Friday 15 May 2015

၁၉၈၈ မှ၂၀၁၂ ခုနှစ်အထိ စစ်ဆင်ရေး တာဝန်ထမ်းဆောင်စဉ် အရပ်သား အလုပ်သမား (ပေါ်တာ) ၇၈၀၀ ကျော် သေဆုံးခဲ့သော်လည်း ၂၀၁၃ ခုနှစ်မှစ၍ အရပ်သားအလုပ်သမား ငှားရမ်းအသုံးပြုမှု မရှိတော့ဟုဆို

၁၉၈၈ မှ ၂၀၁၂ ခုနှစ်အထိ စစ်ဆင်ရေး တာဝန်ထမ်းဆောင်စဉ် အရပ်သားအလုပ်သမား (ပေါ်တာ) ၇၈၀၀ ကျော် သေဆုံးခဲ့သော်လည်း ၂၀၁၃ ခုနှစ်မှစ၍ အရပ်သားအလုပ်သမား ငှားရမ်းအသုံးပြုမှုများ မရှိတော့ ကြောင်း ကာကွယ်ရေး ၀န်ကြီးဌာနမှ ဒုတိယ ၀န်ကြီး ဗိုလ်ချုပ်ကျော်ညွန့်၏ ပြောကြားချက်အရ သိရသည်။

မေ ၁၄ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသန်းနိုင်၏ “စစ်ဆင်ရေး အထောက်အကူပြု ၀န်ထမ်းအဖြစ် တပ်မတော်သားများနှင့်အတူ လိုက်ပါစဉ် အသက်ခန္ဓာ၊ ပစ္စည်းဥစ္စာ ဆုံးရှုံးခဲ့ရသော ပြည်သူများ မနစ်နာစေရေးအတွက် ထိုက်သင့်သော အသိ အမှတ်ပြုမှု၊ ဂုဏ်ပြုလက်မှတ်၊ ဂုဏ်ပြုလွှာတို့ကို စိစစ်ထုတ်ပေးရေးနှင့် ယင်းတို့၏ ဘ၀အဆင်ပြေရေး အတွက် ထောက်ပံ့ကူညီမှုများ ပြုလုပ်ပေးရန် နိုင်ငံတော်မှ စီစဉ်မှုများရှိနေခြင်းရှိ၊ မရှိ” မေးခွန်းအား ပြန် လည် ဖြေကြားရာတွင် ကာကွယ်ရေး ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီးက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှစ၍ ၂၀၁၂ -၂၀၁၃ ဘဏ္ဍာနှစ်အထိ စစ်ဆင်ရေးတာဝန် ထမ်းဆောင်စဉ် အရပ် သား အလုပ်သမားများအား ငှားရမ်းအသုံးပြုခဲ့ပြီး ကွပ်ကဲမှုဌာနချုပ်များမှ အမှုတွဲပေးပို့တင်ပြမှုအရ သေဆုံး ၇၈၁၇ ဦး၊ ဒဏ်ရာရ ၁၅၈၉ ဦး၊ စုစုပေါင်း ၉၄၀၆ ဦးအား လျော်ကြေးငွေများ ပေးလျော်ခဲ့ပြီးဖြစ်ကြောင်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှစ၍ ယနေ့အချိန်အထိ အရပ်သား အလုပ်သမားများ ငှားရမ်းအသုံးပြုမှုများ မရှိတော့ပါကြောင်း ဗိုလ်ချုပ်ကျော်ညွန့်က ပြောကြားသည်။

“တပ်မတော် တပ်ရင်း၊ တပ်ဖွဲ့ များသည် စစ်ဆင်ရေးတွင် အရပ်သား အလုပ်သမားများကို နေ့စားအလုပ် သမားများအဖြစ် ငှားရမ်းအသုံးပြုရပါတယ်။ ထိုသို့ အသုံးပြုရာတွင် အလုပ်သမားများသည် တာဝန်ဝတ္တရား ထမ်းဆောင်ခြင်းကြောင့် ထိခိုက်ဒဏ်ရာ ရရှိသည်ဖြစ်စေ၊ လုပ်ငန်းတာဝန်နှင့် တိုက်ရိုက်ပတ်သက်သည့် ရောဂါကြောင့်ဖြစ်စေ မသန်စွမ်းဖြစ်ခဲ့လျှင် (သို့မဟုတ်) သေဆုံးခဲ့လျှင် တည်ဆဲအလုပ်သမား လျော်ကြေး ဥပဒေအရ လျော်ကြေးများ ရခွင့်ရှိပါတယ်” ဟု ကာကွယ်ရေးဝန်ကြီးဌာနမှဒုတိယ၀န်ကြီး ဗိုလ်ချုပ် ကျော်ညွန့် က ပြောကြားသည်။

ကာကွယ်ရေးကောင်စီ အမိန့်အရ စစ်ဆင်ရေး အလုပ်သမားများအတွက် လျော်ကြေးအဖြစ် သေဆုံးလျှင် ကျပ် ၄၅၀၀၀၀၊ ဒဏ်ရာရဆေးရလျှင် ကျပ် ၆၀၀၀၀၀ ခံစား ခွင့်ပြုရန် သတ်မှတ်ပြဋ္ဌာန်း ထားခဲ့သည်ဟု သိရသည်။              

Eleven Media Group​ 

No comments:

Post a Comment