Thursday 21 May 2015

အဓိကနဲ့ သာမည


ရွေးကောက်ပွဲကြီး နီးလာတော့ အသံတွေမျိုးစုံအောင် ကြားလာရသဗျ။ ၄၃၆ နဲ့ ၅၉(စ) ပြင်ဖို့ကိုချည်းပဲ ဖိ တွန်းနေသူတွေ ရှိသလို၊ အဲဒါတွေ မပြင်ရင်ဘဲ ဝင်အရွေးမခံတော့ဘူး လိုလို၊ သပိတ်ပဲ မှောက်မလိုလို ပြောနေကြတာတွေလည်း ရှိသဗျ။ ပြီးတော့ကာ လက်ရှိအစိုးရ လက် ထက်မှာတော့ အဲဒီ ၄၃၆ နဲ့ ၅၉ (စ)ကို မပြင်နိုင်ပါဘူးလို့ ဆိုတဲ့ သူကလည်း ရှိပြန်သဗျ။ ဗိုလ်ချုပ်ကြီး တွေ တစ်ဖြစ်လဲအရပ်သားအစိုးရ ဘာလုပ်လုပ်ယုံကိုမယုံနိုင်ပါဘူးဆိုသံတွေလည်း ကြားရပြန်သဗျ။ ဘယ်သူတွေဘာပဲပြောပြော မျက်စိ မှိတ်ပြီးယုံကြတာတွေလည်းရှိသဗျ။

အမတ်ဦးရေ ဘယ်နှယောက် ရမှ အဲဒီပါတီက သေချာပေါက် သမ္မတဖြစ်မှာလို့ တွက်ချက်ပြသူ တွေလည်းရှိသဗျ။ သာမန် သင်္ချာ သဘောအရတော့ ဟုတ်ပေမယ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေက အမတ်တွေ ဘယ်ဘက် ပါနိုင်တယ် ဆိုတာကိုထည့်တွက်ထားတာမတွေ့ ရဘူးဗျ။ ဘယ်ဒေသမှာ မဲဆွယ် စည်းရုံးရင်တော့ အဲဒီ ဒေသခံတွေ အနေနဲ့ လက်ရှိအစိုးရကို စိတ် အနာဆုံးဖြစ်စေမယ့် အကြောင်း အရာကိုပြောပြီး စည်းရုံးပါလို့ ရွှေ ကြိုလုပ်နေသူတွေကိုလည်း တွေ့ရ သဗျ။ချေးခြောက်ရေနှူး ပြောနေကြ တာတွေကိုလည်း တွေ့ရသဗျ။အားလုံးကို ခြုံကြည့်လိုက် တော့အနိုင်ရရေးနဲ့သမ္မတ ဖြစ်ရေး ကိုပဲဦးတည်နေကြတာကို တွေ့ရ သဗျ။ တိုင်းပြည် အရှည်တည်တံ့ ဖို့နဲ့ ပြည်တွင်းငြိမ်းချမ်းရေး တည် မြဲဖို့အတွက် ဘယ်လို နိုင်ငံတော် ကြီး ထူထောင်မယ်၊ဘယ်လို စီးပွား ရေးစနစ်နဲ့သွားကြမယ်ဆိုတာတွေ ကိုတော့ ဘယ်သူ့ဆီကမှပြောသံတွေ မကြားရဘူးဗျ။အများကောင်း စား ရေးဆိုပြီး ခြုံငုံပြောနေကြတာကိုပဲ တွေ့နေရတယ်။ ပြည်ထောင်စု ဒီမို ကရေစီနိုင်ငံတော်ကြီးကို ဘယ်လို ပုံစံနဲ့တည်ထောင်ကြမယ်ဆိုတဲ့ အရေး အကြီးဆုံးကိစ္စကြီးကို မေ့နေကြ ဟန်တူသဗျ။ ဒီကြားထဲ ၁၉၄၇ ခုနှစ်အခြေခံဥပဒေ အတိုင်းပဲပြန် သွားချင်တယ်ဆိုတဲ့ သူတွေကလည်း ရှိပြန်သဗျ။
