Saturday 12 December 2015

လက်ရှိအစိုးရ သက်တမ်းအတွင်း နိုင်/ကျဉ်းများ ပြန်လွှတ်ပေးမည် ဟု ယူဆကြောင်း

လက်ရှိအ စိုးရသက်တမ်းအတွင်း နိုင်ငံရေး အကျဉ်းသားများကို ပြန်လွှတ်ပေး မည်ဟု ယူဆကြောင်း နိုင်ငံရေးအ ကျဉ်းသားများကူညီစောင့်ရှောက်ရေး အသင်း (AAPP) မှ မြန်မာနိုင်ငံ တာဝန်ခံ ဦးအောင်မျိုးကျော်က ပြောသည်။ ''လွတ်နိုင်စရာ အလားအလာ တွေလည်း အများကြီးရှိတယ်။ ကြား ရတဲ့သတင်းတွေအရ တရားရုံးတွေ ကိုသွားနေတဲ့ ပုံစံတွေ အရ အမိန့် အမြန်ချနိုင်အောင် ဦးတည်နေတယ်'' ဟု ၎င်းကပြောသည်။

AAPP အနေနှင့် နိုင်ငံရေး အကျဉ်းသားများ အမြန်ဆုံးလွတ် မြောက်ရေးအတွက် ကူညီပေးရန် ၂၀၁၅ အနိုင်ရပါတီ ဒီချုပ်သို့ စာ ပေးပို့ထားသလို လက်ရှိအစိုးရကို လည်း အမျိုးသားပြန်လည်သင့်မြတ် ရေးကို ရှေးရှုကာ ထောင်ကျရော၊ တရားရင်ဆိုင်ဆဲ နိုင်/ကျဉ်းများကိုပါ အမြန်ဆုံးလွှတ်ပေးရန် သမ္မတရုံးသို့ စာပေးပို့ထားကြောင်း ဦးအောင်မျိုး ကျော်က ပြောသည်။

''အမျိုးသားပြန်လည်သင့်မြတ် ရေးကို အများကြီးအထောက်အကူ ဖြစ် လိမ့်မယ်ဆိုပြီး အကြံပြုထားတယ်။သမ္မတရုံးကိုပို့ထားတာ။ ဒီကိစ္စဟာ အစိုးရအနေနဲ့ နာမည်ကောင်းရ မယ့် အချက်ဖြစ်တယ်'' ဟု ၎င်းက ပြော သည်။ လက်ရှိအစိုးရသက်တမ်း အ တွင်း သမ္မတကလွတ်ငြိမ်းခွင့်ပြုခဲ့ရာ တွင် ထောင်ကျ နိုင်/ကျဉ်းများသာ မက အမှုရင်ဆိုင်ဆဲ နိုင်/ကျဉ်းများ လည်းပါဝင်ကြောင်း ၎င်းက ဆက် လက်ပြောသည်။

၈၈ မျိုးဆက်ကျောင်းသားခေါင်း ဆောင်တစ်ဦးဖြစ်သူ ကိုဂျင်မီကမူ လက်ရှိအစိုးရသက်တမ်းအတွင်း နိုင်/ ကျဉ်းများ ပြန်လွှတ်ပေးမည်ဆိုခြင်း အပေါ် များစွာသံသယရှိကြောင်း ပြောသည်။

''လွှတ်ပေးမယ်ဆို လွှတ်ပေး နိုင်တဲ့ နည်းလမ်းတွေ အများကြီးရှိ ပါတယ်။ မလွှတ်ပေးချင်လို့ မလွှတ် ပေးတာဗျ။ ကျွန်တော်တို့အခုလည်း တောင်း ဆိုနေတာပဲ'' ဟု ကိုဂျင်မီ ကပြောသည်။

သို့သော် နောက်တက် လာမည့် အစိုးရသစ်လက်ထက်ကျလျှင် နိုင်/ ကျဉ်းများကို ဆောလျင်စွာ လွှတ်ပေး နိုင်ကြောင်း ၎င်းကဆက်လက်ပြော သည်။ ဒီချုပ်အစိုးရ တက်လာပြီး နောက် နိုင်/ကျဉ်းလွတ်မြောက်ရေးကို မည်သို့ကိုင်တွယ်မည်နည်းဟု ဒီချုပ် ပြောခွင့်ရ ဦးဝင်းမြင့်အား ဆက်သွယ် မေးမြန်းခဲ့ရာ ၎င်းက ''ကျွန်တော်တို့ လည်း လွှတ်တော်မှာ အကြိမ်ကြိမ် အဆိုတင်တာပဲ၊ လွှတ်ပေးဖို့။ နောက် တက်လာမယ့်အစိုးရက ဆောလျင် စွာ ဦးစားပေးဆောင်ရွက်မလားဆို တော့ ဘယ်လိုပြောရမလဲ၊ အဖွဲ့ကိုယ် စားအန်ကယ်ပြောလို့မရဘူး။ အန် ကယ့်အနေနဲ့တော့ လွှတ်ပေးလိမ့် မယ်လို့ထင်တယ်'' ဟု ပြောသည်။

HSL
‎Democracytoday‬

No comments:

Post a Comment