Friday 15 May 2015

မြန်မာနိုင်ငံသို့ မေ ၁၆ရက်တွင် မုတ်သုံစတင်ဝင်ရောက်မည် ဖြစ်ကြောင်း ဒေါက်တာထွန်းလွင် ပြောကြား

မြန်မာနိုင်ငံသို့ မေ၁၆ ရက်တွင် မုတ်သုံစတင် ဝင်ရောက်မည်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်ကပြောသည်။

မြန်မာနိုင်ငံ တောင်ပိုင်းသို့ အနောက်တောင်မုတ်သုံလေ စတင် ဝင်ရောက်မည်ဖြစ်ကာ အဆိုပါ အနောက် မုတ်သုံလေသည် မြန်မာနိုင် ငံတောင်ပိုင်း၊ ကပ္ပလီပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော် တောင် ပိုင်းတို့ကို မေ ၁၆ ရက်တွင် ရှေ့ပြေး အနေနဲ့ဝင်ရောက်ပြီး မေ ၁၈ ရက်မှ ၂၀ ရက်များတွင် တစ်နိုင်ငံလုံးသို့ လုံးဝဝင်ရောက်မည်ဖြစ်သည်။

အဆိုပါ မုတ်သုံလေကြောင့် မွန်၊ တနင်္သာရီကမ်းရိုးတန်းနှင့် ကမ်း လွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများ ကျရောက်ပြီး၊ လှိုင်းကြီးနိုင်ကြောင်း၊ ရေလှိုင်းများမြင့် တက်နိုင်ပြီး မိုးရေချိန်လက်မ (တစ် လက်မခွဲမှ သုံးလက်မခွဲထိ) ရွာသွန်း နိုင်ကြောင်း သိရသည်။

''မုတ်သုံက အခုနောက်ပိုင်း တွေမှာ အဝင်နောက်ကျပြီး အထွက် စောတယ်။ မိုးရာသီဟာ မေ ၁၅ ကစတယ် ၁၄၅ ရက်မိုးရာသီရှိတယ်။ အခုတော့ မေလကုန်မှစတယ်။ စက် တင်ဘာ ၁၅ မှာဆုံးတယ် ၁၀၅ရက် ပဲရှိတော့တယ်။ ရက်ပေါင်းလေးဆယ် ဆုံးရှုံးတယ်။ မုတ်သုံမိုးကလဲ သုံးဆယ်ရာခိုင်နှုန်း ဆုံးရှုံး တယ်''ဟု ဒေါက်တာထွန်းလွင်ကပြောသည်။

မုတ်သုံဝင်ရောက်လာသည့် အပြင် မြန်မာနိုင်ငံ၏ အပူဆုံးဒေသများဖြစ်နေသည့် မကွေးတိုင်း၊ စစ်ကိုင်း တိုင်းအောက်ပိုင်းနှင့် မန္တလေးတိုင်း အနောက်ပိုင်းတို့တွင် မိုးရွာသွန်းနိုင်သည့်အလားအလာများကြောင့် အပူချိန်လျော့ကျလာနိုင်သည်။

ယခင်က အနောက်တောင် မုတ်သုံသည် တစ်နိုင်ငံလုံးကို မေ ၁၅ ရက်တွင်စတင်ဝင်ရောက်ပြီး ယခု အခါ တွင် တစ်နိုင်ငံလုံးကို မေလကုန်ပိုင်းတွင်သာ ဝင်ရောက်တော့ကြောင်း၊ မုတ်သုံအဝင်နောက်ကျပြီး အထွက် စောခြင်းကြောင့် မိုးရာသီတိုတောင်း လာကြောင်းသိရသည်။

MMA
‪Democracytoday‬

No comments:

Post a Comment