အမှန်မတော့ အဲဒီ ၁၉၄၇ ခုနှစ် အခြေခံဥပဒေဟာ ပြည် ထောင်စုစနစ်အတွက် ရေးဆွဲထား တယ် ဆိုပေမယ့်အုပ်ချုပ်မှု အပိုင်း မှာ တစ်ပြည်ထောင်စနစ်ကို ဦးစား ပေးထားပြီးတော့ အဲဒီအခြေခံ ဥပဒေအခန်း(၁ဝ)အရတော့ ဆယ် နှစ်ပြည့်ရင်ပြည်နယ်တွေဟာ ပြည် ထောင်စုကနေ ခွဲထွက်နိုင်တယ် ဆိုတဲ့ အခွင့်အရေးကို ပေးထား ပြန်သဗျ။ ရေးဆွဲခဲ့တဲ့ သူတွေကို တော့ အပြစ်ဆိုစရာ မရှိပါဘူး။ သူ့ခေတ် သူ့အခြေအနေအရ အ ကောင်းဆုံးဖြစ်အောင် အတော်ဆုံး လူတွေက ရေး ဆွဲခဲ့ကြတာပါပဲ။ စကားစပ်လို့ ပြောရရင် တစ် ပြည်ထောင်စနစ် ဆိုတာ ကတော့ ဗဟိုကပဲ အာဏာကို ထိန်းချုပ်ဖြန့် ဝေတာပါပဲ။ တိုင်းတွေ ပြည်နယ် တွေမှာအုပ်ချုပ်ရေးအဖွဲ့တွေဘယ် လိုပဲရှိရှိနောက်ဆုံးဗဟိုကပဲ အဆုံး အဖြတ်ပေးတာပါပဲ။ ဗြိတိန်၊ ဂျပန်၊ ပြင်သစ်နိုင်ငံတွေဟာ တစ်ပြည် ထောင်စနစ် နိုင်ငံတွေပါပဲ။ အရှေ့ တောင်အာရှမှာဆိုရင် ထိုင်း၊ အင်ဒိုနီးရှား အစရှိတဲ့ နိုင်ငံတွေဟာ တစ်ပြည်ထောင်စနစ်တွေပါခင်ဗျ။
ပြည်ထောင်စုစနစ်က တော့ တိုင်းနဲ့ပြည်နယ်တွေ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွေနဲ့ ဗဟို ဟာ အာဏာကို ခွဲဝေသုံးစွဲကြရ ပါတယ်။သူ့ဒေသနဲ့သူ လုပ်ပိုင်ခွင့် အာဏာတွေ ပေးထားပေမယ့် နိုင်ငံခြားရေးမူဝါဒလို အရေးပါတဲ့ ကိစ္စတွေကိုတော့ ဗဟိုကပဲ ထိန်း ချုပ်ထားပါတယ်။ ကိုယ်ပိုင် အုပ် ချုပ်ခွင့်ရဒေသ ဆိုတာကလည်း အချုပ်အခြာအာဏာကို အပြည့်အဝ ရပြီး လုံးဝလွတ်လပ်တဲ့ဒေသတွေ (Independent State) မဟုတ်ပါ ဘူးခင်ဗျ။ ဒီတော့ကာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတွေ ဒေသတွေကို စုစည်းထားတာကို Union State လို့ခေါ်ပြီး၊ လုံးဝလွတ်လပ်တဲ့ အချုပ်အခြာအာဏာရ ပြည်နယ်တွေကို စုထားတာကိုတော့ hUnion of States လို့ခေါ်ကြကြောင်း လေ့လာဖူးပါသဗျ။
အဲသလို လုံးဝလွတ်လပ်တဲ့ အချုပ်အခြာအာဏာရ ပြည်နယ်တွေကိုစုပြီး နိုင်ငံတည်ထောင်ထားတာကို hUnion of States လို့ ခေါ် ကြသလို၊ Confederate Statesလို့လည်း ခေါ်ကြပါတယ်။ အမေရိကန် ပြည်ထောင်စုဟာ တစ်ချိန်က အဲသလိုနိုင်ငံမျိုး ဖြစ်ခဲ့သဗျ။ Confederate States of America အတိုကောက်အားဖြင့် CSA လို့ ခေါ်ခဲ့ကြသဗျ။ သဘောတူ စာချုပ် တစ်ခုနဲ့ ဖွဲ့စည်းထားတဲ့ အမေရိကန်ပေါ့ခင်ဗျာ။ ၁၈၆ဝ-၆၁ တုန်းက အမေရိကန် ပြည်ထောင်စုကနေ ခွဲထွက်ကြတဲ့ တောင်ပိုင်းကပြည်နယ်တွေဟာ အဲဒီလိုနိုင်ငံတော်ကို တည်ထောင်ခဲ့တယ်ဗျ။ တိုတိုပြော ရရင်တော့ အဲသလိုလုပ်ခဲ့ရာမှာ ဘယ်လိုမှ ထိန်းလို့သိမ်းလို့ မရ တော့တာကြောင့် တောင်ပိုင်း မြောက်ပိုင်းပြည်တွင်း စစ်ကြီးပါ ဖြစ်လာပြီး၊ နောက်ဆုံးမတော့ ကနေ့သိနေရတဲ့ ပြည်ထောင်စု နိုင်ငံပုံစံကိုပြန်ဖွဲ့ရပြီး အမေရိကန် ပြည်ထောင်စုဖြစ်လာခဲ့ရပါသဗျာ။
ဒါဟာ အင်မတန်ယူသင့်တဲ့ သင်ခန်းစာတစ်ခုဗျ။ လွတ်လပ် သောအချုပ်အခြာအာဏာရ ပြည် နယ်တွေဒေသတွေကိုစုပြီး တိုင်း ပြည်တစ်ခုထောင်ဖို့ဆိုတာ ဖြစ်နိုင် ခြေအင်မတိအင်မတန် နည်းပါးလှတယ်လို့ အားလုံးက သုံးသပ်ကြသဗျ။ ၂ဝရာစုမှာလည်း အစိပ်စိပ် အမြွှာမြွှာကွဲသွားတဲ့ ဆိုဗီယက်ပြည်ထောင်စုကြီးကို နမူနာယူသင့် တယ်ခင်ဗျ။ ခုထိဆော်နေနှက်နေ ကြတုန်း မဟုတ်လား။ တစ်ပြည် ထောင် စနစ်နဲ့ကတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ၁၉၇၄ အခြေခံ ဥပဒေဟာ တစ်ပြည်ထောင် စနစ် ဥပဒေပဲ။ ခုတော့ မရှိတော့ပါဘူး။ ခု ၂ဝဝ၈ အခြေခံဥပဒေကတော့ ပြည်ထောင်စုစနစ်ကို ဦးစားပေး ထားတယ်ဗျ။
သို့သော်တိုင်းရင်းသား မျိုးနွယ် စုရာကျော်ရှိနေပြီး၊ အဲဒီမျိုးနွယ် စုတွေအသီးသီး ပေါင်းစုထားတဲ့ အဓိကလူမျိုးစုကြီး ၈ ခု စုပေါင်း ထားလို့ဖြစ်ပေါ်လာရတဲ့ ကျွန်တော် တို့ မြန်မာနိုင်ငံအတွက်ကတော့ ညှိနှိုင်းပြင်ဆင်စရာတွေကတော့ ရှိနေဦးမှာပဲ။ ဒီတော့ကာ ပြည် ထောင်စုလည်းမပြိုကွဲရလေအောင် တိုင်းပြည်လည်း ငြိမ်းချမ်းရေး ရလေအောင် သေသေချာချာဝိုင်း ဝန်းဆောင်ရွက်ရမယ့် အင်မတိ အင်မတန်အရေးကြီးသော ကိစ္စ ကြီးတစ်ခုဖြစ်ပါတယ်ဗျ။ အားလုံး တန်းတူညီမျှတဲ့ အခွင့်အရေးတွေရ မှသာလျှင်စည်လုံးမှုအင်အားကောင်း ပြီးတော့ အားလုံးအတူတကွ တိုး တက်ကြီးပွားရေးအတွက် အပြန် အလှန်ပူးပေါင်းဆောင်ရွက်မှုအား ကောင်းလာမှာဗျ။
