Sunday 26 April 2015

ပန်ဆန်းဆွေးနွေးပွဲသို့ KIO/KIA ထိပ်တန်းခေါင်းဆောင်သုံးဦးတက်မည်

‘၀’ ပြည်သွေးစည်းညီ ညွတ်ရေးပါတီ/တပ်မတော် (UWSP/UWSA) ဌာနချုပ် ပန်ဆန်း (ပန်းခမ်း)တွင်ပြုလုပ်မည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တွေ့ ဆုံဆွေးနွေးပွဲသို့ ကချင်လွတ်မြောက်ရေးအဖွဲ့/တပ်မတော် KIO/KIAဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့် စစ်ဦးစီးချုပ်တို့ တက်ရောက်မည်ဖြစ်ကြောင်း ဒုစစ်ဦးစီးချုပ်က အတည်ပြုသည်။

‘‘ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနဲ့ စစ်ဦးစီး ချုပ်တို့ တက်ပါလိမ့်မယ်။ ကျွန် တော်တော့မတက်ပါဘူး’’ဟု ကေအိုင်အေ ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်က ပြောသည်။

လာမည့် သောကြောနေ့ တွင် ပြုလုပ်မည့် ပန်ဆန်းအစည်းအဝေးသို့ ကေအိုင်အို ဥက္ကဋ္ဌ ဇောင်းဟရား၊ ဒုဥက္ကဋ္ဌဗိုလ်ချုပ်အင်ဘန်လ၊ ကေအိုင်အေစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂမ်ရှောင်တို့ တက်ရောက်ကြမည်ဖြစ်သည်။

မေလ ၁ရက်မှ စတင်၍ သုံး ရက်ကြာ ပြုလုပ်မည့် အစည်းအ ဝေးတွင်ပါဝင်ရန် UWSP/UWSA က ၎င်းကိုယ်တိုင်အပါအ၀င် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့စုစု ပေါင်း ၁၂ဖွဲ့သာ ကန့်သတ် ဖိတ်ကြားခဲ့သည်။ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၏ ခေါင်းဆောင် များ ပန်းခမ်းမြို့တွင် တွေ့ဆုံဆွေးနွေးပွဲဟု ခေါင်းစဉ်တပ်ထားသည့် ထိုတွေ့ဆုံပွဲမှာ တစ်နိုင်ငံလုံးအ

ပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA မူကြမ်းကို နောက်ဆုံးအကြိမ် သုံးသပ်မှုပြုကြမည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအားလုံး ပါဝင်သော ထိပ်သီးညီလာခံ မတိုင်မီထွက်ပေါ်လာခြင်းဖြစ်သည်။ NCA ရရှိရေး အစိုးရနှင့်ညှိနှိုင်းရေးဆွဲနေသူ NCCTအနေဖြင့် ဧပြီလကုန်ရက်တွင် အစည်းအဝေးတစ်ရပ်ကျင်းပကာ မေလတွင်း၌ အားလုံးပါဝင်သော ထိပ်သီးညီ လာခံကျင်းပရန် စီစဉ်ထားသည်။

ပန်ဆန်းအစည်းအဝေး သည် NCCT လမ်းစဉ်မှ ဖယ်၍သွားနေကြောင်း ဝေဖန်မှုများရှိနေသော်လည်း ယခုပန်ဆန်းအစည်းအဝေးကြောင့် NCCT အစည်းအဝေးအပေါ် သက်ရောက်မှုမရှိကြောင်း ကေအိုင်အေဒုစစ်ဦးစီးချုပ်က ဆိုသည်။

‘‘မရှိနိုင်ပါဘူး။ NCCT Summit ကိုလည်း သီးသန့်ဆက် လုပ်သွားမှာပါ’’ဟု NCCT ဒုတိယ ခေါင်းဆောင်ဗိုလ်ချုပ်ဂွန်မော်က ပြောသည်။

ကေအိုင်အေကို မြန်မာနိုင်ငံ ၏ ဒုတိယအင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အဖြစ် အသိအမှတ်ပြုထားကြပြီး လေ့လာသုံးသပ်သူများ၏ ခန့်မှန်း စာရင်းများအရ အင်အား တစ် သောင်းကျော်ခန့်ရှိသည်။

တစ်ချိန်တည်းမှာပင် ကရင် အမျိုးသားအစည်းအရုံး (KNU) ဒုဥက္ကဋ္ဌ ဖဒိုနော်စီဖိုးရာစိန်၊ အ ထွေထွေအတွင်းရေးမှူး ဖဒိုစော ကွယ်ထူးဝင်း၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ဒုစစ်ဦးစီးချုပ် ဒုဗိုလ် ချုပ်ကြီး ဘောကျော်ဟဲတို့ဦး ဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ လည်း ပန်ဆန်းအစည်းအဝေးသို့ တက်ရောက်မည်ဖြစ်ကြောင်း ဧပြီ ၂၅ရက်က ပြုလုပ်ခဲ့သည့် ကေအင်န်ယူ ဗဟိုအမြဲတမ်း ကော်မတီအစည်းအဝေးဖြင့် ဆုံး ဖြတ်ခဲ့ကြောင်း သိရသည်။

ပန်ဆန်းအစည်းအဝေးတွင် လက်ရှိနိုင်ငံ၌ ဖြစ်ပွားနေသည့် နိုင်ငံရေးအခြေအနေ၊ ငြိမ်းချမ်း ရေးစသည့် ကိစ္စရပ်များကို ဆွေး နွေးကြမည်ဖြစ်ပြီး NCA အရေး ကိုလည်း ဆွေးနွေးရန်ရှိကြောင်း၊ ယခုအစည်းအဝေးအတွက် အစိုး ရကို မတ်လကတည်းကပင် သတင်းပို့ထားပြီးဖြစ်သလို အစိုး ရကလည်း လက်ခံကြောင်း UWSP/ UWSA ပြောရေးဆိုခွင့် ရှိသူ ဦးအောင်မြင့်က ပြောသည်။

UWSAက ဖိတ်ကြားသော လက်နက်ကိုင်အဖွဲ့၁၁ဖွဲ့တွင် အစိုးရတပ်မတော်နှင့် တိုက်ပွဲများဖြစ်ပွားလျက်ရှိသည့် ကိုးကန့်လက်နက်ကိုင်အဖွဲ့ဖြစ်သော မြန်မာ အမျိုးသားဒီမိုကရေစီမဟာ မိတ်တပ်မတော် (MNDAA) လည်း ပါဝင်သည်။

အစိုးရနှင့်လက်ရှိတိုက်ပွဲ ဖြစ်ပွားလျက်ရှိသည့် ကိုးကန့် MNDAA အဖွဲ့ ဖိတ်ကြားထားပြီး၊ MNDAAကလည်း တက်ရောက် မည်ဟု အကြောင်းပြန်ထား ကြောင်း UWSA ပြောခွင့်ရပုဂ္ဂိုလ် က ဆိုသည်။

7Day DAILY 

No comments:

Post a Comment