Saturday 12 December 2015

အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီ ရုရှားသမ္မတ ပူတင်၊ နိုင်ငံခြားရေးဝန်ကြီး လက်ဗော့တို့ကို မော်စကို၌ တွေ့ဆုံမည်

အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီသည် ဆီးရီးယားနှင့် ယူကရိန်းရှိ အခြေအနေများကို ဆွေးနွေးရန် လာမည့် အင်္ဂါနေ့တွင် မော်စကို၌ ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် နိုင်ငံခြားရေး ၀န်ကြီး ဆာဂေး လက်ဗော့တို့နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း အမေရိကန် တာဝန်ရှိသူများက သောကြာနေ့တွင် ပြောသည်။

နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ထုတ်ပြန်သော အစီရင်ခံစာ တစ်စောင်၏ အဆိုအရ ၀န်ကြီး ကယ်ရီသည် လာမည့် တနင်္လာနေ့တွင် ပဲရစ်မြို့၌ ဆီးရီးယားအရေး ဆွေးနွေးပွဲများကို တက်ရောက်မည်ဟုသိရသည်။ 

Ref : CNA
Democracy today 

No comments:

Post a Comment