Thursday 21 May 2015

ဘတ်ဂျက်ငွေချထားမှုနည်းပါးခြင်းကြောင့် ပျူခေတ်ရှေးဟောင်း အသုံးအဆောင် ပစ္စည်းများနှင့် လက်ဝတ်ရတနာများ တူးဖော်ထိန်းသိမ်းရာတွင် ဆုံးရှုံးမှုများဖြစ်ပေါ်နေဟုဆို

ပျူခေတ်ရှေး ဟောင်းအသုံးအဆောင်ပစ္စည်းများ နှင့်လက်ဝတ်ရတနာများကို တူးဖော် ထိန်းသိမ်းရာတွင် ဘတ်ဂျက်ငွေချထားမှုနည်းပါးခြင်းကြောင့် ဆုံးရှုံးမှု များဖြစ်ပေါ်နေကြောင်း သိရသည်။

ရှေးဟောင်းပစ္စည်းများကို ထိန်းသိမ်းရန်အတွက် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ ဘတ်ဂျက်ချထားမှုမှာ သိန်းရာဂဏန်းသာရှိပြီး အမှန်တကယ်လိုအပ်သည်မှာ သိန်းသောင်း ချီသည့်အတွက်အများပြည်သူမှလှူ ဒါန်းခြင်းများပြုလုပ်သင့်ကြောင်း ရှေးဟောင်းသမိုင်းသုတေသနပညာရှင် ဦးဘုန်းတင့်ကျော်က ပြောသည်။

''ပျူခေတ်လက်ဝတ်ရတနာတွေနဲ့ပတ်သက်ပြီး တူးဖော်ထိန်းသိမ်းလေ့လာဖို့ အများကြီးကျန်ရှိနေ သေး တယ်။ ဒါပေမဲ့ ဌာနအနေနဲ့က ဒီအတွက်ကို သိန်းရာဂဏန်း လောက်ပဲချပေးနိုင်တယ်။ ဆရာတို့ နိုင်ငံမှာ သူဌေးကြီးတွေ၊ သူဌေးလေး တွေရှိပေမယ့် လှူရကောင်းမှန်းမသိဘူး။ ဒါတွေကို တူးဖော်ဖို့ နောက်ကျ တဲ့အခါ မသမာသူတွေကြောင့် ဆုံးရှုံးသွားရတာတွေ ရှိတယ်''ဟုယင်းကဆက်လက်ပြောသည်။

ပျူခေတ်အသုံးအဆောင်ပစ္စည်း များနှင့်လက်ဝတ်ရတနာများကို ပျူခေတ်သချုØင်းများနှင့်အရိုးအိုးများ သာထားသော ပျူခေတ်သချိုင်္င်းတိုက် အဆောက်အအုံအုတ်ကုန်းပျက်အချို့နှင့်ပျူခေတ်မြို့ဟောင်း နယ် မြေ များတွင် တွေ့ရှိလေ့ရှိပြီး နှစ်စဉ်တ ရားမဝင်တူးဖော်မှုများကြောင့် ပျက်စီးဆုံးရှုံးမှု များဖြစ်ပေါ်လျက် ရှိကာ အထောက်အထားဆုံးရှုံးခြင်းနှင့်ဗိသုကာလက်ရာဆုံး ရှုံးကြောင်း သိရသည်။

ပျူခေတ်သချိုင်္င်းများမှာ မြေ ဧကများစွာကျယ်သည့်အတွက် တူးဖော်ရေးလုပ်ငန်းတွင် အလုပ်သမား အင်အား များစွာလိုအပ်ပြီး ထို ကုန်ကျစရိတ်များအတွက် ဌာနမှချ ပေးသည့်ဘတ်ဂျက်မှာ မလုံလောက် သလိုယူနက်စကိုမှလည်း အဆောက် အအုံထိန်းသိမ်းမှုများအတွက်သာ ကူညီထောက်ပံ့ခြင်းကြောင့် ထိုလက် ဝတ်ရတနာများအတွက် ပြည်သူများ မှတန်ဖိုးထားကာလှူဒါန်းခြင်းများ ပြုလုပ်သင့်ကြောင်း ယင်းက ဆက် လက်ဆိုသည်။

