Thursday 21 May 2015

လက်နက်ကြီးကျည်ကျရောက်မှု စုံစမ်းပေးရန် မြန်မာအစိုးရကို တရုတ်တောင်းဆို

လက်နက်ကြီးကျည်ကျရောက်ပြီးနောက် တရုတ်နယ်စပ်တွင် လုံခြုံရေးနှင့် သူနာပြုလုပ်ငန်းများ ဆောင် ရွက်နေစဉ်
မြန်မာနိုင်ငံဘက်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ဆန်များ ကျရောက်ပေါက်ကွဲမှုအတွက် တိတိ ကျကျ အဖြေထွက်ပေါ်စေရေး စုံစမ်းစစ်ဆေးပေးရန် တရုတ်အစိုးရက မေလ ၂၀ ရက်တွင် တောင်းဆို လိုက်သည်။

ပြီးခဲ့သည့် သီတင်းပတ်က တရုတ်နိုင်ငံ  အနောက်တောင်ပိုင်း ယူနန်ပြည်နယ်တွင် လက်နက်ကြီး ကျည် ဆန်ကျရောက်ပေါက်ကွဲခဲ့ပြီး လူငါးဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း တရုတ်မီဒီယာများက ဖော်ပြခဲ့သည်။

သို့သော် မေလ ၁၈ ရက်က နေပြည်တော်တွင် မြန်မာ့တပ်မတော်အကြီးအကဲများနှင့် တရုတ်နိုင်ငံ သံ အမတ်ကြီး၊ တရုတ်စစ်သံမှူးတို့တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လက်နက်ကြီးကျည် ကျ ရောက် ပေါက်ကွဲမှုများသည် မြန်မာ့တပ်မတော် စစ်ကြောင်းများ၏ ပစ်ခတ်မှုလုံးဝမဖြစ်နိုင်ကြောင်း ငြင်း ဆိုခဲ့သည်။

ရန်သူ့တောင်ကုန်း၏ အနေအထား၊ မိမိတပ်များ၏ တိုက်ခိုက်မှု အရပ်မျက်နှာအနေအထား၊ လက်နက်ကြီး ပစ်ခတ်မှု လမ်းကြောင်းအခြေအနေနှင့် အကွာဝေးတို့အရ တရုတ်အစိုးရမှအသိပေးအကြောင်းကြားလာ သည် နမ်စန်မြို့တွင်းသို့ ကျည်ကျ ရောက်မှုမှာ မိမိတပ်မတော်စစ် ကြောင်းများ၏ ပစ်ခတ်မှု လုံးဝမဖြစ်နိုင် ပါကြောင်း ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်က ပြောကြား ခဲ့ခြင်းဖြစ်သည်။

မြန်မာနှင့် တရုတ်နယ်စပ်ဒေသတွင် အစိုးရစစ်တပ်နှင့် ကိုးကန့်တိမ်းရှောင် တပ်ဖွဲ့များကြား တိုက်ပွဲများ ဖြစ်ပွားနေဆဲ ဖြစ်သည်။

‘‘မကြာသေးမီက မြန်မာ ဘက်က ပစ်ခတ်လိုက်တဲ့ လက် နက်ကြီးကျည်ဆန် ကျရောက် ပေါက်ကွဲမှုကြောင့် တရုတ်ပြည် သူတွေ ထိခိုက်ဒဏ်ရာရခဲ့တဲ့ ကိစ္စအပေါ် အစိုးရအနေနဲ့ အလေးအနက်ထားပြီး  ကိုင်တွယ်နေ ပါတယ်’’ ဟု တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ ဟောင်လီက က ဆိုသည်။

၎င်းက မြန်မာအစိုးရ အနေဖြင့် ဖြစ်ရပ်အတွက် တာဝန်ယူဖြေရှင်းရန် တောင်းဆိုခဲ့ပြီးနောက် ထပ် အလား တူ အခြေအနေမျိုးမှ ရှောင်လွှဲနိုင်ရန်လိုအပ်သော စံနှုန်းသတ်မှတ်ချက်များ လုပ်ဆောင်ရန် တိုက်တွန်း ခဲ့သည်။

ပဋိပက္ခများအတွင်း လူ ပေါင်း ၆၀,၀၀၀ ခန့်သည် တရုတ် နိုင်ငံဘက် ထွက်ပြေးတိမ်းရှောင် ခဲ့သော်လည်း ပြီးခဲ့သည့်လက နေရပ်သို့ အတော်များများ ပြန်လည်ရောက်ရှိလာကြောင်း ကုလသမဂ္ဂ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် သီတင်းပတ်က မြန်မာဘက်မှ လက်နက်ကြီးကျည်ဆန်များ နယ်စပ်ဖြတ်ကျော် ကျရောက်လာပြီး တရုတ်နိုင်ငံသားများ ထိခိုက်ဒဏ်ရာရမှု အပေါ် နှစ်နိုင်ငံ ပူးပေါင်းစုံစမ်းနေကာ ရလဒ်ကို တရုတ်အစိုးရက စောင့်ဆိုင်းနေကြောင်း ဟောင်က ပြောကြားခဲ့သည်။

မတ်လ အတွင်းကလည်း ယူနန်တွင် လမ်းလွဲလာသည့် ဗုံးတစ်လုံး ကျရောက်မှုကြောင့် တရုတ်နိုင်ငံသား ငါးဦး သေဆုံးခဲ့မှုအတွက် တရုတ်အစိုးရက မြန်မာကို ပြင်းပြင်းထန်ထန် ဖိ အားပေး ကန့်ကွက်ခဲ့ဖူးသည်။

မေလ ၁၄ ရက်ကမူ မြို့ ငယ်လေးတစ်ခုဖြစ်သည့် လင်ကန်အနီးတွင် မြန်မာဘက်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျည်ဆန်များ ကျရောက် ပေါက်ကွဲရာ လူငါးဦး ဒဏ်ရာရပြီး အိမ်လေးလုံးနှင့် မော်တော် ယာဉ်သုံးစီး ထိခိုက်ပျက်စီးခဲ့သည်။

တရုတ်အစိုးရက မြန်မာစစ်တပ်၏ လက်နက်များ တရုတ်ဘက်ကျရောက်မှု မရှိအောင်ထိန်းသိမ်းရန် အစဉ်တစိုက် ဖိအားပေး တောင်းဆိုနေသော်လည်း ကိုးကန့်တိမ်းရှောင် တပ်ဖွဲ့များ တရုတ်နယ်စပ်အနီး ခြေကုပ်ယူထားခြင်းက ပြဿနာတစ်ရပ် ဖြစ်နေသည်။

ဧပြီလတွင် မြန်မာပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ကိုးကန့်တိမ်းရှောင် တပ်ဖွဲ့များသည် နယ်နိမိတ် ဧရိယာနှင့် မီတာ ၅၀၀ မျှ အကွာထိ နီးနီးကပ် ကပ်ခြေကုပ်ယူထားကြောင်းသိရှိရသည်။

—Ref: Reuters
7Day DAILY 

No comments:

Post a Comment