Saturday 12 December 2015

တူရကီတပ်များ ဝင်ရောက်နေမှုကို အီရတ်နိုင်ငံက ကုလသမဂ္ဂကိုတိုင်ကြား

တူရကီစစ်တပ်၏ အီရတ် နိုင်ငံ မြောက် ပိုင်း သို့ ဝင်ရောက်တပ်စွဲခြင်း ကို အီရတ်နိုင်ငံက ကုလသမဂ္ဂ လုံခြုံ ရေးကောင်စီ သို့ တိုင်ကြားလိုက် ကြောင်း အမေရိကန် သံတမန် က ပြောကြားလိုက်သည်။

ကုလသမဂ္ဂဆိုင်ရာ အီရတ်သံ အမတ်ကြီးမိုဟာမက်အလီအလာ ခမ်က ၎င်း၏တိုင် စာအား ကုလသ မဂ္ဂဆိုင်ရာ အမေရိကန် သံတမန် ဆာမာသာပါ ဝါ သို့ ပေးလိုက်သည်။ သူမမှာ ဒီဇင်ဘာလလုံခြုံရေးကောင် စီဥက္ကဋ္ဌဖြစ် သည်။ သူမအား အီရတ် သံအမတ် က အခြားလုံခြုံရေးကောင် စီအဖွဲ့ဝင် ၁၄ နိုင်ငံသို့ ဖြန့်ဝေပေး ရန် ပြောကြားခဲ့သည်။

အီရတ်သံအမတ်ကြီးက ၎င်း ၏ အစိုးရသည် အခြေအနေအပေါ် တွင် အလွန်စိုးရိမ်လျက်ရှိနေကြောင်း၊ ဖြေရှင်း ၍မရဖြစ်နေသည် ဟု ပြောခဲ့ ကြောင်း ပါဝါက ပြောကြားလိုက် သည်။

အီရတ်ဘာရှီကာဒေသတွင် တူရကီတပ်ဖွဲ့ရာပေါင်းများစွာ တပ် ဖြန့်ချထားခဲ့ကြောင်း၊ အီရတ်မြောက် ပိုင်းအစ္စလာမ္မစ်နိုင်ငံ IS တို့ ကြီးစိုး ရာ၌ ဖြစ်ကြောင်း၊ အီရတ်အစိုးရ ကို ဒေါသထွက်စေကြောင်း၊ တူရကီ အား ၎င်းတပ်ဖွဲ့အားလုံးကို ရုပ် သိမ်းပေး ရန် ပြောကြား ခဲ့ပြီးဖြစ် ကြောင်း ၊ အီရတ်ကမခေါ်ဘဲ တရား မဝင် ဝင်ရောက်နေခြင်းဖြစ် သည်ကို ပြောကြား ထားခဲ့ပြီးဖြစ်သည်ဟု ဖော်ပြခဲ့သည်။

တူရကီတပ်က မိုဆူးမြို့အနီး ၌ စခန်းချကာ စစ်သင်တန်းများပေး နေ ခဲ့သည်။ ဤမြို့မှာ IS တို့၏ အ ဓိကခြေကုပ်စခန်းဖြစ်သည်။ လွန် ခဲ့သော အပတ်တွင် တူရကီတပ်ဖွဲ့ ဝင်များကို တိုးမြှင့်ချထားခဲ့သည်။ ပါဝါကပြော သည်မှာ မည်သည့် နိုင်ငံတပ်ဖွဲ့မဆို အီရတ်နိုင်ငံထဲ၌ တပ်စွဲမည်ဆိုပါက အီရတ်အစိုးရ၏ ကြိုတင်ခွင့်ပြုချက်ကို ရယူသွားရ မည်ဟု ဆိုသည်။

ဤသဘောထားမှာ အမေရိ ကန်၏ ပြင်းထန်သော ရပ်တည်ချက် ဖြစ်သည် ဟုလည်း သူမကပြောခဲ့ သည်။ ဤကိစ္စကို အီရတ်နှင့် တူရ ကီကို ညှိနှိုင်းသွား ရမည်ဖြစ်ကြောင်း အီရတ်၊ တူရကီချစ်ခင် ရင်းနှီးမှု မပျက် အောင် အဖြေတစ်ခု ရအောင် ဆွေး နွေးသွား ရမည်ဟု သူမကပြော ခဲ့ သည်။

AFP
Democracytoday‬

No comments:

Post a Comment