Friday 15 May 2015

၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အထိ စစ်ဆင်ရေး များ၌ သေဆုံးဒဏ်ရာရသည့်အရပ်သား ကိုးထောင်ကျော်ရှိ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှ ယနေ့အထိ စစ်ဆင်ရေးတွင် အရပ်သားလုပ်သား သုံးစွဲမှု မရှိတော့ဟု ကာကွယ်ရေးဝန်ကြီးဌာနပြော

၁၉၈၈-၁၉၈၉ ဘဏ္ဍာရေးနှစ်မှ ၂၀၁၂-၂၀၁၃ ဘဏ္ဍာ ရေးနှစ်အထိ စစ်ဆင်ရေးများတွင် တာဝန် ထမ်းဆောင် ခဲ့သည့် အရပ် သားများအနက် သေဆုံးဒဏ်ရာရ သူ ကိုးထောင်ကျော် ၉၄၀၆ဦးရှိခဲ့ ကြောင်းနှင့် ၂၀၁၃-၂၀၁၄ဘဏ္ဍာ ရေးနှစ်မှ ယနေ့အချိန်ထိ အရပ်သား လုပ်သားသုံးစွဲမှုမရှိတော့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိ ယဝန်ကြီးဗိုလ်ချုပ်ကျော်ညွန့်က ပြောသည်။

''၁၉၈၈-၁၉၈၉ဘဏ္ဍာရေးနှစ် ကနေစပြီးတော့ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အထိ စစ်ဆင်ရေး တာဝန် ထမ်းဆောင်တဲ့ အရပ်သား အလုပ်သမားများငှားရမ်းအသုံးပြုခဲ့မှု ကွပ်ကဲမှုဌာနချုပ်များမှ အမှုတွဲ ပေးပို့ တင်ပြမှုအရ သေဆုံး ၇၈၁ရ ဦး၊ ဒဏ်ရာရ ၁၅၈၉ဦး စုစုပေါင်း ၉၄၀၆ဦးရှိပြီး လျော်ကြေးငွေပေးခဲ့ ပြီးတော့ ၂၀၁၃-၂၀၁၄ဘဏ္ဍာရေး နှစ်ကစပြီးတော့ ယနေ့အချိန်ထိ အရပ်သားအလုပ်သမားငှားရမ်းအသုံးပြုမှု မရှိတော့ပါ''ဟု ကာကွယ်ရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဗိုလ် ချုပ်ကျော်ညွန့်က ပြောသည်။

မေ ၁၄ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်(၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသန်းနိုင်က စစ်ဆင်ရေးအထောက်အကူ ပြုဝန်ထမ်းအဖြစ် တပ်မတော် သားများနှင့်အတူ လိုက်ပါစဉ်အသက် ခန္ဓာ၊ ပစ္စည်းဥစ္စာဆုံးရှုံးခဲ့သော ပြည်သူများမနစ်နာစေ ရန် အတွက် ထိုက်သင့်သော အသိအမှတ်ပြုလွှာ များထုတ်ပေးရန်နှင့်ထောက် ပံ့ကူညီမှုများမည်သို့ စီမံဆောင်ရွက် ထားကြောင်း သိရှိလိုသည်ဟုမေး မြန်းမှုနှင့်စပ်လျဉ်းပြီး ကာကွယ်ရေးဝန်ကြီးဌာနဒုတိယဝန်ကြီးက ယင်းကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

ယင်းနှင့်ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဗိုလ်ချုပ်ကျော်ညွန့်က ''တပ်မတော် တပ်ရင်းတပ်ဖွဲ့များမှာ စစ်ဆင်ရေးတွင် အရပ်သား အလုပ်သမားများ၊ နေ့စားအလုပ်သမားများဖြင့် ငှားရမ်း အသုံးပြုခဲ့တာရှိပါ တယ်။ ဒါနဲ့ပတ်သက်လို့ မစွမ်းမ သန်ဖြစ်ခဲ့ရင်လဲ တည်ဆဲအလုပ် သမားလျော်ကြေး ဥပဒေအရ လျော် ကြေးခံစားခွင့်ရှိပါ တယ်''ဟု ပြောသည်။

စစ်ဆင်ရေးများတွင် တာဝန်ထမ်းဆောင်ခဲ့သည့်ငှားရမ်းအရပ်သား အလုပ်သမားများ လျော်ကြေးငွေ အနေဖြင့် သေဆုံးလျှင်ကျပ်လေးသိန်းခွဲ၊ ဒဏ်ရာရဆေး ၁၀ဝရာ ခိုင်နှုန်းရလျှင်ကျပ် ခြောက်သိန်းကို ခံစား နိုင်ကြောင်း ကာကွယ်ရေးဦး စီးဌာနကောင်စီက အမိန့်အမှတ် ၅/အထူး/၂၀၁၅ဖြင့် ထုတ်ပြန်ထားကြောင်း လည်း ယင်းက ပြော သည်။

အရပ်သူအရပ်သားများ စစ် ဆင်ရေးတွင် ဒဏ်ရာရရှိပါကလည်း တပ်မတော်ဆေးရုံများတွင် အတွင်း၊ အပြင်လူနာအဖြစ် ကုသခွင့်ရှိကြောင်း လည်း ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော် ညွန့်က ဆိုသည်။

နိုင်ငံတော်အေးချမ်းသာယာ ရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဂုဏ်ထူး ဆောင်ဘွဲ့များ၊ တံဆိပ်များဆိုင်ရာ ပြဋ္ဌာန်းချက် အမိန့်ကြော်ငြာစာအမှတ် ၄၈/၂၀၀၉ အခန်း ရအရ ဂုဏ်ထူး ဆောင်အရည်အချင်းများ စာပိုဒ် ၁၅ မှာ နိုင်ငံတော်လုံခြုံရေးနဲ့အေးချမ်း သာယာရေးအတွက် တပ်မတော် နှင့်တွဲဖက်ပေးထားသော မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်အ ဖွဲ့ဝင်များ၊ ပြည်သူ့ဝန်ထမ်းများနှင့် ပြည်သူများကိုလည်း သတ်မှတ်အ ရည်အချင်းများနှင့်ပြည့်မီသည်အ ထိ သက်စွန့်ကြိုးပမ်းဆောင်ရွက် ပါက အောင်ဆန်းသူရိယ(သို့မဟုတ်)သီဟသူရဘွဲ့(သို့မဟုတ်)သူရဘွဲ့ ချီးမြှင့်အပ်နှင်းနိုင်သည်ဟု ပြဋ္ဌာန်း ထားကာ ယင်းဘွဲ့များအပြင်အခြား သက်ဆိုင်ရာဘွဲ့နှင့်တံဆိပ်များရရှိနိုင်ပြီး ရရှိသည့်ဘွဲ့၊ တံဆိပ်များအ လိုက် လစဉ်ချီးမြှင့်ငွေများရရှိနိုင် ကြောင်းလည်း သိရသည်။

YM
‪‎Democracytoday‬

No comments:

Post a Comment