''ကျွန်တော်တို့တစ်နှစ်တစ်နှစ် တူးဖော်ထိန်းသိမ်းဖို့အတွက် လုံ လောက်တဲ့ ဘတ်ဂျက်မချပေးနိုင် ဘူးဆိုတာမှန်ပါတယ်။ တိုင်းဒေသ ကြီးနဲ့ပြည်သူတွေက ရန်ပုံငွေလှူ ဒါန်းပေးတာမျိုးရှိရင်တော့ ကောင်းပါတယ်။ အခုကျွန်တော်တို့ကပြည် ထောင်စုဘတ်ဂျက်နဲ့ဆောင်ရွက်နေရတာပါ။ နိုင်ငံဘဏ္ဍာငွေအကုန် အကျနည်းအောင် မြေပေါ်အထောက် အထားတွေ စမ်းသပ်ကျင်းတွေတူး ပြီးတော့မှ တူးဖော်ရေးအတွက်ကို လုပ်ကိုင်နိုင်တာပါ။ ဘတ်ဂျက်အနေ နဲ့တော့ တစ်နှစ်ကို သိန်းတစ်ရာနဲ့ တစ်ရာ့ငါးဆယ်ကြား ချပေးပြီး အဲဒီ ငွေကြေးနဲ့ဆောင်ရွက်ပါတယ်''ဟု ဟန်လင်းပျူမြို့ဟောင်းမှ လက် ထောက်ညွှန်ကြားရေးမှူးဦးမြင့်သန်း က ပြောသည်။

ထို့အပြင်တရားမဝင်တူးဖော် မှုများအတွက် ရှေးဟောင်းသုတေ သနဌာနအနေဖြင့် ဆောင်ရွက်ရန် ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၄ခု တွင် ဌာနခွဲများ၊ ဌာနစုများရှိသော် လည်း လူအင်အားနည်းပါးခြင်းနှင့် ဒေသကျယ်ပြန့်ခြင်းများကြောင့် ဒေ သခံအာဏာပိုင်အဖွဲ့အစည်းများမှ အကြောင်းကြားမှုများရှိမှသာ ဆောင် ရွက်နိုင်သည့်အတွက် ရှေးဟောင်း သုတေသနဌာနသို့ ထိထိရောက် ရောက်အကြောင်းကြားရန် လိုအပ် ကြောင်း ယူနက်စကိုမှ တူးဖော် ထိန်းသိမ်းမှုအားလုံးအတွက် ငွေ ကြေးထောက်ပံ့ မှုများမပေးသော် လည်း နည်းပညာပိုင်းဆိုင်ရာအ ကူအညီများပေးကာ သင်တန်းများ ပို့ချပေးလျက်ရှိကြောင်း ယင်းက ဆက်လက်ပြောသည်။

ပျူခေတ်လက်ဝတ်ရတနာများ နှင့်အသုံးအဆောင်ပစ္စည်းများမှာ အလွန်လက်ရာမြောက်စွာပြုလုပ် ထားပြီး တန်ဖိုးကြီးမားသလိုပျူခေတ် လက်ရာ ကြေးရုပ်လေးရုပ်မှာလည်း ပြည်သရေခေတ္တရာရှေးဟောင်းသုတေ သနပြတိုက်မှ ခိုးယူခြင်းခံခဲ့ရပြီး ၁၆နှစ်ကြာမှ မြန်မာနိုင်ငံသို့ပြန်လည် ရောက်ရှိခဲ့ခြင်းဖြစ်ကာ ရှေးဟောင်းလက်ရာအမွေအနှစ်ပစ္စည်းများမှာထိုကဲ့သို့တရားမဝင်နည်းလမ်းများ ဖြင့် ပြည်ပနိုင်ငံများသို့ ရောက်ရှိနေ ကြောင်း သိရသည်။

MTZ
Democracytoday‬

No comments:

Post a Comment