Saturday 12 December 2015

တစ်ပတ်အတွင်း ဖြေရှင်းပေးမည်ဆိုသည့် ထိုင်းစက်ရုံပိုင်ရှင်၏ ကတိမတည်လျှင် မြန်မာလုပ် သား ၇၀၀ ကျော် နောက်တစ်ကြိမ် ဆန္ဒပြမည်ဟုဆို

မြန်မာလုပ် သား ၇၀၀ ကျော်တို့၏ တောင်းဆို မှုအပေါ် တစ်ပတ်အတွင်းဖြေရှင်း ပေးမည် ဆိုသည့် Sri Siam Food Product စက်ရုံပိုင်ရှင်၏ ကတိစကား မတည်ခဲ့ပါက နောက်တစ်ကြိမ် ဆန္ဒ ပြမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင် အုန်းနွဲ့မြို့၊ လမ်းအမှတ် ၁၂၆ရှိ မုန့် မျိုးစုံထုတ်လုပ်သည့် Sri Siam Food Product စက်ရုံတွင် လုပ်ကိုင်လျက် ရှိသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၇၀၀ ကျော်တို့သည် လုပ်အားခအ ပြည့်မရခြင်းနှင့် အလုပ်သမား အခွင့် အရေးဆုံးရှုံးခြင်းများကို ကြုံတွေ့နေ ရသဖြင့် ဒီဇင်ဘာ ၇ ရက်တွင် စက်ရုံ ရှေ့၌ ဆန္ဒပြတောင်းဆိုခဲ့ကြပြီး အ လုပ်ရှင်မှ တစ်ပတ်အတွင်းဖြေရှင်းပေး မည်ဟုပြောဆိုသဖြင့် ဒီဇင်ဘာ၈ရက် တွင် ပုံမှန်လုပ်ငန်းခွင် ပြန် လည်ဝင် ရောက် ကာ စောင့်ဆိုင်းလျက်ရှိနေ ကြောင်း ၎င်းလုပ်သားပြဿ နာကို ကူညီဆောင်ရွက်ပေးနေသည့် ထိုင်း နိုင်ငံရောက် မြန်မာနိုင်ငံ သားများအဖွဲ့ MAT မှသိရသည်။

MAT မှ ကိုစောမောင်က ''လတ် တလောတော့ ပြေလည်မှုရနေပါ တယ်။ ဘာလို့လဲဆိုရင် အလုပ်ရှင်က တစ်ပတ်အတွင်း ပြေလည်အောင်ဖြေ ရှင်းပေးမယ်လို့ပြောထားလို့ အလုပ် လုပ်ရင်း စောင့်နေကြတာပါ။ တစ် ပတ်ကျော်လို့မှ မဖြေရှင်းပေးရင်တော့ ဆန္ဒပြန်ပြကြမယ်လို့ ပြောပါတယ်''ဟု ဆိုသည်။ လုပ်ခနှင့် လုပ်သားအခွင့်အရေး များ အပြည့်မရရှိသည့်လုပ်သားများ သည် ပန်းရောင်ဘတ်ကတ် ထိုင်း နိုင်ငံအတွင်း ယာယီနေထိုင်ခွင့်ကတ်) နှင့် သာမန်နိုင်ငံကူးလက်မှတ်တို့ဖြင့် အလုပ်လုပ်ကိုင်နေသူများဖြစ်ကြောင်း၊ အဆိုပါစက်ရုံတွင် မြန်မာလုပ်သား များနှင့်အတူ ထိုင်းနိုင်ငံသားလုပ်သား ဦးရေ ၅ဝခန့်ရှိပြီး ၎င်းတို့မှာမူ အလုပ် ရှင်နှင့် မည်သည့်ပြဿနာမှမရှိကြောင်း ကိုစောမောင်က ပြောသည်။

၎င်းစက်ရုံရှိ မြန်မာလုပ်သား များကို လုပ်ငန်းခွင်ကြီးကြပ်သူနှင့်ရုံး စာရေးမများက အနိုင်အထက်ပြုမူ ဆက်ဆံခြင်း၊ လုပ်သားများအားအ ကြောင်းမဲ့ အလုပ်ထုတ်ခြင်းတို့အပြင် လုပ်ငန်းခွင် ထိခိုက်ဒဏ်ရာရရှိပါက လျစ်လျူရှုထားခြင်း၊ အစိုးရအလုပ် ပိတ်ရက်များတွင် အချိန်ပိုလုပ်အားခ မရရှိခြင်း၊ တနင်္ဂနွေအလုပ်ပိတ်ရက် များတွင် လုပ်ခနှစ်ဆမရရှိခြင်း၊ အချိန် ပိုလုပ်အားခ မှန်ကန်စွာမရရှိခြင်း၊ လုပ်ခ လစာများကို မှန်ကန်စွာမရှင်းပေးခြင်း စသည်တို့ကြောင့် ဆန္ဒပြတောင်းဆို ခဲ့ခြင်းဖြစ်သည်။

ZCH
‪Democracytoday‬

No comments:

Post a Comment