Friday 15 May 2015

ကျပ်သိန်း ၂,၀၀၀ ကျော်ဖိုး အိုက်စ် မူးယစ်ဆေးများ ရှမ်းပြည်နယ်၊ တာလေတွင် ဖမ်းမိ

ကျပ်သိန်းနှစ်ထောင်ကျော် တန်ဖိုးရှိ အိုက်စ်မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိသည့် ဖြစ်စဉ်တစ်ခု မေ ၁၃ ရက်၊ ညနေ ၅ နာရီခန့်က ရှမ်းပြည်နယ်၊ တာလေမြို့နယ်တွင် ဖြစ်ပွားခဲ့သည်ဟု တာချီလိတ် မူးယစ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ တာချီလိတ်မူးယစ်တပ်ဖွဲ့၊ တာလေနယ်မြေ ရဲစခန်းနှင့် စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် တာလေမြို့နယ်၊ နားယောင်းအုပ်စု၊ တောင်သုံးလုံး ကျေးရွာအနီး၊ တာချီလိတ်-တာလေသွား ကားလမ်းပေါ်တွင် တာလေဘက်မှ တာချီလိတ်ဘက်သို့ အသက် ၃၂ နှစ်အရွယ် ယာဉ်မောင်းစိုင်းလစ် မောင်းနှင်လာသည့် Mark II ယာဉ် တစ်စီးကို တားဆီးစစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာ ယာဉ်နောက်ဖုံးအတွင်းမှ အိုက်စ် (မူးယစ်ဆေးဝါး တစ်မျိုး) အဖြူရောင်ပုံဆောင်ခဲ အလေးချိန် (၈ ဒသမ ၅) ကီလိုခန့်၊ ကာလတန်ဖိုးငွေကျပ်သိန်းပေါင်း ၂,၁၂၅ သိန်းဖိုး သိမ်းဆည်းရမိခဲ့ သည် ဟု ရဲမှတ်တမ်းများတွင် ဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်နှင့် စပ်လျဉ်း၍ ယာဉ်မောင်းကို တာလေနယ်မြေ ရဲစခန်းက မူးယစ်ပုဒ်မနံပါတ် (ပ) ၉/၂၀၁၅၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသည့် ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က) ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်နေသည်ဟု သတင်းထုတ်ပြန်ထားသည်။

7Day DAILY 

No comments:

Post a Comment