Saturday 12 December 2015

သက်တမ်း ခြောက် နှစ်ပြည့် မြန်မာအလုပ်သမားများ အရေးကို တိကျသော မူဝါဒဖြင့် အမြန်ဆုံးဖြေရှင်းပေးရန် ထိုင်းရောက်မြန်မာလုပ် သား များ တောင်းဆိုမည် ဟု ဆို

ထိုင်းနိုင်ငံရှိ ပတ်စ်ပို့သက်တမ်း ခြောက်နှစ်ပြည့် ပြီး မြန်မာလုပ်သားများအတွက် တိကျသည့် မူဝါဒများချ မှတ်ကာ အ မြန်ဆုံး ပြန်လည်ဖြေရှင်းပေးရန် ထိုင်း နိုင်ငံရှိ မြန်မာသံရုံးရှေ့တွင် ဆန္ဒပြ တောင်းဆိုသွား မည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ သက်တမ်းလွန်ဖြစ်နေ သည့် မြန်မာလုပ်သားများ အတွက် မြန်မာ အစိုးရအနေဖြင့် တိကျသည့် မူဝါဒချမှတ်နိုင်ခြင်းမရှိသေး သည့် အတွက် လုပ်သားဖမ်းဆီးခံရမှုများ ဖြစ်ပေါ်နေသဖြင့် ဒီဇင်ဘာ ၁၈ ရက် တွင်ကျရောက်မည့် အပြည်ပြည်ဆိုင် ရာ ရွှေ့ပြောင်း လုပ်သားများနေ့တွင် ဆန္ဒပြတောင်းဆိုသွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား ကိုစောမောင်ကပြောသည်။

''သက်တမ်းခြောက်နှစ်ပြည့်ကိစ္စ အမြန်ဆုံးဖြေရှင်းပေးဖို့ တောင်းဆို တာက အချိန်ကြာလာတာနဲ့ အ ထောက်အထားရှိ အလုပ်သမားတွေ ကနေ အထောက်အထားမဲ့အလုပ် သမားတွေအဖြစ်ကို ပြောင်းသွားမှာ စိုးလို့ပါ။ အခုက အလုပ်သမားတွေ ကြားမှာ သတင်းအမျိုးမျိုးထွက်နေ ပြီး အလုပ်သမားတွေကို ခေါင်းပုံဖြတ် ချင်တဲ့ ပွဲစားတွေကလည်းရှိနေပါ တယ်။ သက်တမ်းခြောက်နှစ်ပြည့် အ လုပ်သမားတွေအနေနဲ့ သံရုံးမှာပဲ သက်တမ်းထပ်တိုးရမှာလား၊ MoU စနစ်နဲ့ ပြန်ပြီးဝင်လာရမလားဆို တာ အခုထိသေချာရေရာမသိသေး ဘူးဖြစ်နေပါတယ်''ဟု ၎င်းကပြော သည်။

ထိုသို့ သေချာသည့်မူဝါဒမရှိ သည့်အတွက် ဒီဇင်ဘာ ၈ ရက်တွင် ကော့သောင်းအနီးရှိ ထိုင်းနယ်စပ်၌ မြန်မာအလုပ်သမားများ အပါအ ဝင် ကိုယ်ဝန်ဆောင် မြန်မာအမျိုး သမီးများပါ အချုပ်ထဲရောက်သည့် သတင်းကို ကြားသိရကြောင်း၊ ယင်း ကြောင့် ခြောက်နှစ်သက်တမ်းပြည့်နေ သည့် လုပ်သားများအတွက် ထိ ရောက်စွာဖြေရှင်းပေးစေလိုကြောင်း ကိုစောမောင်ကဆိုသည်။

''လောလောဆယ်တော့ အလုပ် သမား ၅၀၀ ကျော်ဆန္ဒပြဖို့ စာရင်း ရထား တယ်။ ဒါပေမဲ့ သက်ဆိုင်ရာ နယ်မြေရဲစခန်းမှာ လူစာရင်း တင်ရင် တော့ ဘယ်လောက်ခွင့်ပြုမယ် ဆိုတာ တော့ မသိသေးဘူး''ဟု ကိုစောမောင် ကဆက်လက်ဆိုသည်။

