Saturday 12 December 2015

စည်းကမ်းနှင့်မညီသော မော်လမြိုင်ဆိပ်ကမ်းအခွန်ကောက်နေမှု အရေးယူသွားမည်ဟုဆို


မွန်ပြည်နယ် မော်လမြိုင်မြို့နှင့် ဘီလူးကျွန်း (ချောင်း ဆုံ)သို့ ဖြတ်သန်းသွားလာရာ မော် လမြိုင် ဘက်ကမ်းရှိ ဆိပ်ကမ်း များ တွင် ကောက်ခံလျက်ရှိသည့် ဆိပ် ကမ်းခွန် (ရေဝန်ခ)များနှင့် ပတ် သက်ပြီး တရားမျှတမှုမရှိပါက ကျန် အစိုးရသက်တမ်းအတွင်း အရေးယူ သွားမည်ဟု လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးလှထွန်းကပြောသည်။
ရေဝန်ခကောက်ခံနေခြင်းသည် ရိုးသားပွင့်လင်းမှုမရှိသည့်အပြင် အခြေအနေ၊ အချိန်အခါနှင့် လူအ နေအထားကိုကြည့်ပြီး မတရား ကောက်ခံနေခြင်း၊ တစ်ခါတစ်ရံ ကောက်ခံသူနှင့် ခရီးသွားများအကြား ပြဿ နာများဖြစ်ပွားမှုရှိနေသည့် အပေါ် ကျန်အစိုးရ သက်တမ်းကာလ အတွင်း မည်သို့တာဝန်ယူဆောင် ရွက်မည်ကို ဒီဇင်ဘာ ၁၀ ရက် ပထမ အကြိမ် မွန်ပြည်နယ် လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအ ဝေးတွင် ချောင်းဆုံမဲဆန္ဒနယ် ကိုယ် စားလှယ် ဦးအောင်နိုင်ဦးက မေးမြန်း ခဲ့ရာ ထိုကဲ့သို့ဖြေကြားခဲ့သည်။

''ကောက်ခံနေတဲ့လူတွေက ဘယ်သူဘယ်ဝါဆိုတာလဲ မသိ ဘူး။ ဥပမာ ဆိုင်ကယ်ဆိုဘယ်လောက် ပိဿာ ချိန်ဘယ်လောက် ဆို ဘယ် လောက် ကြေညာ ဆိုင်းဘုတ်ကပ် ထားတာလည်းမရှိဘူး။ လူကြည့်ပြီး ကောက်တယ်။ တစ်ခါတလေ ပရိ ဘောဂ ပစ္စည်းတွေ ဆို ကျပ် ၂၀၀၀၊ မှ ကျပ် ၃၀၀၀ အထိယူလိုက်တယ်။ တစ်ခါတလေ သောင်း နဲ့ချီတောင်း တယ်။ မကျေနပ်ကြတော့ စကား များကြတဲ့ထိဖြစ်ခဲ့ကြတယ်''ဟု ဦး အောင်နိုင်ဦးကပြောသည်။

ဆိပ်ကမ်းများအတွင်း စည်းစနစ် မကျ စည်းမျဉ်းစည်းကမ်းနှင့်မညီ ဘဲ၊ ရေဝန်ခကောက်ခံနေခြင်းကို မြန်မာ့ ဆိပ်ကမ်းအာဏာပိုင် အနေ ဖြင့် အဆိုပါတံတားများရှိ တာဝန်ကျ ဆိပ်ကမ်းဝန်ထမ်းများအပေါ် စုံစမ်း စိစစ်ကာ မတရားအခွန်ကောက် ခံနေ ကြောင်းတွေ့ ရှိပါက နိုင်ငံ့ဝန်ထမ်း ဥပဒေအရ ထိရောက်စွာအရေးယူ သွားမည်ဟု ဦးလှထွန်းကပြောသည်။

