Tuesday 8 December 2015

ရခိုင်ပြည်နယ်မြို့လေးမြို့တွင် ရွှေပါရမီ ကျန်းမာရေးဖောင်ဒေးရှင်းက အခမဲ့ဆေးကုသပေးမည်

မြန်မာနိုင်ငံတွင်ဒုတိ ယအဆင်းရဲဆုံးပြည်နယ်ဖြစ်သည့် ရခိုင်ပြည်နယ်ရှိ မြို့နယ် လေးမြို့နယ်မှ ဆင်းရဲနွမ်းပါးသူ ဒေသခံများအား ရွှေပါရမီကျန်းမာ ရေးဖောင်ဒေးရှင်းက အခမဲ့ဆေးကုသပေးမည်ဟု သိရသည်။
‘‘ရွှေပါရမီတောရ ဆရာ တော်အရှင်ဆန္ဒာဓိကရဲ့ လမ်းညွှန်ချက်နဲ့ ရခိုင်ပြည်နယ်မှာ ပထ မဆုံးအခမဲ့ဆေးကုသဖို့ လာ ရောက်ရတာဖြစ်ပါတယ်။ ရှေ့ ပြေးအနေနဲ့ မြောက်ဦး၊ ကျောက် တော်၊ စစ်တွေကဒေသခံတွေကို စာရင်းလာကောက်တဲ့အနေနဲ့ မျက်စိဝေဒနာရှင်တွေကို စမ်းသပ် ပေးတာ၊ မျက်မှန်ပေးတာတွေ ဆောင်ရွက်နေပါတယ်’’ဟု မြောက်ဦးမြို့သို့ ရောက်ရှိနေသည့် ရွှေပါရမီကျန်းမာရေးဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ယခုဆေးကုသရေးအစီအ စဉ်အတွက် မြောက်ဦးမြို့ ရတ နာ့ မာန်အောင်ဘုန်းတော်ကြီး ကျောင်းတွင် ဒီဇင်ဘာ ၅ရက်၌ မျက်စိဝေဒနာရှင်တစ်ထောင် ကျော်အား အခမဲ့စမ်းသပ်ပေးခြင်း၊ ခွဲစိတ်ရမည့်လူနာများကို စာရင်းကောက်ယူခြင်းနှင့် မျက်မှန်လိုအပ်နေသူများအား မျက်မှန်အခမဲ့ပြုလုပ်ပေးခြင်းများဆောင်ရွက်ပေးခဲ့ပြီး မျက်စိခွဲစိတ်ရမည့်လူနာများကို စစ်တွေမြို့တွင် ခွဲစိတ်ကုသပေးမည်ဖြစ်သည်။

‘‘ဘုန်းဘုန်းကတော့ ဆေးကု တဲ့နေရာကို မလာနိုင်တဲ့သူတွေ ကို သူတို့ရှိတဲ့နေရာအထိ ဆေးကု အဖွဲ့က သွားရောက်ကုသပေးရ မယ်ဆိုပြီးလမ်းညွှန်ထားပါတယ်’’ ဟု ရွှေပါရမီကျန်းမာရေးဖောင်ဒေးရှင်းမှ ဆရာဝန်တစ်ဦးကပြော သည်။

ဒီဇင်ဘာ ၁၁မှ ၁၃ရက်အ ထိ လေးမြို့နယ်မှ မျက်စိရောဂါ ဝေဒနာရှင်များ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါဝေဒနာရှင် များအပါအ၀င် အထွေထွေရောဂါ များကိုလည်း အခမဲ့ကုသပေးမည်ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောသည်။
7 day

No comments:

Post a Comment