Friday 15 May 2015

ဒေသဖွံ့ဖြိုးရေးကိစ္စများတွင် ဝင်ရောက်စွက်ဖက်လာသော RCSS/SSA

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးနဲ-မိုင်းပန်ကြား၊ မိုးနဲမြို့နယ်၊ ကာကျေးရွာအုပ်စု၊ ပန်စိမ့်ကျေးရွာတွင် ကေဘယ် ဆက်သွယ်ရေးတူးမြောင်းတူးဖော်သည့် လုပ်ငန်းများလုပ်ကိုင်နေသော Myanmar Fiber Optic Communication Network Co,Ltd သို့ RCSS/SSA အဖွဲ့တစ်ဖွဲ့ရောက်ရှိလာကြောင်း ယင်းဒေသခံ ရွာသားများ ထံမှ သိရသည်။

အဆိုပါအဖွဲ့သည် ကာကျေးရွာအုပ်စု၊ ပန်စိမ့်ကျေးရွာသို့ ရောက်ရှိလာပြီး ကုမ္ပဏီမှ တာဝန်ခံအား ခေါ်ယူ၍ လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်ခြင်းမပြုရန် တားမြစ်ပြောဆိုသွားကြောင်း အလုပ်သမားတစ်ဦး၏ ပြောပြချက် အရသိရသည်။

“သူတို့အဖွဲ့တွေ ရောက်လာပြီး ဆက်သွယ်ရေးမြောင်းတူးတဲ့ လုပ်ငန်းတွေ ဆက်မလုပ်ဖို့တားတယ်၊ ဆက်လုပ်မယ်ဆိုလည်း လွယ်တိုင်းလျှံရဲ့ခွင့်ပြုချက်ယူပေါ့၊ အဲလိုမျိုးလာပြောသွားတယ်”ဟု ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါအဖွဲ့အနေဖြင့် နိုင်ငံတော်ကအသိအမှတ်ပြုထားသည့် လုပ်ငန်းများကို ဝင်ရောက်နှောင့်ယှက် နေခြင်း ဟာ ပြည်နယ်အစိုးရနှင့် နိုင်ငံတော်အစိုးရကို မလေးစားရာရောက်ကြောင်း ကျေးရွာအုပ်ချုပ်ရေး မှူးတစ်ဦးက ပြောသည်။ 

ယခုလို RCSS/SSA အဖွဲ့အနေဖြင့် အစိုးရ၏ စီမံကိန်းလုပ်ငန်းများကို တားဆီးပိတ်ပင်ခြင်းသည် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုလက်မှတ်ရေးထိုးထားသည့် စာချုပ်ကိုချိုးဖောက်ရာ ရောက် ကြောင်းနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ဆောင်မှုကို နှောင့်နှေးအောင်ပြုလုပ်ရာရောက်ကြောင်း မိုးနဲမြို့ခံ ကျောင်းဆရာတစ်ဦးက ပြောကြားသွားသည်။

စိုင်းနောင်
Shan News 

No comments:

Post a Comment