Friday 15 May 2015

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ ပါကစ္စတန်နိုင်ငံနှင့် ဆားဗီးယား နိုင်ငံများသို့ ချစ်ကြည်ရေး ခရီး သွားရောက် ရာမှ မြန်မာ နိုင်ငံသို့ ပြန်လည်ရောက်ရှိ

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ပါကစ္စတန်နိုင်ငံ ပါကစ္စတန် တပ်မတော် ပူးတွဲ စစ်ဦးစီးချုပ်များ ကော်မတီ ဥက္ကဋ္ဌ General Rashad Mohmood ၏ ဖိတ်ကြားချက်အရ ပါကစ္စတန် နိုင်ငံသို့ လည်းကောင်း၊ ဆားဗီးယား နိုင်ငံ ကာကွယ်ရေး ၀န်ကြီး H. E. Mr. Bratislav Gasic ၏ ဖိတ်ကြားချက်အရ ဆာဗီးယား နိုင်ငံသို့လည်းကောင်း ချစ်ကြည်ရေး ခရီး အသီးသီး သွားရောက်ခဲ့ပြီး မေ ၁၃ရက် ဒေသစံတော်ချိန် မွန်းလွဲ ၁နာရီတွင် ဆာဗီးယားနိုင်ငံ၊ ဘဲလ်ဂရိတ်မြို့ Nikola Tesla အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ပြန်လည် ထွက်ခွာ လာခဲ့ရာ ယူအေအီး နိုင်ငံမှ တစ်ဆင့် ရန်ကုန်မြို့သို့ ပြန် လည်ရောက် ရှိသည်။


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်၌ မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန် သံအမတ်ကြီး H.E. Mr Ehsan Ullah Batth ၊ မြန်မာနိုင်ငံ ဆိုင်ရာ ဆာဗီးယား သံအမတ်ကြီး H.E.Mr. Miodrag Nilolin၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထွန်းထွန်းနောင်နှင့် တပ်မတော် အရာရှိကြီးများက ကြိုဆို နှုတ်ဆက်ကြသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့ တပ်မတော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ဆက်လက် ထွက် ခွာလာခဲ့ရာ မွန်းလွဲပိုင်းတွင် နေပြည်တော် လေဆိပ်သို့ ရောက်ရှိကြရာ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကာကွယ်ရေးဦးစီးချုပ် ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူးတို့က ကြိုဆို နှုတ်ဆက်ကြသည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အတူ အဖွဲ့ဝင်များအဖြစ် လိုက်ပါ သွားကြသော ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ စစ်ဦးစီးအရာရှိချုပ်(ရေ) ဗိုလ်ချုပ်တင်အောင်စန်းနှင့် တပ်မတော်အရာရှိကြီးများ ပြန်လည်လိုက်ပါလာခဲ့ကြကြောင်း သတင်းရရှိ သည်။

မြ၀တီ

No comments:

Post a Comment