ Business Capital City Development Co.,Ltd နှင့် ရွှေပုပ္ပား အပြည်ပြည် ဆိုင်ရာ ဆောက် လုပ်ရေးကုမ္ပဏီ လီမိတက်တို့ ဖြစ် သည်။

ရန်ကုန်အနောက်တောင်ဒေသ ဖွံ့ဖြိုးရေးအများနှင့်သက်ဆိုင်သော ကုမ္ပဏီမှ ရန်ကုန်မြို့သစ်စီမံကိန်း အတွက် အဆိုပြုထားသော ရင်းနှီး မြှုပ်နှံမည့်ငွေမှာ အမေရိကန် ဒေါ် လာ ၁၅ ဘီလီယံဖြစ်ပြီး Business Capital City Development Co., ltd မှ အဆိုပြုထားသော ရင်းနှီးမြှုပ် နှံမည့်ငွေ မှာ ပြည်တွင်း၊ ပြည်ပဘဏ် များမှ ချေးငွေရယူခြင်းနှင့် ရှယ်ယာ ခေါ်ယူခြင်း၊ ဒါရိုက်တာများ ပိုင်ဆိုင် သည့် ရင်းနှီးမြှုပ်နှံမှုဖြင့် အဆိုပြု ထားကြောင်း ၊ ရွှေပုပ္ပား အပြည်ပြည် ဆိုင်ရာ ဆောက်လုပ်ရေးကုမ္ပဏီလီ မိတက်မှ အဆိုပြုထားသော ရင်းနှီး မြှုပ်နှံမည့် ငွေကြေးပမာဏမှာ မြန် မာငွေကျပ် ၅၀၀ ဘီလီယံနှင့် ပြည် တွင်း၊ ပြည်ပဘဏ် များမှချေးငွေရ ယူခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပြုသည့်ကုမ္ပဏီသုံးခုစ လုံးမှာ အခြေခံအချက်များတင်ပြ မှု ပြည့်စုံကြောင်း တင်ဒါခေါ်ယူရေး လုပ်ငန်းအဖွဲ့မှ သိရသည်။

ရန်ကုန်မြို့သစ်စီမံကိန်းကို ရန်ကုန်မြို့အနောက်ဘက် ပန်းလှိုင် မြစ်နှင့် တွံတေး တူးမြောင်းကြား၊ လှိုင် မြစ်နှင့်လှိုင်သာယာ-တွံတေးကားလမ်း အကြားရှိ မြေဧကပေါင်း သုံးသောင်း ပေါ်တွင် တည်ဆောက်မည်ဖြစ်ပြီး၊ ပြီးခဲ့သည့် ၂၀၁၅ ဇွန်လ ၁၅ ရက် က ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ၌ စီမံကိန်းကို အတည်ပြုခဲ့ခြင်းဖြစ် သည်။

TST
Democracytoday

No comments:

Post a Comment