ပြီးတော့ကာ နိုင်ငံတစ်ခု အ တွက် အရေးအကြီးဆုံးဖြစ်တဲ့ စီးပွားရေးစနစ်ကိုရော ဘယ်လိုစနစ် နဲ့သွားမလဲ။ ဒီမိုကရေစီဆိုတာ စီးပွားရေးစနစ် မဟုတ်။ ဆိုရှယ် လစ်စီးပွားရေးစနစ်ဆိုတာကလည်း မဖြစ်နိုင်တော့ဘူး။ ဒီတော့ကာအရင်း ရှင်ပုံစံစီးပွားရေးစနစ်ကိုပဲ သွားကြရမယ်။ ဦးလည်း ဦးတည်နေပါတယ်။ သို့သော် လူနည်းစုတစ်စု က အကြီးအကျယ် ချမ်းသာသွား ပြီး ကျန်တဲ့သူတွေက မွဲပြာကျလု နီးပါးအဖြစ်ဆီကိုလည်း ရောက်လို့ မဖြစ်ပြန်ဘူးနော်။ အလုပ်သမား လယ်သမားတွေအကျိုးကို အများကြီးစောင့်ရှောက်ပေးဖို့ လိုတယ်ဗျ။နိုင်ငံခြား ကုမ္ပဏီကြီးတွေကို ရင်းနှီးမြှုပ်နှံခွင့်တွေ လုပ်ပိုင်ခွင့်တွေ ပေးရာမှာလည်း ကိုယ်က သူတို့ရဲ့ လက်ဝေခံဖြစ်မှန်းမသိ ဖြစ်မ သွားရအောင် သေသေချာချာလုပ်ကြဖို့လိုတယ်။ ခုလည်းလွှတ်တော် မှာ ဥပဒေတွေလုပ်နေကြတာတွေ့ ပါတယ်။ လုပ်လည်း လုပ်နေကြပါ တယ်။ ငြိမ်းချမ်းရေးအတွက်လည်း ဆွေးနွေးပွဲတွေ ဆက်တိုက်လုပ်နေ ကြလို့အပစ်အခတ်ရပ်စဲရေး အဆင့် ကိုတောင်ရောက်နေပါပြီ။ အလုပ်ဆိုတာလုပ်နေရင် အမှားကတော့ ရှိမှာပဲ။ သဘောရိုးနဲ့ မှားတာမျိုးတွေကို ပြောတာပါ။ ရည်ရွယ်ချက် ရှိရှိနဲ့ အမှားလုပ်တာမျိုးကတော့ မရှိသင့်ပါဘူးခင်ဗျ။ ဘာမှမလုပ် တဲ့ သူကတော့ ဘာမှမမှားဘူး ပေါ့ဗျာ။သို့သော်သူကဘာမှ မလုပ် ဘဲနဲ့ဘေးထိုင်ဘုပြောပြီး လုပ်နေ သူတွေမှားသမျှကိုအပြစ်ဖို့နေတာကလည်း မလုပ်သင့်ပါဘူးခင်ဗျ။အဓိကကတော့ ဘယ်သူပဲ အာဏာရရ၊ ဘယ်သူပဲ သမ္မတ ဖြစ်ဖြစ်၊ ဖြစ်တဲ့သူတွေရော မဖြစ်တဲ့သူတွေရော ညီညီညွတ်ညွတ် စည်းစည်းလုံးလုံးနဲ့ ဝိုင်းလုပ်ကြရင် ဒီမိုကရေစီနိုင်ငံကြီး ဘာကြောင့် မဖြစ်ရမှာလဲဗျာ။ တစ်ယောက်နဲ့ တစ်ယောက် မျက်စောင်းထိုး၊ တွက်ကပ်နေကြပြီး ဘေးထိုင် ဘု ပြော လုပ်နေကြလို့ကတော့ တိုင်း ပြည်ဟာ နာလန်ထူဦးမှာ မဟုတ် ဘူးဗျ။ ခုဆိုအရှိန်ကလေး ရစပြု နေပါပြီ။ ခုထက်ပိုပြီး တက်ညီ လက်ညီ အားထည့်ပြီး လုပ်ကြဖို့လို သဗျ။ နောက်ကြောင်း မပြန်ဘူးဆို တဲ့စကားကိုလည်း အားလုံးလိုက် နာကြဖို့လိုသဗျ။ မျက်မှောက် အခြေ အနေကို အပေါ်စီးကကြည့်မိတော့ မြင်နေရကြားနေရတာလေးကို မနေ နိုင်မထိုင်နိုင် ချရေးမိလိုက်ပြန်သပေါ့ဗျာ။
ဟက်ကာ
popularmyanmar

No comments:

Post a Comment