Friday 15 May 2015

ထိုင်းနှင့် မလေးရှားနယ်စပ်တွင် ဒုက္ခသည်စခန်းဟုယူဆရသော ကြီးမားသည့် စခန်းတစ်ခုကို ထိုင်းရဲတပ်ဖွဲ့ ထပ်မံတွေ့ရှိ

Photo Caption: ဒုက္ခသည်စခန်းဟုယူဆရသည့် စခန်းတစ်ခု၌ တွေ့ရသော ထိုင်းရဲတပ်ဖွဲ့ဝင်များ
ထိုင်းအာဏာပိုင်များက ထိုင်း-မလေးရှားနယ်စပ်တွင် ဒုက္ခသည် စခန်းဟုယူဆရသည့် နောက်ထပ် စခန်း တစ်ခုကို ထပ်မံတွေ့ရှိခဲ့ကြောင်း၊ ယင်းသည် ယခင်တွေ့ရှိခဲ့သည်များ ထက် ပိုမိုကြီးမားကြောင်း The Straits Times သတင်းတွင် ဖော် ပြသည်။

ထိုစခန်းသည် လွန်ခဲ့သောတစ် နှစ်ခန့်က တည်ဆောက်ခဲ့သည်ဟု ယူဆရကာ ယင်းကို မလေးရှားနှင့် နယ်စပ်ခိုးကူးတောင်ကုန်းတွင် မေ ၁၂ ရက်၌ ရှာတွေ့ခဲ့သည်ဟု Bernama သတင်းတွင် မေ ၁၃ ရက်၌ ဖော်ပြသည်။ ထိုစခန်းသည် မကြာ သေးမီက ဘင်္ဂါလီဒုက္ခသည် ၂၆ ဦး၏အလောင်းများကို ရှာတွေ့ခဲ့ သည့် ပထမစခန်းနှင့် သုံးကီလိုမီ တာအကွာတွင် တည်ရှိကြောင်း ထို နေရာသို့ရောက်ရှိနေသည့် သတင်း ထောက်တစ်ဦး၏ ပြောကြားမှုကို ကိုးကားကာBernama ၌ပင် ဖော် ပြသည်။

ယခုရှာတွေ့ခဲ့သည့် စခန်းသည် ဘင်္ဂါလီဒုက္ခသည်များကို ထိန်းသိမ်း ရာတွင် အသုံးပြုရန်ဟု ယူဆရပြီး ယင်းသည် လူ ၁၀၀၀ ကျော်ခန့်နေထိုင်နိုင်သည် အထိ ကြီးမားသည် ဟု ဆိုသည်။ ယင်းတွင် အိပ်ခန်း ၂၁ ခန်း၊ အိမ်သာရှစ်လုံး၊ ရေချိုးစင် နှစ်ခု၊ မီးဖိုလေးခုနှင့် ခန်းမကျယ် ကြီးတစ်ခု ပါဝင်သည်ဟု သိရသည်။

Ref: The Straits Times
Democracytoday‬

No comments:

Post a Comment