Friday 15 May 2015

စစ်တပ်အတွက် အမျိုးသမီးတပ်သား သစ်စုဆောင်းရာတွင် အပျိုစစ်မစ် စစ်ဆေးမှုအား ဖျက်သိမ်းရန် အင်ဒိုနီးရှားအား လူ့အခွင့်အရေး အုပ်စုတောင်းဆို

စစ်တပ်အတွက် အမျိုးသမီးတပ်သားသစ်များနှင့် စစ်အရာရှိများနှင့် စေ့စပ်ထားသော အမျိုးသမီးများအား အပျိုစစ်မစစ်စမ်းသပ်မှုအား ဖျက်သိမ်းရန် လူ့အခွင့်အရေးအဖွဲ့တစ်ခုက အင်ဒိုနီးရှားကို မေ ၁၄က တောင်း ဆိုလိုက်သည်။ ထို့အပြင် ယင်းသို့စစ်ဆေးခြင်းက ဂုဏ်သိက္ခာကို ထိခိုက်ပြီး ရက်စက်ရာရောက် ကြောင်းလည်း ၄င်းအဖွဲ့ကပြောကြားခဲ့သည်။

အင်ဒိုနီးရှားသမ္မတအနေဖြင့် ယင်းသို့စစ်ဆေးမှုများကို ရပ်တန့်ရန် စစ်ဆေးရုံများကို စေခိုင်းသင့်ပြီး ယင်းသို့စစ်ဆေးမှုများမှာ အင်ဒိုနီးရှားက အတည်ပြု ထားသော နိုင်ငံတကာလူ့အခွင့်အရေး သဘော တူညီချက်များကို ချိုးဖောက်ခြင်းဖြစ်ကြောင်းလည်း လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW) ကပြောကြား ခဲ့ သည်။ယင်းသို့စမ်းသပ်မှုက သိပ္ပံပညာအရတရားဝင်မှုမရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ကပြောကြားခဲ့သည့်တိုင် စစ်တပ်နှင့် ရဲတပ်ဖွဲ့သို့ ၀င်ရောက် ရန် ကြိုးစားသည့်အမျိုးသမီးများကို အပျိုစစ် မစစ် စမ်းသပ်မှုများ ပြုလုပ်ခဲ့ကြောင်း မွတ်စလင်ဦးရေးအများဆုံးရှိသည့် အင်ဒိုနီးရှားက ၀န်ခံခဲ့သည်။

" အမျိုးသမီးလူသစ်တွေကို အပျိုစစ်မစစ်စမ်းသပ်တာဟာ အန္တရာယ်ရှိပြီး လူ့ဂုဏ်သိက္ခာကျဆင်းရုံပဲရှိပြီး အမျိုးသားလုံခြုံရေး ကိုခိုင်မာအောင် လုပ်တာနဲ့ဘာမှ မဆိုင်ဘူးဆိုတာကို အင်ဒိုနီးရှားစစ်တပ်က အသိ အမှတ် ပြုသင့်ပါတယ် "ဟု HRW ၏ အမျိုးသမီးအခွင့်အရေးဒါရိုက်တာ နီရှာဗာရီယာက ပြောကြားခဲ့သည်။

လာမည့်သီတင်းပတ်တွင် အင်ဒိုနီးရှားတွင် ကျင်းပမည့် နိုင်ငံတကာစစ်ဘက်ဆိုင်ရာဆေးကော်မတီ(ICMM)၏ ကမ္ဘာကွန်ဖရင့်ကို ၄င်းတို့၏ တောင်းဆိုချက် ကို ထောက်ခံရန် HRW ကတောင်းဆိုထားသည်။ ICMM သည် ဆေးတပ်အဖွဲ့ဝင်များကြားပူးပေါင်းဆောင်ရွက်မှုမြင့်တင်ရန် ရည်ရွယ်သည်။

Mizzima - News in Burmese 

No comments:

Post a Comment