မော်လမြိုင်ဆိပ်ကမ်းမှ ရေယာဉ် များနှင့် ကုန်စည်များအပေါ် ရေဝန် ခကောက်ခံရာတွင် မြန်မာ့ဆိပ်ကမ်း အာဏာပိုင် ရန်ကုန်ရုံးချုပ်မှ သတ် မှတ်နှုန်းထားအတိုင်း ရေယာဉ်အ လျား ၂၅ ပေလျှင် ကျပ် ၅၀၀၊ ပေ ၅၀ လျှင် ကျပ် ၁၀၀၀၊ ၇၅ ပေလျှင် ကျပ် ၁၅၀၀ နှုန်းဖြင့်လည်းကောင်း၊ ကမ်းနဖူးမြေတွင် ဆိုက်ကပ်လျှင် ရေ ယာဉ်အလျား ၂၅ ပေအတွက် တံ တားကပ်ခ၏ တစ်ဝက်နှုန်းကောက် ခံကြောင်း၊ ကုန်စည်များ အပေါ် ကောက် ခံနှုန်းမှာ ဆိပ်ကမ်းပိုင်တံတား တွင် ကုန် ၁ တန်လျှင် ကျပ် ၅၀၊ ကမ်းနဖူးမြေတွင် ကုန် ၁ တန်လျှင် ၂၅ ကျပ်နှုန်းဖြင့် လည်းကောင်း ကောက် ခံနေသည်ဟုလည်း ၎င်းကပြောသည်။ 

မော်လမြိုင်-ဘီလူးကျွန်းကို ယနေ့ထိ ရေလမ်းကြောင်းတစ်ခု တည်းသာ အသုံးပြုသွားလာနေကြ ရပြီး မော်လမြိုင်ဘက် ရှိ ကျောက်မီး သွေးဆိပ်၊ ရာမညတံတား (ကျား တံတား) ဆိပ်၊ အမှတ် (၄) တံတား ဆိပ်နှင့် ဈေးကြီး (သထုံ) တံတားဆိပ် တို့မှ ဖြတ်သန်းကြရကာ ကုန်စည် ပစ္စည်း များနှင့် မော်တော်ယာဉ်များ အတွက် ရေဝန်ခကောက်ခံလျက်ရှိ သည်။

လက်ရှိအနေအထားအရ မော် လမြိုင်ဆိပ်ကမ်းများ တွင် ရေဝန်ခ ကောက် ခံသော တံတားများမှာ ကျောက်မီးသွေးတံတား၊ မြိတ်တံတား နှင့် ဈေးကြီး တံတားတို့ဖြစ်ပြီး ရာမည တံတားကို မော်လမြိုင်စည်ပင်သာ ယာရေးအဖွဲ့၊ အမှတ် (၄) တံတား ကို ပုဂ္ဂလိကပိုင် အငှားချထားခဲ့သည် ဟုသိရသည်။

အထက်ပါကိစ္စနှင့် ပတ်သက်ပြီး ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော် (၈)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တွင်လည်း မေးမြန်း ခဲ့ဖူးရာ ထိုစဉ်က ရေဝန်ခကောက်ခံသူ ဝန်ထမ်းများ သက်ဆိုင်ရာဌာန၏ ရင်ထိုးတံဆိပ် များနှင့် သတ်မှတ်စည်းမျဉ်းစည်း ကမ်းနှင့်အညီ ကောက်ခံ သွားမည်ဖြစ် ကြောင်း၊ ကုန်ပစ္စည်းအလိုက် ယာဉ် အမျိုးအစား အလိုက် ကောက်ခံရန် သတ်မှတ်ထား သည့်နှုန်းထားများ ကို ကြေညာဘုတ် များဖြင့် ပွင့်လင်း မြင်သာစွာ ပြသပေး သွားမည်ဖြစ် ကြောင်း ၊ ကျေနပ်မှုမ ရှိပါက တိုင်ကြား ရမည့် ဌာနဖုန်းနံပါတ်များကို ထည့် သွင်းဖော်ပြဆောင် ရွက်ပေးသွားမည် ဖြစ်ကြောင်း စသဖြင့် ဖြေကြားခဲ့သော် လည်း ပီပြင်စွာ ဆောင် ရွက်နိုင်စွမ်း မရှိသည့်အတွက် ယခုတစ်ကြိမ် ထပ် မံတင်ပြမေးမြန်း ရခြင်းဖြစ်ကြောင်းလည်း ဦးအောင်နိုင်ဦးကပြောသည်။ 

Dawei Watch
Democracytoday

No comments:

Post a Comment