Thursday 21 May 2015

ဘန်ကောက်တွင် ကျင်းပမည့် လှေပေါ်မှ ရွှေ့ပြောင်းအခြေချသူများ အရေးအစည်းအဝေး မြန်မာတက်ရောက်မည်

မွတ်စလင်နိုင်ငံများသို့ လှေများဖြင့် ထွက်ပြေးကြသည့် ထောင်ပေါင်းများစွာသော ရွှေ့ပြောင်းအခြေစိုက်သူ များ ပြဿနာ ကိုင်တွယ်ဖြေရှင်းရေးအတွက် ဘန်ကောက်တွင် ကျင်းပမည့် အစည်းအဝေးသို့ မြန်မာနိုင်ငံ က သဘောထားပြောင်းလဲ၍ တက်ရောက်ဖြစ်ဖွယ်ရှိကြောင်း အေပီသတင်းက မေ ၂၀ တွင်ပြောသည်။

မေ ၂၉ ရက်တွင် ကျင်းပမည့် အဆိုပါအစည်းအဝေးသို့ ဖိတ်ကြားခြင်းကို မြန်မာဖက်က လက်ခံကြောင်း ထိုင်းလက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမူဝင်နိုင်းကပြောသည်။ အဆိုပါ ရေမြေကမ်းတင် ရွှေ့ ပြောင်းသူများ ပြဿနာသည် မြန်မာနိုင်ငံမှ ပြဿနာရင်းမြစ် မဟုတ်ကြောင်းပြောလျက် နေပြည်တော်က တွေ့ဆုံမှုသို့တက်ရောက်ရန် အစက တွန့်ဆုတ်နေခဲ့သည်။

ရိုဟင်ဂျာဟု ဘာသာပြောဆိုသတ်မှတ်ထားသည့် မွတ်စလင်များနှင့် ဘင်္ဂလီများ ထောင်ပေါင်းများစွာက ရွှေ့ပြောင်းအခြေချရန် ပင်လယ်ကို ဖြတ်နေကြရာ ဒေသအတွက် အဓိက ပြဿနာကြီးဖြစ်နေသည်။

"ကျွန်တော်တို့အားလုံးအတူတကွ ဒီပြဿနာကို ဘယ်လိုဖြေရှင်းမလဲဆိုတာ ဝိုင်းစဉ်းစားကြမှာဖြစ်ပါတယ်။” ဟု မြန်မာနိုင်ငံခြားရေး ဒုတိယဝန်ကြီး ဦးသန့်ကျော်က ပြောခဲ့သည်။

ရေမြောကမ်းတင်ရွှေ့ပြောင်းသူများကို မလေးရှားနှင့် အင်ဒိုနီးရှားတို့က လက်ခံရန်ငြင်းဆန်လျက်ရှိရာမှ သဘောထား ပြောင်းလဲပြီးနောက်တွင် မြန်မာနိုင်ငံအစည်းအဝေးသို့ တက်ရောက်ဖွယ်ရှိသည့် သတင်း ထွက်ပေါ် လာခြင်းဖြစ်သည်။

Mizzima - News in Burmese​ 

No comments:

Post a Comment