Saturday 12 December 2015

အစိုးရဌာနများနှင့် အဖွဲ့အစည်းများရှိ နေ့စားအလုပ်သမားများ၏လုပ်ခ တစ်နေ့အလုပ်ချိန် ၈ နာရီ ကျပ် ၃၆၀၀ ပြင်ဆင်သတ်မှတ်

အစိုးရဌာန များနှင့် အဖွဲ့အစည်းများရှိ နေ့စား အလုပ်သမားများ၏ လုပ်ခကို တစ် နေ့ အလုပ်ချိန်ရှစ်နာရီအတွက် ကျပ် ၃၆၀၀ တိုးမြှင့်ပြင်ဆင်သတ်မှတ်လိုက် ကြောင်း သိရသည်။

အဆိုပါ သတ်မှတ်ချက်ကို ဘဏ္ဍာရေးဝန်ကြီးဌာနဝန်ကြီးရုံးမှ အမိန့်ကြော်ငြာစာ ၃၀၀၆/၂၀၁၅ ဖြင့် ဒီဇင်ဘာ ၁၀ ရက်က ထုတ်ပြန်လိုက် ခြင်းဖြစ်ကြောင်း သိရသည်။

ယခုအခါ ပြည်ထောင်စုအစိုးရ အတည်ပြုချက်ဖြင့် ထုတ်ပြန်သည့် အနည်းဆုံး အခကြေးငွေသတ်မှတ် ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ အမိန့်ကြော်ငြာစာအရ မြန်မာတစ်နိုင် ငံလုံးရှိ အလုပ်သမားများအတွက် အနည်းဆုံးအခကြေးငွေအဖြစ် အ လုပ်ချိန်ရှစ်နာရီ၊ တစ်ရက်အတွက် ကျပ် ၃၆၀၀ သတ်မှတ်ခဲ့ကြောင်း သိ ရသည်။

သို့ဖြစ်ရာ အစိုးရဌာနအဖွဲ့အ စည်းများရှိ နေ့စားအလုပ်သမားများ ၏လုပ်ခကို အလုပ်ချိန်တစ်နေ့ရှစ်နာ ရီအတွက် ကျပ် ၃၆၀၀ သို့ တိုးမြှင့် ပြင်ဆင်သတ်မှတ်လိုက်ကြောင်း ယင်း အမိန့်ကြော်ငြာစာ၏ ဖော်ပြချက် အရသိရသည်။ ဌာနအဖွဲ့အစည်းများ အနေဖြင့်လည်း နေ့စားအလုပ်သမား များခန့်အပ်ရာတွင် မိမိဌာနအဖွဲ့အစည်း လုပ်ငန်းလိုအပ်ချက်အရ သက်ဆိုင် ရာဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့်သာ ခန့်ထားရမည်ဟု ယင်းအမိန့်ကြော် ငြာစာတွင် ဖော်ပြပါရှိသည်။
အဆိုပါအမိန့်ကြော်ငြာစာအရ အစိုးရဌာနများနှင့် အဖွဲ့အစည်းများ တွင်လုပ်ကိုင်နေသည့် နေ့စားအလုပ် သမားများသည် ယင်းကဲ့သို့သတ်မှတ် လိုက်သည့် တစ်နေ့ရှစ်နာရီအတွက် ကျပ် ၃၆၀၀ ကို ၂၀၁၅ ခုနှစ် ဒီဇင် ဘာလမှစတင်ကာ ခံစားခွင့်ရရှိတော့ မည်ဖြစ်ကြောင်း သိရသည်။

‪‎Democracytoday‬

No comments:

Post a Comment