Thursday 21 May 2015

ရေရှားပါးနေသည့် ကြို့ပင်ကောက်မြို့တွင် မေတ္တာရေစင်အဖွဲ့နှင့် အလှူရှင်များပူးပေါင်း၍ နေ့စဉ်ရေလှူဒါန်းနေ

ပဲခူးတိုင်း ဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်အ တွင်းရှိ ဒေသခံပြည်သူများသည် သောက်သုံးရေရှားပါး၍ ဒုက္ခများ ကြုံတွေ့ လျက်ရှိရာ မေတ္တာရေစင် အဖွဲ့၊ အလှူရှင်များနှင့်မီးသတ်တပ် ဖွဲ့များပူးပေါင်း၍ မြို့ပေါ် ရပ်ကွက် များနှင့် ကျေးရွာအချို့တွင် ဧပြီလ ဆန်းမှစတင်ကာ နေ့စဉ်ရေလှူဒါန်း ပေးနေကြောင်း သိရသည်။

''နေ့စဉ်အနည်းဆုံး မီးသတ်ရေ သယ်ယာဉ်လေးခေါက်နှင့် ဝါဆို ကျောင်းက ကားနဲ့သောက်ရေအတွက် နှစ်ခေါက်လှူဒါန်းနေပါတယ်။ တချို့ နေ့တွေမှာဆို ၁၁ ခေါက်လောက် အထိ လှူဒါန်းနေပါတယ်။ ကုန်ကျ စရိတ်အတွက် ပါဝင်လှူဒါန်းသူများ ကဲ ပိုမိုပူးပေါင်းပါဝင်လာနေကြပါ တယ်''ဟု မေတ္တာရေစင်အဖွဲ့မှ တာ ဝန်ရှိသူတစ်ဦးက ပြောသည်။

''ရေဝယ်သုံးနိုင်သူတွေတောင် အခက်အခဲဖြစ်နေတော့ ဝယ်မသုံး နိုင်သူတွေဆို အတော်ကြီးအခက် အခဲဖြစ်နေကြပါတယ်၊ ဒါကြောင့် ကျွန်တော်တို့လဲ တတ်နိုင်သရွေ့ပါ ဝင်လှူဒါန်းနေကြတာပါ''ဟု အလှူ ရှင်တစ်ဦးဖြစ်သူ ဦးဘိုကြီး(လန်းလန်း ဆန်းဆန်းကဖီး) က ပြောသည်။

''ဝါဆိုကျောင်းဆရာတော်ကြီး ရဲ့ ဩဝါဒကိုခံယူုပြီး ဆောင်ရွက် နေတာပါ၊ ဒီနှစ်ကပိုပူပြီး၊ ရေပိုရှား လာလို့ အခုလိုကျယ်ကျယ်ပြန့်ပြန့် လုပ်ဖြစ်ခဲ့တာ''ဟု မေတ္တာရေစင်အ ဖွဲ့ဝင် ကိုကျော်ကျော်လွင်ကပြောသည်။ ကြို့ပင်ကောက်မြို့သည် မြေအောက်ရေတူးဖော်ရာတွင်လည်း အခက် အခဲများရှိနေကာ၊ ရေတွင်း ရေကန် များလည်း မတ်လလောက်မှစ၍ ခန်းခြောက်သဖြင့် နှစ်စဉ် နွေရာသီရောက်တိုင်း ရေရှားပါးမှု ဒဏ်ကို ခံစားနေရသည့် မြို့တစ်မြို့ဖြစ် သည်။

TT
Democracytoday‬

No comments:

Post a Comment