Saturday 12 December 2015

ATMကတ်အတုဖြင့် ငွေထုတ်သည့်နိုင်ငံခြားသားကို ငွေကျပ်သိန်းလေးရာကျော်နှင့်အတူဖမ်းမိ

ပြည်တွင်းဘဏ်များ၏ ATMစက်များ လုံခြုံမှုအဆင့်ပိုမြှင့်ရန်လိုပြီလား
---------------------------------------------------------------------------
ရွေးကောက်ပွဲနေ့(နိုဝင် ဘာ ၈ရက်)တွင် လှည်းတန်းရှိ ကမ္ဘောဇဘဏ်၏ ATMစက်နှစ်ခုမှ ငွေကျပ် ၁၈သိန်းကို ကတ်အတုဖြင့် ထုတ်ယူခဲ့သည့် နိုင်ငံခြားသားတစ်ဦးကို ဒီဇင်ဘာ ၁၁ရက်က ငွေကျပ် ၄၉၂ သိန်းကျော်နှင့်အတူ ဖမ်းမိခဲ့ကြောင်း ကမာရွတ်မြို့မရဲစခန်းမှဒုရဲမှူးသိန်းဟန်က ပြောသည်။
နိုဝင်ဘာ ၈ရက် မွန်းလွဲ၃နာ ရီခန့်က ဘူဂေးလ်ရီးယားနိုင်ငံ သားမစ္စတာ Milen Atanasov သည် လှည်းတန်းစင်တာရှိ ATM စက်နှင့် စိန်ဂေဟာရှေ့ရှိ ATM စက်များတွင် VISA,Master,Mastro ကတ်အတုများဖြင့် ငွေ ကျပ် ၁၈သိန်း ထုတ်ယူခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မြို့ရှိ အခြားမြို့နယ်များနှင့် မန္တလေးမြို့ရှိ ATM စက်များ၌ ကတ်အတုများဖြင့် ထုတ်ယူခဲ့ကြောင်း ရဲစစ်ချက်တွင် ၎င်းကိုယ်တိုင် ထွက်ဆိုထားသည်။

‘‘နိုဝင်ဘာ ၉ရက်နေ့မှာ အမှု လာဖွင့်ထားတော့ သူ့ကို စုံစမ်းနေ တာကြာပါပြီ။ ဖမ်းတာကတော့ တိုင်းကအဖွဲ့တွေက ဒီဇင်ဘာ ၁၁ ရက် မနက်ပိုင်းမှာ သူတည်းခိုတဲ့ City Star Hotelမှာ မိပါတယ်’’ဟု အထက်ပါ ရဲအရာရှိကပြော သည်။

မစ္စတာ Milen Atanasovနှင့် အတူ ရရှိသည့်ငွေကျပ် ၄၉၂သိန်း ကျော်မှာ ATMစက်များမှ တစ်လ ကျော်အတွင်းထုတ်ယူခဲ့ခြင်းဖြစ်ပြီး ထုတ်ယူခဲ့သည့်နေရာများကို ၎င်းကိုယ်တိုင်မမှတ်မိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ အကြီးတန်းရဲအရာရှိ တစ်ဦးကပြောသည်။

‘‘လောလောဆယ်က က မ္ဘောဇဘဏ်ATMစက်နှစ်ခုက ခိုး ထုတ်တာကိုပဲသိထားသေးတယ်။ တခြားဘယ်ဘဏ်တွေရဲ့ ATM စက်တွေကနေ ခိုးထုတ်ခဲ့သလဲဆို တာ ဆက်စစ်ဆေးရဦးမယ်’’ဟု အမှုစစ်ရဲအရာရှိကပြောသည်။

အထက်ပါဖြစ်စဉ်မှာ ကမ္ဘော ဇဘဏ် ATMစက်များ၏ အား နည်းချက်ကြောင့်မဟုတ်ဘဲ နိုင်ငံ ခြားသားက ပြည်ပမှအချက်အ လက်အမှန်များယူလာပြီး ပွား ထားသည့်ကတ်များဖြင့်ထုတ်ယူ ခဲ့ခြင်းဖြစ်ကြောင်း KBZကတ်ဌာန မှ လက်ထောက်မန်နေဂျာ ကိုသီ ဟန်ငြိမ်းကပြောသည်။‘‘အချက်အလက်က မှန်နေ တော့ ထုတ်ပေးလိုက်တာပဲ။ ဒါ ပေမဲ့ ကတ်အတုမှန်းသိတဲ့အချိန် မှာ ကျွန်တော်တို့စက်က ကတ်ကို သိမ်းပစ်လိုက်တယ်။System လည်း ပြောင်းပစ်လိုက်တယ်’’ဟု ၎င်းက ပြောသည်။

ပြည်တွင်းရှိ ATMစက်များ သည် အခြားနိုင်ငံများနည်းတူ Magneticနှင့် Chip စနစ် နှစ်ခုစလုံး ခွင့်ပြုပေးထားပြီး ယင်းသို့ခွင့်ပြုပေးထားခြင်းသည် မသမာမှု ပြုလုပ်လိုသူများအတွက် အခွင့်ကောင်းပေးသလို ဖြစ်နေကာ စောင့်ကြည့်မှုပိုင်းလည်း အား နည်းနေကြောင်း ဘဏ်လုပ်ငန်း ဆိုင်ရာနည်းပညာကျွမ်းကျင်သူ တစ်ဦးကသုံးသပ်သည်။

အသက်(၃၆)နှစ်အရွယ်ရှိ မစ္စတာ Milen Atanasovသည် တ ရုတ်နိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံ သို့ ယခုနှစ်နိုဝင်ဘာ ၄ရက်တွင် စတင်ရောက်ရှိလာခဲပြီး ဘူဂေးလ်ရီးယားနိုင်ငံ စက်မှုအထက်တန်းကျောင်း၌ ပညာသင်ယူခဲ့သူဖြစ်ကြောင်း ရဲမှတ်တမ်းတွင်ဖော်ပြထားသည်။

7Day Daily

No comments:

Post a Comment