Saturday 12 December 2015

သယံဇာတတူးဖော်ရေးမှ ရသောဝင်ငွေဖြင့် ရန်ပုံငွေထူထောင်ရေး ယခုအစိုးရသက်တမ်းတွင် မဖြစ်နိုင်တော့

ဖားကန့်ဒေသတွင် ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းခွင်မှ မြေစာသယ်နေသောကားများ (ဓာတ်ပုံ−မရန်) 
ယခုအစိုးရသက်တမ်း အတွင်း သယံဇာတတူးဖော်ထုတ် လုပ်ရေးလုပ်ငန်းမှ ရရှိသည့်ဝင် ငွေဖြင့် ရန်ပုံငွေတစ်ရပ်ထူထောင် ရန် ပြင်ဆင်ထားသော်လည်း  အချိန်မီမပြီးစီးနိုင်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒုဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက ပြောသည်။

ရန်ပုံငွေထူထောင်ရန်အ တွက် နိုင်ငံတကာမှ ဥပဒေများကို လေ့လာနေပြီး အကြမ်းဖျင်းအား ဖြင့် သယံဇာတတူးဖော်ရေး ငါးမျိုးကိုထည့်သွင်းထားကာ အဆိုပါရန် ပုံငွေထူထောင်ရန် ဥပဒေ ရေး ဆွဲရမည်ဖြစ်သောကြောင့် ယခု လွှတ်တော်သက်တမ်းအတွင်း ရေးဆွဲနိုင်လိမ့်မည်မဟုတ်ကြောင်း ၎င်းက ပြောသည်။

သယံဇာတတူးဖော်ထုတ် လုပ်ရေးလုပ်ငန်းမှရရှိသည့် ၀င် ငွေဖြင့် ထူထောင်ရန်စီစဉ်ထား သော အဆိုပါရန်ပုံငွေသည် နောင်လာနောက်သားများအတွက် အကျိုးဖြစ်ထွန်းရန် ရည်ရွယ်ထား သည်ဟု ဒေါက်တာမောင်မောင် သိမ်းကဆိုသည်။

ရန်ပုံငွေတစ်ရပ်ထူထောင် ရန် သမ္မတဦးသိန်းစိန်၏ခွင့်ပြု ချက်ဖြင့် ၂၀၁၅ စက်တင်ဘာတွင် ဖွဲ့စည်းခဲ့သော်လည်း လက်ရှိအစိုးရ သက်တမ်း၌ အကောင်အထည် ဖော်နိုင်လိမ့်မည်မဟုတ်ဟု ၎င်းက ပြောသည်။

အဆိုပါရန်ပုံငွေတစ်ရပ်ထူ ထောင်ရန် နော်ဝေးအစိုးရက နည်းပညာကူညီပေးပြီး လက်ရှိတွင် အဖွဲ့အစည်းဖွဲ့စည်းထားသည်မှလွဲ၍ ကျန်သည့် လုပ်ငန်းအစီအစဉ်များ  ပြီးမြောက်ခြင်းမရှိသေး ပေ။

သမ္မတဦးသိန်းစိန်အစိုးရသက်တမ်းတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးရန်ပုံငွေ၊ သယံဇာတတူး ဖော်ထုတ်လုပ်ရေးလုပ်ငန်းမှရရှိသည့် ရန်ပုံငွေ၊ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သော ရန်ပုံငွေသုံးခုထူထောင်ရန် ချမှတ်ခဲ့သော် လည်း သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သော ရန်ပုံငွေထူထောင်နိုင်သည်မှလွဲ၍ ကျန်သည့်ရန်ပုံ ငွေလုပ်ငန်းစဉ်များမှာ လည်ပတ် နေဆဲသာ ဖြစ်သည်။

7Day Daily 

No comments:

Post a Comment