Saturday 12 December 2015

အမဲအူသုပ်နှင့် ရွှေဖရုံသီး ရောစားမိရာမှ လူ ၁၂ ဦး ဝမ်းလျှော အော့အန်

မြိတ်မြို့နယ် ဈေးတန်းရပ်ကွက် ဈေးခေါင်း(၁)လမ်းရှိ နေအိမ်တစ်အိမ်တွင် ဒီဇင်ဘာလ ၁၀ ရက် နံနက် ၁၁ နာရီဝန်းကျင်က အမဲအူသုပ်နှင့် ရွှေဖရုံသီး ရောစားမိရာမှ လူကြီးခြောက်ဦးနှင့် ကလေးခြောက်ဦး ဝမ်းလျှော အော့အန်မှုဖြစ်ပွားခဲ့ကြောင်း အဆိုပါ မိသားစုနှင့် ဆွေမျိုးတော်စပ်တူ ဒေါ်ဆာဂျီထံမှ သိရသည်။

ဝမ်းလျှောအော့အန်မှုဖြစ်ပွားခဲ့သည့် လူကြီး ၆ ဦးမှာ မြိတ်ပြည်သူ့ဆေးရုံကြီးနှင့် ကလေး ၆ ဦးမှာ မိခင်နှင့်ကလေးကုသဆောင် တို့တွင် ဆေးဝါးများကုသမှုခံယူနေကြရသည်ဟု သက်ဆိုင်ရာ ဆေးရုံ များမှ စုံစမ်းသိရသည်။

“လုပ်ထားတာက မသန့်ရှင်းတော့ အစာအဆိပ်သင့်ပြီး ရိုးရိုးဝမ်းသွားတာပါ၊ အခုအားလုံးသက်သာနေပါပြီ”ဟု မြိတ်ပြည်သူ့ ဆေးရုံကြီးမှ တာဝန်ကျ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောကြားသည်။

အဆိုပါ ဆေးရုံတက်လူနာများအား မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်းက လူကြီးတစ်ဦးလျှင် ငွေတစ်သောင်းကျပ်နှုန်း၊ ကလေးတစ်ဦးလျှင် ငွေငါးထောင်ကျပ်နှုန်းတို့ကို ထောက်ပံ့ငွေများအဖြစ် လာရောက်ပေးအပ်ထားကြောင်း ဒေါ်ဆာဂျီထံမှ သိရသည်။

The Voice Weekly 

No comments:

Post a Comment