ဆန္ဒပြရာတွင်လည်း ရွှေ့ပြောင်း လုပ်သားများကို ကာကွယ်စောင့် ရှောက်မှု မပေးနိုင်ခြင်း၊ မြန်မာလုပ် သားများ၏ လုံခြုံရေးကို ပွဲစားအေဂျင် စီများ၏ လက်ထဲသို့ အပ်နှံထားခြင်း၊ ထိုင်းလုပ်ငန်းခွင်အတွင်း လုပ်သား များအပေါ် အမြဲတမ်းခေါင်းပုံဖြတ် ရန် အကွက်ရှာခြင်း၊ အထူးသဖြင့် ဩ့ လုပ်သားပြဿ နာကို တာဝန် ယူဖြေရှင်းပေးမှု မရှိခြင်းနှင့် ရွှေ့ပြောင်း လုပ်သားများ ကိုင်ဆောင် ထားသည့် ပတ်စ်ပို့သက်တမ်း ခြောက်နှစ်ပြည့် ကိစ္စ အမြန် ဆုံးဖြေရှင်းပေး ရန်တို့ ကို တောင်းဆိုဆန္ဒပြသွား မည်ဖြစ် ကြောင်းသိရသည်။

လက်ရှိတွင် ထိုင်းနိုင်ငံရှိနေ ရာအသီးသီးတွင် မြန်မာရွှေ့ပြောင်း လုပ်သား သုံးသန်းကျော်ရှိနေပြီး ထို အထဲတွင် မြန်မာနှင့် ထိုင်းနှစ်နိုင်ငံ အစိုးရတို့၏ သဘောတူညီချက်အရ နိုင်ငံသားစိစစ်ပြီး ယာယီနိုင်ငံကူး လက်မှတ် ထုတ်ပေး သူဦးရေမှာ ၁ ဒသမ ၇ သန်းခန့်၊ MoU စနစ်ဖြင့် လာရောက်သူ လေးသိန်းခန့်နှင့် ထိုင်းအစိုးရက ပန်းရောင်ဘတ်ကတ် ထုတ်ပေးထားသူ ငါးသိန်းခန့်တို့ပါ ဝင်ကြောင်း ထိုင်းနိုင် ငံရောက် ရွှေ့ ပြောင်း အလုပ်သမားအရေး ကူညီ ဆောင်ရွက်သည့် အဖွဲ့အစည်းများမှ သိရသည်။

လုပ်သားများအတွက် နှစ်နိုင်ငံ သဘောတူညီမှုစနစ်ဖြင့် ၂၀၀၉ ခုနှစ် တွင် ထိုင်း-မြန်မာ MoU လက်မှတ် ရေးထိုးကာ နိုင်ငံသားစိစစ်ခြင်း လုပ် ငန်းများ ကို စတင်လုပ်ဆောင်ခဲ့ပြီး ယာယီနိုင်ငံကူးလက်မှတ်များကို ထုတ် ပေး ကာ နှစ်နိုင်ငံမူလသဘော တူညီ ချက်အရ ဗီဇာကို နှစ်နှစ်သက် တမ်းဖြင့် ကိုင်ဆောင်စေခဲ့သည်။ ထိုကာလအ တွင်း သာမန် နိုင်ငံကူးလက်မှတ် မ ထုတ်ပေးနိုင်ခဲ့သည့်အတွက် ထပ်မံ ကာ ဗီဇာနှစ်နှစ်တိုး၍ ၂၀၁၃ ခုနှစ် အထိ လေးနှစ်တာ နေထိုင်ခွင့်ပေး ခဲ့သည်။

သက်တမ်းလေးနှစ်ပြည့်သော် လည်း နှစ်နိုင်ငံအစိုးရက ကြိုတင်စီ စဉ်ထားခြင်းမရှိသည့်အတွက် သက် တမ်းလွန်များ အဖြစ်သို့ ရောက် ရှိကြ သဖြင့် ထိုင်းအစိုးရမှထပ်မံကာ သက် တမ်းနှစ်နှစ် တိုးမြှင့်နေထိုင်ခွင့်ပြုခဲ့ သည်။ ယခုအခါ အဆိုပါလုပ်သား များသည် သက်တမ်းခြောက်နှစ်ပြည့် ကာ သက်တမ်းလွန်အဖြစ်သို့ ပြန် လည်ရောက်ရှိလျက် ရှိနေကြပြီဖြစ် သော် လည်း နှစ်နိုင်ငံအစိုးရအနေ ဖြင့် တိကျသည့် မူဝါဒချမှတ်နိုင်ခြင်း မရှိသဖြင့် ဒုက္ခပေါင်းစုံရောက်ရှိနေ ကြကြောင်းလည်းသိရသည်။

ZCH
Democracytoday‬

No comments:

Post a Comment