Saturday 12 December 2015

ပဲရစ် ညီလာခံတွင် ရာသီဥတုဆိုင်ရာ သဘောတူညီချက် ရရှိပြီ

ပဲရစ်မြို့တွင် ကျင်းပနေသော ရာသီဥတုဆိုင်ရာ ဆွေးနွေးပွဲ တက်ရောက်လာကြသူများသည် နှစ်ပတ်ကြာ အချေအတင် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပြီးသည့်နောက် နောက်ဆုံး မူကြမ်းကို သဘောတူညီချက် ရရှိပြီ ဖြစ်ကြောင်း သိရသည်။
ပြင်သစ်နိုင်ငံခြားရေး ၀န်ကြီး လောရန့် ဖဘီးရက်၏ ရုံးမှ တာဝန်ရှိသူ တစ်ဦးက ဂရင်းနစ် စံတော်ချိန် မနက် ၁၀ နာရီခွဲတွင် ၀န်ကြီးများကို မူကြမ်း တင်ပြမည် ဖြစ်ကြောင်း AFP သတင်းဌာန သို့ပြောသည်။ သဘောတူညီချက် အချက်အလက်အသေးစိတ်ကို ထုတ်ပြန်ခြင်း မရှိသေးပေ။ ပြင်သစ်နိုင်ငံ မြို့တော် ပဲရစ်တွင် အဆိုပါ သဘောတူညီချက်ရရှိရန် အချိန် ၁၆ နာရီ နီးပါးကြာမြင့်ခဲ့ကြောင်း သိရသည်။

Ref : BBC

No comments:

Post a Comment